Monday, 27 June 2016 07:56

    Harry2

    မိုးသက်လေက အသော့နှင်နေတာကြောင့် မိုးစက်တွေက ခပ်ဖွဲဖွဲနဲ့။ ထိုင်နေတဲ့လူတွေကတော့ ရယ်လိုက်မောလိုက်၊ အချင်းချင်းစကားပြောနေလိုက်နဲ့ အထဲပြောင်းထိုင်ဖို့ နည်းနည်းမှ စိတ်ကူးမရှိကြ။

    မှန်တံခါးကို တွန်းဖွင့်လိုက်တာနဲ့ နွေးနွေးထွေးထွေး အငွေ့အသက်တွေနဲ့ မင်္ဂလာပါဆိုတဲ့ နှုတ်ဆက်စကားသံကို ကြားလိုက်ရပါတယ်။ ညာဖက်အဝင်ဝမှာ ဘားကောင်တာတစ်ခုရှိပြီး ထိုင်ခုံတွေ နှစ်တန်းစီထားပါတယ်။ ခုံအမြင့်နဲ့ ဝိုင်းတွေလည်းရှိပြီး လူအပြည့်နီးပါး စည်ကားနေတာကတော့ ဖွင့်လှစ်တာ လပိုင်းပဲရှိသေးတဲ့ Harry’s Bar Myanmar ပါပဲ။

    Chicken Tandoori Skewers

    သူ့ရဲ့ နာမည်ကြီးလှတဲ့ HPL (Harry's Premium Lager) ဘီယာတစ်ခွက်မှာပြီး Chiptease အာလူးကြော် တစ်ပွဲ ၊ Chicken Tandoori Skewers တစ်ပွဲ မှာလိုက်ပါတယ်။ ဘာဘီကျူးလိုအပြင်အဆင်နဲ့ သူ့ရဲ့အသားက နူးအိတာကြောင့် စားရအဆင်ပြေသလို အားလူးချောင်းကြော်တစ်ပွဲ များတာကြောင့် အတော်စားယူရပြီး ၃၅၀၀ ကျပ် ဝန်းကျင်ခန့် ရှိပါတယ်။ တခြား Tuborg ဘီယာလည်း ရနိုင်သလို စပါဂတီစတဲ့ အီတလီစာတွေလည်း ရနိုင်ပါတယ်။

    ဘာဂါအပြင်အဆင်နဲ့ Jalapeño Steak Sliders ၊ Curried Lamb Shank ၊Sausage Platter ( ၁၂၉၀၀ ကျပ်) နဲ့ တစ်ခြားမီနူးတွေရှိပြီး ဈေးနှုန်းကတော့ တစ်သောင်းအထက် များပါတယ်။ ဒီဆိုင်ရဲ့ အဓိက ကတော့ HPL ဘီယာပါပဲ။ တစ်ခြားဘယ်နေရာမှ မရနိုင်ဘဲ နာမည်ကြီးဘီယာလို့ ဆိုတာကြောင့် Half Pint နဲ့ Full Pint မှာ Hlaf ပဲ မှာသောက်ကြည့်မိပါတယ်။ အရသာအရမ်းထူးထူးခြားခြားကြီး မပြောတတ်ပေမယ့် Half Pint နဲ့တင် မူးတယ်လို့ ခံစားရတာကြောင့် အမျိုးသားတွေအကြိုက် ဖြစ်မှာပါ။

    Sausage Platter

    ဘောလုံးပွဲတွေကိုလည်း ဘားမှာ ထိုင်ကြည့်နိုင်သလို ဗုဒဟူးနေ့တိုင်း ည ၇ နာရီခွဲမှ ၁၀ နာရီခွဲအထိ Jazz Night ဖျော်ဖြေပွဲတွေလည်းရှိပါတယ်။ သောကြာနေ့ညတိုင်းမှာတော့ The Four LIVE ဖျော်ဖြေမှုက ည ၇ နာရီခွဲမှ ည ၁၀နာရီခွဲအထိ ရှိပါတယ်။ စင်ကာပူမှာလည်း နာမည်ကြီးသလို ဒီမှာလည်း မြန်မာပလာဇာမှာ တစ်ဆိုင်တည်းဖွင့်ထားတာဖြစ်လို့ လူမပြတ်ရှိနေတတ်ပါတယ်။ ဆီဒိုနားဘက်ခြမ်း၊ စက်မှု(၁) လမ်းဖက်က ဝင်လာရင် ပိုနီးပါတယ်။

    The Four Band

    သတိပြုရမှာကတော့ တစ်ချို့ရက်တွေမှာ Private Party တွေ လုပ်လေ့ရှိတာမို့ ပိတ်ထားတတ်ပေမယ့် ဖေ့ဘွတ်ပေ့ခ်ျကနေတော့ ကြိုတင်အသိပေးလေ့ ရှိပါတယ်။ တစ်ခြားဘားတွေနဲ့ မတူတာနောက်တစ်ခုက Lighting ပါပဲ။ ခပ်မှိန်မှိန်မဟုတ်ဘဲ အလင်းရောင်ရှိတာကြောင့် ထိုင်ရတာ သက်တော့သက်သာရှိပါတယ်။

    Harry’s Bar Myanmar @ Myanmar Plaza

    09 777 708395

    11 a.m to 1 a.m,

    http://www.harrys.com.mm/

     

    Writer: Aye Chan Khaing

    Read More About Restaurants Here

     


    Read 662 times Last modified on Monday, 27 June 2016 08:54
    Rate :
    (1 Vote)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.