Tuesday, 18 July 2017 10:03

1st
1st Celebrity Product % Fair ကိုတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာ ရှိတဲ့ Myanmar Convention Centre (MCC) မှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် မြန်မာနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ သက်မွန်မြင့်၊ အိမ့်ချစ်၊ မေခလာ၊ မေမြတ်နိုး၊ ကိုပေါက်၊ ခင်ရူပ၊ acid၊ ထိန်ဝင်း၊ နိုင်းဝမ်း အစရှိတဲ့ အနုပညာရှင်တွေရဲ့ ထုတ်ကုန်တွေနဲ့ အလှကုန်ပစ္စည်းတွေ၊ အ၀တ်အထည်တွေ၊ ကလေးအသုံးဆောင်ပစ္စည်းတွေ၊ အီလတ်ထရောနစ်ပစ္စည်းတွေ၊ ကားနဲ့ ကားအပိုပစ္စည်းတွေကိုလည်း လျှော့ဈေးတွေနဲ့ ခင်းကျင်းရောင်းချထားပါတယ်။
ဒါ့အပြင် အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေ၊ Dancer တွေရဲ့ ကပြဖျော်ဖြေမှုတွေ၊ မျက်လှည့်တွေကိုလည်း အချိန်အပိုင်းအခြားအလိုက် ဖျော်ဖြေမှုတွေကိုပါ ပြုလုပ်ပေးထားပါတယ်။ လာရောက်အားပေးသူတွေအတွက် Lucky Draw အစီအစဉ်တွေကိုပါ ပြုလုပ်ပေးထားပါတယ်။
ဒီ 1st Celebrity Product % Fair ကိုတော့ ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်၊ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာပါ။ ဇူလိုင် ၁၈ ရက်မှာ မနက် ၉ နာရီကနေ ည ၁၀ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး ဇူလိုင် ၁၉ ရက်မှာတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဖူးပွင့်သူ
Read More About Update Articles Here


Read 418 times Last modified on Tuesday, 18 July 2017 10:18
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.