Friday, 28 July 2017 07:02

marry
မြန်မာအမျိုးသမီးထုအတွက် အလွန်ကို အသုံးဝင်စေမယ့် Websites တွေကို မီဒီယာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Information Matrix ကနေ စတင် ထုတ်လုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီ Websites တွေကတော့ marry.com.mm နဲ့ kalay.com.mm ဆိုတဲ့ Websites တွေပဲ ဖြစ်ပါတယ်။
marry.com.mm ကတော့ ကိုယ်ပိုင်မိသားစုဘ၀ကို စတင်တည်ဆောက်မယ်လို့ စဉ်စားနေတဲ့ အမျိုးသမီးတွေအတွက် တစ်သက်မှာ တစ်ခါသာ ဆောင်ရမယ့် မင်္ဂလာပွဲမှာ အပြည့်စုံဆုံးနဲ့ အခမ်းနားဆုံးဖြစ်အောင် အလွယ်တကူ ကျင်းပနိုင်ဖို့အတွက် အထောက်အကူပြုမယ့် အကြံပြုချက်နဲ့ နည်းလမ်းပေါင်းများစွာ ပါဝင်တဲ့ wedding portal တစ်ခုပဲ ဖြစ်ပါတယ်။
kalay
kalay.com.mm မှာတော့ ကိုယ်ဝန်ဆောင်အတွေ့အကြုံ မရှိသေးတဲ့ မေမေတွေအတွက် ကိုယ်ဝန်ဆောင်စဉ်က စပြီး ကလေးအသက် ၅ နှစ်အထိ အသုံးဝင်မယ့် ဆောင်ရန်ရှောင်ရန် အကြံပြုချက်တွေနဲ့ နည်းလမ်းတွေ ပါဝင်တဲ့ parenting portal ဖြစ်ပါတယ်။
marry.com.mm အနေနဲ့ ဒီနှစ်အတွင်းမှာ wedding နဲ့ ပတ်သက်တဲ့ wedding workshop တွေ၊ wedding fair တွေကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး kalay.com.mm အနေနဲ့လည်း Kids fair တွေ ကျန်းမာရေးနဲ့ ဆိုင်တဲ့ workshop တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဟောပြောပွဲတွေကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဖူးပွင့်သူ
Read More About Digital Articles Here


Read 289 times Last modified on Friday, 28 July 2017 07:14
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.