ďťż
Monday, 21 August 2017 06:43

river gallery
ဒီတစ်ပတ်မှာတော့ ရန်ကုန်မြို့မှာ ပန်းချီပြပွဲ၊ ဓာတ်ပုံပြပွဲ စသည်ဖြင့် ပြပွဲလေးတွေ ခင်းကျင်းပြသလေ့ရှိတဲ့ Gallery တွေအကြောင်းကို စုစည်းဖော်ပြလိုက်ပါတယ်။

River Gallery
River Gallery က ၃၇လမ်းမှာ ရှိတာဖြစ်ပြီး  Awards တွေလည်း ရရှိထားတဲ့ Gallery တစ်ခု ဖြစ်ပါတယ်။ မြို့ထဲမှာပဲ ရှိတာဖြစ်လို့ သွားလာရလွယ်ကူပြီး Contemporary Artist တွေရဲ့ ပြပွဲတွေကို River Gallery မှာ ကြည့်ရှုနိုင်ပါတယ်။ River Gallery မှာ ပြသထားခဲ့ဖူးတဲ့ Artist တွေရဲ့ အနုပညာလက်ရာတွေကိုလည်း River Gallery website မှာ စုစည်းပေးထားလို့ အလွယ်တကူ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ သိပ်မကြာသေးခင်ကပဲ Artist အာကာကျော်ရဲ့ Solo Exhabition ၊ Artist ထိန်လင်းရဲ့ Signs of the Times တွေကို ပြသခဲ့ပါတယ်။ River Gallery ကို မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
River Gallery
အမှတ် ၃၃/၃၅ ၊ ၃၇လမ်း၊ ရန်ကုန် ။
ဖုန်း - ၀၁ ၃၇၈၆၁၇
gallery 65new
Gallery 65
Gallery 65 က ယောမင်းကြီးလမ်းထဲမှာ ရှိတာဖြစ်ပြီး မြို့ထဲနဲ့လည်း နီးလို့ သွားလာရ လွယ်ကူပါတယ်။ Gallery 65 မှာ အနုပညာနဲ့ ဆိုင်တဲ့ ဓာတ်ပုံ၊ ပန်းချီ၊ စာအုပ်၊ Seminar၊ Work shop တွေကို ကျင်းပလေ့ရှိပါတယ်။ တခြား Service တွေအနေနဲ့ Catering Service နဲ့ Design၊ Printing နဲ့  Production Service တွေကိုပါ ၀န်ဆောင်မှုပေးနေပါတယ်။ Artist Kyu Kyu ရဲ့ Since 05 ပြပွဲကိုလည်း Gallery 65 မှာ ပြသခဲ့ပါတယ်။ Gallery 65 ကို မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
Gallery 65
အမှတ် ၆၅ ၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်။
ဖုန်း - ၀၁ ၂၄၆၃၁၇
yangongallery
The Yangon Gallery
The Yangon Gallery ကတော့ ပြည့်သူရင်ပြင် နက္ခတ်တာရာပြခန်းအနီးမှာ ရှိတဲ့ Gallery တစ်ခုပါ။ သွားလာရ လွယ်ကူပြီးတော့ ရွှေတိဂုံဘုရားအနီးဝန်းကျင်မှာပဲ ရှိပါတယ်။ The Yangon Gallery မှာဆိုရင် များသောအားဖြင့် Art Exhabition တွေ ဖြစ်တဲ့ ဓာတ်ပုံပြပွဲ၊ ပန်းချီပြပွဲ၊ ပန်းပုပြပွဲ၊ စာအုပ်မိတ်ဆက်ပွဲနဲ့  Seminars တွေကို ပြုလုပ်လေ့ရှိပါတယ်။ ဘေးမှာ CafĂŠ လည်း ရှိလို့ ပြပွဲ လာရင်း ကော်ဖီသောက်လို့လည်း ရတာပေါ့နော်။ မကြာသေးခင်ကပဲ Artist နှစ်ယောက်ရဲ့ "In Mind Sculpture Show " လို့ အမည်ပေးထားတဲ့ ပန်းပုပြပွဲကို ပြသခဲ့ပြီး ၀င်းဖေရဲ့ “ရုပ်ရှင်ဝတ္ထုနှင့် ဇာတ်ညွှန်းများ” စာအုပ်မိတ်ဆက်ပွဲနဲ့ The First Exhibition of Myanmar Graphic Design Association ကိုလည်း ဇူလိုင် ၂၉ ရက်ကနေ ၃၁ ရက်အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ The Yangon Gallery ကို မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
The Yangon Gallery
ပြည်သူ့ရင်ပြင်၊ နက္ခတ်တာရာပြခန်းအနီး၊ အလုံလမ်း၊ ဒဂုံမြို့နယ်။
ဖုန်း - ၀၁ ၃၇၀၁၇၈
cloud 31
Cloud 31 Gallery
Cloud 31 Gallery ကတော့ ၃၁လမ်းမှာ ရှိတာဖြစ်ပြီး ပန်းချီ၊ ဓာတ်ပုံပြပွဲတွေအပြင် စာအုပ်မိတ်ဆက်ပွဲ၊ တေးစီးရီးမိတ်ဆက်ပွဲတွေပါ ကျင်းပလေ့ရှိပါတယ်။ Cloud31 Gallery ကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
Cloud31 Gallery
အမှတ် ၄၉/၅၀၊ ပထမထပ်၊ ၃၁လမ်း၊ ရန်ကုန်။
ဖုန်း - ၀၉ ၅၁၀၄၂၃၁
New Treasure Art Gallery 1
New Treasure Art Gallery
New Treasure Art Gallery မှာ  ပန်းချီပြပွဲတွေ ဓာတ်ပုံပြပွဲတွေ စာအုပ်မိတ်ဆက်ပွဲတွေ တေးစီးရီးမိတ်ဆက်ပွဲတွေ၊ နာမည်ကျော် အနုပညာဆရာကြီးတွေရဲ့ အောက်မေ့သတိရပွဲ အခမ်းနားတွေ စတဲ့ အနုပညာနဲ့ပတ်သက်တဲ့ ပွဲမှန်သမျှကို ကျင်းပလေ့ရှိပါတယ်။ လာမယ့် နိုဝင်ဘာလထဲမှာလည်း ပန်းချီဆရာကြီးဦသုခကို ရည်စူးကန်တော့ပွဲနဲ့ အမှတ်တရပန်းချီပြပွဲကို New Treasure Art Gallery မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။ New Treasure Art Gallery ကိုတော့ မနက် ၉ နာရီကနေ ည ၆ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါတယ်နော်။
New Treasure Art Gallery 
အမှတ်၈၄/က၊ သံလွင်လမ်း၊ ရွှေတောင်ကြား၊ ဗဟန်းမြို့နယ်။                  
ဖုန်း- ၀၁၅၂၆၇၇၆

သီသီဟန်သောင်း
Read More About Best of Yangon Aarticles Here


Read times Last modified on Friday, 25 August 2017 04:00
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.