Friday, 04 August 2017 03:21

Things to do2
" Prestige Wedding Showcase 2018 " Wedding Fair

ပထမဆုံး ပြောပြပေးချင်တာကတော့ Prestige Event က စီစဉ်ကျင်းပတဲ့ " Prestige Wedding Showcase 2018 " Wedding Fair ပဲ ဖြစ်ပါတယ်။ ဒီပွဲကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်အတွင်းက Yangon Gallery မှာ သြဂုတ် ၅ ရက်ကနေ ၆ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ပြပွဲအတွင်း Wedding Professionals တွေရဲ့ ၀န်ဆောင်မှု တစ်ခုချင်းစီသာမက Special Package တွေကိုလည်း ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Bridal Wear, Jewellers, Venues, Make-up, Photographers, Florists စတဲ့ ၀န်ဆောင်မှုတွေအတွက် အရမ်းတန်တဲ့ ဈေးနှုန်းနဲ့ Special Package တွေ ရရှိနိုင်တာ ဖြစ်ပါတယ်။ Lucky Draw နဲ့ တခြား special program တွေ အများကြီးလည်း ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပိတ်၊ ကျောင်းပိတ်တဲ့ weekend လေးမှာ ဒီ Wedding Fair ကို အပြေးလေး သွားကြဖို့ MY YANGON က ညွှန်းပေးချင်ပါတယ်နော်။
ACL 1

ACL ခရီးသွား အထူးဈေးရောင်းပွဲတော်
သြဂုတ် ၅ ရက်နဲ့ ၆ ရက်မှာပဲ Enjoy လုပ်စရာ နေရာတစ်ခုအဖြစ် ACL ရဲ့ ခရီးသွား အထူး ဈေးရောင်းပွဲတော် ရှိနေပါသေးတယ်။ Myanmar Plaza မှာ ကျင်းပမယ့် ဒီပွဲကို Asia Central Link Travels and Tours Co.,Ltd က စီစဉ်ပြုလုပ်တာ ဖြစ်ပါတယ်။ တိုးတက်ပွင့်လင်းလာတဲ့ ခေတ်နဲ့အညီ ကမ္ဘာ့နေရာအရပ်ရပ်ကို ရှုမြင်ခံစားနိုင်ဖို့ ပြုလုပ်တဲ့ ဒီပွဲမှာ အထူး Promotion တွေလည်း ရှိနေပါတယ်။ ဘန်ကောက် - ပတ္တရား ခရီးစဉ်၊ စင်ကာပူခရီးစဉ်၊ မလေးရှား - မလက္ကာ ခရီးစဉ်၊ ဗီယက်နမ် ခရီးစဉ် စတဲ့ နိုင်ငံခြားခရီးစဉ်တွေကို ပုံမှန်ထက် ချိုသာတဲ့ ဈေးနှုန်းတွေနဲ့ သွားရောက်ဖို့ ဒီပွဲမှာ ရွေးချယ်နိုင်မှာပါ။ ဒီခရီးသွား အထူးဈေးရောင်းပွဲတော်ကို ပွဲကာလ ၂ ရက်တာအတွင်း မနက် ၉ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ အားလပ်ရက်မှာ အပန်းလည်းပြေ၊ ဗဟုသုတလည်းတိုး ၊ နိုင်ငံခြား Brand အမျိုးမျိုးကိုလည်း Shopping ထွက်လို့ရတဲ့ နိုင်ငံခြားခရီးစဉ်တွေ သွားဖို့ စဉ်းစားနေပြီဆိုရင်တော့ ဒီပွဲလေးကို Enjoy လုပ်ဖို့ မမေ့နဲ့နော်။
Drama Contest 2017 3

Drama Contest 2017
Drama Contest 2017 ကတော့ ရန်ကုန်မြို့ရှိ တက္ကသိုလ်ပေါင်း ၁၅ ခုက ကျောင်းသူကျောင်းသားတွေရဲ့ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတစ်ခုပါ။ ထူးခြားတာက အင်္ဂလိပ်စာစွမ်းရည် ယှဉ်ပြိုင်ရာမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ပြဇာတ်တွေ ကပြပြီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ Caduceus , Healers to be, Lamp's Angels ,Youth Stars စတဲ့ အဖွဲ့ပေါင်း ၂၁ ဖွဲ့ ပါဝင်မှာပါ။ Gandamar Grand Ballroom မှာ သြဂုတ် ၆ ရက် နေ့လယ် ၁ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပမယ့် ဒီပွဲကို မည်သူမဆို အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပြဇာတ်တွေကို ကြည့်ရှုခံစားရင်း အပန်းလည်း ဖြေနိုင်မှာမို့ အပြေးလေး သွားကြမယ်နော်။

Read More About Things To Do In Yangon Here


Read times Last modified on Friday, 04 August 2017 03:35
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.