Saturday, 24 August 2019 07:52

 

19511363_287280988402664_6316337537196280875_n.jpg

ချစ်တီးထမင်းဆိုတာနဲ့ မဆလာနံ့လေး မွှေးနေတဲ့ ဟင်းတွေနဲ့ ဘယ်အချိန်စားစား အရသာရှိနေတဲ့ ပဲကုလားဟင်းကို အရင်ဆုံး ပြေးမြင်မိမှာ အမှန်ပါပဲ။ မြန်မာပြည်မှာ ချစ်တီး ထမင်းဆိုင် အများအပြားရှိတာဆိုလို့ ရန်ကုန်တစ်မြို့တည်း ရှိတာပါ။

ဒီတော့ ချစ်တီးထမင်း ကြိုက်နှစ်သက်သူတွေအတွက် ရန်ကုန်မြို့က အရသာရှိပီး စားကောင်းတဲ့ ချစ်တီး ထမင်းဆိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Myint Family
ဒီဆိုင်ကတော့ ရန်ကုန်မြို့မှာ နာမည်ကြီးတဲ့ ချစ်တီးထမင်းဆိုင်တွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ ငှက်ပျောဖက်နဲ့လည်း ထမင်းထည့်စားလို့ ရတာပါ။ အသားဟင်းနဲ့ စားမယ်ဆိုရင်တောင် ၄၀၀၀ ကျပ်သာ အမြင့်ဆုံး ကျသင့်မှာ ဖြစ်လို့ ဈေးနှုန်းလည်း သက်သာပြီး ချစ်တီးထမင်း ကြိုက်နှစ်သက်သူတွေအတွက် သွားရောက်စားသုံးသင့်တဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၇ နာရီ အထိ ဖြစ်ပါတယ်။
အမှတ် (၈၁)၊ ၂၉ လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၉-၇၉၅၃၆၁၀၃၀

(၂) New Delhi
ဒုတိယကမ္ဘာစစ်ပြီးတည်းက ဖွင့်ထားတဲ့ ဆိုင်ဖြစ်ပြီး အိန္ဒိယအစားအစာ အစုံရပါတယ်။ မနက်စာအဖြစ် တိုရှည်၊ ချာပါတီ၊ ပူရီတို့ ရနိုင်သလို နေ့လည်စာကတော့ ချစ်တီး ထမင်း၊ ကြက်သား၊ ဆိတ်သား၊ ပုစွန် တို့လည်း ရနိုင်ပါသေးတယ်။
အမှတ် (၂၆၀/၂၆၂)၊ ရွှေဘုံသာလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၁-၃၇၃၃၃၄

(၃) Titu's
ဒီဆိုင်ကတော့ စင်္ကာပူက လာဖွင့်တဲ့ ဆိုင်လေးပါ။ သူတို့ဆိုင်မှာလည်း အိန္ဒိယတောင်ပိုင်း အစားအစာအစုံ ရပါတယ်။ အဲ့ဒီဆိုင်မှာ ရတဲ့ စမူဆာနဲ့ မဆလာ လက်ဖက်ရည်ဟာဆိုရင် အစာပြေစားဖို့ အတွက် အသင့်တော်ဆုံးလို့တောင် ပြောလို့ရပါတယ်။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီ ကနေ ည ၁၀ နာရီ အထိ ဖြစ်ပါတယ်။
အမှတ် (၂၃၅)၊ ၃၂ လမ်း၊ ဆူးလေရှန်ဂရီလာဟိုတယ် အနောက်၊ ရန်ကုန်။
ဖုန်း - ၀၁-၁၂၂၀၄၈၄

>>> ကိုရီးယားအစားအစာ ကောင်းကောင်း ရရှိနိုင်မယ့် ဆိုင်များ

(၄) Bharat
ဒါကတော့ ဘာရက်ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ ဒီဆိုင်မှာတော့ သီးစုံပဲကုလားဟင်းက နာမည်ကြီးပါ။ ချစ်တီးထမင်းစားမယ်ဆိုရင် သီးစုံပဲကုလားဟင်းက မပါမဖြစ်ပါပဲ။ ပြီးတော့ သက်သက်လွတ်နဲ့ သားငါးဟင်းမျိုးစုံလည်း ရနိုင်ပါသေးတယ်။
အမှတ် (၃၅၆)၊ မဟာဗန္ဓုလလမ်း၊ ဆိပ်ကမ်းသာလမ်းထောင့်၊ ရန်ကုန်။
ဖုန်း - ၀၁-၃၈၂၂၅၃

(၄) စတား ချစ်တီး ထမင်းဆိုင်
ချစ်တီးထမင်းဟင်း ကောင်းကောင်း စားချင်သူတွေအတွက် ဒီဆိုင်က အသင့်တော်ဆုံးပါ။ ဒါ့အပြင် အော်ဒါမှာယူချင်တယ်ဆိုရင်လည်း ရပါသေးတယ်။
အမှတ်(၅)၊ တိုက်(၂)၊ သုမင်္ဂလာလမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉-၄၀၁၅၃၇၈၇၃

အခြားသော အိန္ဒိယ စားသောက်ဆိုင်များကိုလည်း အောက်ပါလင့်ခ်ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

>>> http://bit.ly/2Zjf0Qn

(၅) The Taj
ဒီဆိုင်လေးမှာဆိုရင်တော့ အိန္ဒိယ အစားအစာ အစုံအလင်ကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဒီဆိုင်မှာ BBQ Classic ဆိုတဲ့ အသားကင် လေးမျိုးပါတဲ့ ဟင်းလျာက စားလို့ကောင်းပါတယ်။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီခွဲကနေ ည ၁၀ နာရီခွဲ အထိ ဖြစ်ပါတယ်။
အောင်ဆန်းအားကစားကွင်း (အနောက်ဖက်)၊ ပန်းဆိုးတန်းအပေါ်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉-၂၅၂၄၅၁၃၅၃


Read times
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.