Monday, 07 August 2017 11:01

samsung
Samsung Myanmar မှ Title Sponsor အဖြစ် ကူညီပံ့ပိုးထားသော Galaxy Star သီချင်းဆိုပြိုင်ပွဲမှ နောက်ဆုံး အဆင့်ပြိုင်ပွဲဝင် ၁၀ ဦးဟာ ကိုရီးယားနိုင်ငံမှာ တတ်ကျွမ်းတဲ့ နာမည်ကျော်ပညာရှင်တွေရဲ့ သုံးပတ်တာ လေ့ကျင့်သင်ကြားမှုတွေ ခံယူပြီး မြန်မာနိုင်ငံဆီ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် 6 ရက်နေ့ကလည်း Junction City ဈေးဝယ်စင်တာရဲ့ ပရိုမိုးရှင်းဧရိယာမှာ သူတို့ရဲ့ ပရိသတ်တွေနဲ့ တရင်းတနှီးတွေ့ဆုံ လက်မှတ်ရေးထိုးခဲ့ပြီး ပျော်စရာဂိမ်းအစီအစဉ်တွေကိုလည်း အတူတကွ ကစားခဲ့ကြပါတယ်။
“ဒီလို တမူထူးခြားတဲ့ World Star Searching တီဗီအစီအစဉ်ကို title စပွန်ဆာအဖြစ် ပံ့ပိုးပေးနေတဲ့ ကျွန်တော်တို့ Samsung Myanmar အနေနဲ့ အခုလို အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ နီးကပ်လာပြီဖြစ်တဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ၁၀ ဦးအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ Galaxy Star အစီအစဉ်က သီချင်းဆိုပြိုင်ပွဲ သက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးက အရည်အချင်းပြည့်ဝတဲ့ လူငယ်အဆိုပညာရှင်တွေကို ရှာဖွေဖော်ထုတ်ပေးတဲ့ ပထမဆုံး အစီအစဉ်တစ်ခုဖြစ်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT and Mobile ဖြစ်တဲ့ ကိုဇာနည်ဝင်းထက်က ဆိုပါတယ်။
samsung1

“ပြိုင်ပွဲဝင်တွေအနေဲ့ အခုလိုမျိုး အဆိုပညာတင်မဟုတ်ဘဲ စင်မြင့်တင်ဆက်မှုပိုင်းဆိုင်ရာမှာပါ သိသိသာသာ တိုးတက် ပြောင်းလဲလာတာကို တွေ့ရတဲ့အတွက်လည်း အရမ်းကိုပဲ ဂုဏ်ယူဝမ်းသာမိပါတယ်။ ကြည့်ရှုသူပရိသတ်တွေအနေနဲ့လည်း ကမ္ဘာ့စင်မြင့်ထက်မှာ ထွန်းတောက်လာမယ့် မြန်မာနိုင်ငံက ငွေကြယ်ပွင့်တစ်ဦးကို မကြာခင်အချိန်အတွင်းမှာ ဒီအစီအစဉ်ကနေ ထွက်ပေါ်လာမှာဖြစ်တဲ့အတွက် အားလုံး ရင်ခုန်စိတ်လှုပ်ရှားနေကြမယ်လို့လည်း ယုံကြည်ပါတယ်။ Namin အနေနဲ့လည်း အခုလို အရည်အချင်းရှိတဲ့ လူငယ်လေးတွေရဲ့ ပုန်းကွယ်နေတဲ့အရည်အချင်းတွေကို ရှာဖွေ ဖော်ထုတ်ပြီး သေသေချာချာ ပြုစုပျိုးထောင်ပေးခွင့်ရတဲ့အတွက်လည်း တကယ့်ကိုဝမ်းမြောက်မိပါတယ်” လို့ Galaxy Star အစီအစဉ်ကို စီစဉ်ထုတ်လုပ်ရိုက်ကူးနေတဲ့ Namin Entertainment ရဲ့ Marketing Director, Samuel Sengwon Kang က ပြောပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမယ့် နောက်ဆုံးအဆင့် ၄ ဆင့်ကို သြဂုတ်လ 11 ရက်နေ့က စလို့ အပတ်စဉ် သောကြာနေ့တိုင်း MRTV 4 မှာ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပြီး အကဲဖြတ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်အပါအ၀င် ကြည့်ရှုသူပရိသတ်တွေရဲ့ မဲပေးဆုံးဖြတ်ချက်တွေကိုပါ ထည့်သွင်းအဆုံးအဖြတ်ပြု ရွေးချယ်သွားမယ်လို့ သိရပါတယ်။ နောက်ဆုံး အဆင့်ရွေးချယ်မှုမှာ အကဲဖြတ်ဒိုင်တွေရဲ့ အကဲဖြတ်အမှတ် ၅၀ ရာခိုင်နှုန်းနဲ့ ပရိသတ်တွေရဲ့ ရွေးချယ်မဲ ၅၀ ရာခိုင်နှုန်း ပါဝင်မှာပါ။  ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့ Ooredoo ဆင်းမ်ကဒ်နဲ့ စာတိုပေးပို့ မဲပေးနိုင်မယ်လို့ ဆိုပါတယ်။ မဲဘယ်လို ပေးရမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ Ooredoo Myanmar က ထပ်မံ ကြေညာ ပေးပါမယ်တဲ့။
နောက်ဆုံး အနိုင်ရရှိသူ (Grand Winner) ကို  ဆုကြေးငွေ မြန်မာငွေကျပ် သိန်း တစ်ထောင် (၁၀၀,၀၀၀,၀၀၀ ကျပ်) အပြင် တစ်နှစ်အတွင်း ပထမဆုံးကိုယ်ပိုင်တေးစီးရီးကို ကိုရီးယားနိုင်ငံမှာ ရိုက်ကူးထုတ်လုပ်နိုင်မယ့် အခွင့်အရေးကို ချီးမြှင့်ပေးမှာဖြစ်ပါတယ်။

Read More About Update Articles Here


Read 268 times Last modified on Monday, 07 August 2017 11:10
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.