Tuesday, 05 July 2016 02:51


    ရန်ကုန်မြို့မှာချစ်တီးထမင်းဆိုင်တွေ အများအပြားရှိပါတယ်။
    ချစ်တီးထမင်းဆိုင်ဆိုတာနဲ့ စားကောင်းမယ်ဆိုတာလူတိုင်းသိပြီးသားပါ။
    အဲ့ဆိုင်တွေရဲ့ လိပ်စာနဲ့ ဟင်းလျာတွေကိုဖော်ပြပေးလိုက်ပါတယ်။

    Bharat

    CT

    ဒါကတော့
    ဘာရက်ဆိုင်ကသီးစုံပဲကုလားဟင်းပါ။ချစ်တီးထမင်းစားမယ်ဆိုရင် ဒီဟင်းကမပါမဖြစ်ပါပဲ။ ဒီသီးစုံပဲကုလားဟင်းကိုထမင်းပေါ်မှာဆမ်းပြီးစားကြတာပေါ့။ချစ်တီးထမင်းစားမယ်ဆိုရင်တော့ သီးစုံပဲကုလားဟင်းကိုလိုသလောက်ဆမ်းပေးပါတယ်။ပဲကုလားဟင်းပဲ ၀ယ်မယ်ဆိုရင်တော့ တစ်ပွဲကို ၅၀၀ကျပ်သာကျသင့်မှာပါ။
    ၃၅၆၊ မဟာဗန္ဓုလလမ်း၊ ဆိပ်ကမ်းသာလမ်းထောင့်
    ၀၉ ၇၇၇၄၁၀၆၀၅

    The Taj

    The Tajs Classic BBQ

    ဒါကတော့ The Taj ဆိုင်ရဲ့ BBQ Classic ဆိုတာပေါ့။အသားကင်လေးမျိုးပါပါတယ်။ဈေးနှုန်းကတော့ ၁၈၀၀၀ ကျပ်ပါ။
    B-9၊ အောင်ဆန်းအားကစားကွင်း (အနောက်ဖက်)
    ပန်းဆိုးတန်းအပေါ်လမ်း၊ မင်္ဂလာတောင်ညွှန့်
    ၀၉ ၉၇၂၆၆၂၅၁၈၊ ၀၉ ၂၅၂၄၅၁၃၅၃

    New Delhi

    CT8

    ဒုတိယကမ္ဘာစစ်ပြီးကတည်းကဖွင့်ထားတဲ့ ဆိုင်ဖြစ်ပြီး အစားအစာအစုံရပါတယ်။မနက်စာအဖြစ် တိုရှည်၊ ချာပါတီ၊ ပူရီတို့ ရနိုင်သလိုနေ့လည်စာအဖြင့် ချစ်တီးထမင်း၊ ကြက်သား၊ ဆိတ်သား၊ ပုဇွန်၊ တို့ကိုလည်းရနိုင်ပါတယ်။သားသတ်လွတ်ချစ်တီးထမင်းတစ်ပွဲကို 1500 ကျပ်သာကျသင့်ပါတယ်။
    ၂၆၀-၂၆၂၊ ရွှေဘုံသာလမ်း၊ ပန်းဘဲတန်း
    ၀၉၇၃၂၀၁၅၁၈၊ ၀၉၄၅၀၀၄၁၂၂၂

    Indian Palace

    CT2

    ဒီဆိုင်ကတော့ ဖွင့်တာမကြာသေးပါဘူး။ဒါပေမဲ့ အိန္ဒိယနိုင်ငံကလာတဲ့ လူတော်တော်များများကတော့ ဒီဆိုင်ကိုသဘောကျကြပါတယ်။လက်ရာတွေကတော့ ရှယ်ပါပဲ။မြန်မာပြည်ကလူတွေအတွက်ဆိုရင်တော့ သူတို့ဆိုင်ကလုပ်တဲ့ တိုရှည်နဲ့ ကီးမားပလာတာကအကြိုက်တွေ့စေမှာပါ။တိုရှည်တစ်ပွဲကို ၁၀၀၀ ကျပ်ဖြစ်ပြီးကီးမားကတော့ ၂၀၀၀ ကျပ်ပါ။
    ၁၇၀-၁၇၆၊ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်)
    New Ayar Hotel မြေညီထပ်
    ၀၁ ၂၅၆၇၇၉၊ ၀၉ ၇၇၀၀၉၉၆၃၇

    Titu's

    CT6

    ဒီဆိုင်ကတော့ စင်္ကာပူကလာဖွင့်တဲ့ ဆိုင်လေးပေါ့။သူတို့ဆိုင်မှာလည်းအိန္ဒိယတောင်ပိုင်းအစားအစာအစုံရပါတယ်။ သူတို့ဆိုင်ကအစားအစာတစ်ခုဖြစ်တဲ့ ဆမူဆာနဲ့ မဆလာလက်ဖက်ရည်လေးကတော့ အစာပြေအတွက် ကောင်းပါတယ်။ပြီးတော့ အာလူးမဆလာချာပါတီလေးကလည်းတစ်မျိုးဆန်းပါတယ်။ 3000 လောက်တော့ ကျသင့်မှာပါ။
    ၂၃၅၊ ၃၂ လမ်း၊ ဆူးလေရှန်ဂရီလာဟိုတယ်
    ၀၉၂၅၀၁၇၇၈၄၃

    Myint Family

    CT7

    ဒါကတော့ ရန်ကုန်မြို့မှာယနေ့ နာမည်ကြီးနေတဲ့ မြင့်မိသားစုချစ်တီးထမင်းဆိုင်ကဖက်ထမင်းလေးပေါ့။
    အသားဟင်းတွေနဲ့ စားမယ်ဆိုရင်တော့ ၂၀၀၀ ကျပ်ကနေ ၄၀၀၀ ကျပ်အထိကျသင့်မှာဖြစ်ပါတယ်။
    ဟင်းမျိုးစုံလည်းရှိပါတယ်။
    ၈၁၊ ဒုတိယထပ်၊ ၂၉လမ်း (အောက်ဘလောက်)၊ ပန်းဘဲတန်း
    ၀၉ ၇၉၅၃၆၁၀၃၀

    Read More About Restaurants Here


    Read 444 times Last modified on Wednesday, 06 July 2016 11:30
    Rate :
    (1 Vote)

    1 comment

    • Debraneums
      Comment Link

      Dead Admin of yangondirectory.com,

      First of all, let me tell you, that you have a wonderfull website.
      My name is Debra and I'm a partner of Online Finance Investment company.

      I would like to propose you cooperation, which will allow you to receive a source of passive income.

      All you need to do is 3 simple steps:

      1. Register on the website and get promotinal links or banners.
      2. Invite your friends, using refferal links or use banners on your website.
      3. Receive % from each invited client and become rich.

      Also you can invest by yourself and receive 128% оf income in just one day!

      Invitation link: https://finservice.online/?ref=Mall (just copy and paste in your browser)
      If you have any questions feel free to contac Online Finance via contact form on website.

      Regards,
      Debra.

      Thursday, 16 March 2017 06:08 posted by Debraneums
      Report

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.