Wednesday, 09 August 2017 06:22

awin
ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ အ၀င်း အ၀င်းနဲ့ အမျိုးသမီးကြီးငယ်တို့ရဲ့ ၀န်းရံခြင်းခံနေရတဲ့ မြန်မာနိုင်ငံဖွား ဂျပန်နိုင်ငံရဲ့ J-Pop အဆိုတော် မိုရီဆာကီဝင်းက မြန်မာပြည် ပရိသတ်တွေအတွက် One Men Show လုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။
“မြန်မာပြည်အတွက် ကျွန်တော့်မှာ ရည်မှန်းချက် တစ်ခုရှိတယ်။ ကျွန်တော်တို့ Group နဲ့ One Men Show လုပ်ပေးချင်တယ်။ ဘယ်တော့လောက် လုပ်ဖို့ မှန်းထားလည်းဆိုရင် မနက်ဖြန်လုပ်လို့ ရရင် မနက်ဖြန် ချက်ချင်းလုပ်ချင်တာ။ မြန်လေကောင်းလေပါပဲ” လို့ မိုရီဆာကီဝင်း(ခေါ်) အ၀င်းက ပြောပါတယ်။ သူဟာ မြန်မာပြည်မှာ ၁၀ နှစ်သားအရွယ်ထိ အဖွားနဲ့ နေထိုင်ခဲ့ပြီးမှ ဂျပန်နိုင်ငံကို ပြောင်းရွှေ့သွားခဲ့တာပါ။ လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ Prizmax ဆိုတဲ့အမည်နဲ့ ဖွဲ့ထားတဲ့ J-Pop အဖွဲ့မှာ ပင်တိုင်အဆိုတော်လည်း ဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကို အားပေးကြတဲ့ မြန်မာပြည်က ပရိသတ်တွေအတွက်ကိုလည်း “ကျွန်တော့်ကို အရမ်းဝေးတဲ့ နေရာကနေ အားပေးတဲ့အတွက်ကို အရမ်းကိုကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်တော် မြန်မာတစ်ယောက်အနေနဲ့ ကြိုးစားရတဲ့အခါ သူတို့ရဲ့အားပေးမှုက အရမ်းအားဖြစ်ပါတယ်။ ရှေ့ဆက်လည်း အားပေးဖို့အတွက် ကျွန်တော် မေတ္တာရပ်ခံပါတယ်” လို့ ပြောခဲ့ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ သြဂုတ်လ ၃၀ ရက် မှာ သူတို့အဖွဲ့ရဲ့ အဌမမြောက် Single ခွေ ထုတ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျပန်မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်ရိုက်ကူးမယ့် ဇာတိမြေရုပ်ရှင်ကားကြီးမှာလည်း ရန်အောင်၊ အောင်ရဲလင်း၊ ၀တ်မှုံရွှေရည်တို့နဲ့ အတူ သြဂုတ်လ ၁၆ ရက်နေ့မှာ စတင်ရိုက်ကူးတော့မှာပါ။

Read More About Celebrity Interviews Here


Read 473 times Last modified on Wednesday, 09 August 2017 06:31
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.