Saturday, 29 June 2019 09:00

 

gloria-jeans-coffee-myanmar-plaza-yangon.jpg

ကော်ဖီမကြိုက်တဲ့သူဆိုတာ ကမ္ဘာပေါ်မှာ မရှိသလောက် ရှားလိမ့်မယ်ထင်ပါတယ်။ အခုလို မိုးရာသီကာလမှာ အေးဆေးငြိမ်သက်တဲ့ နေရာလေးတစ်နေရာနဲ့ ကော်ဖီပူပူတစ်ခွက်ကို လူတိုင်း တောင့်တမိကြမှာပဲနော်။ 

ဒါ့အပြင် background လှလှမှာ ဓာတ်ပုံလှလှလေးသာ ရိုက်ရမယ်ဆိုရင် ပိုပြီး ပြည့်စုံသွားပီပေါ့ ။ ဒီတော့ ကော်ဖီလည်း သောက်ရင်း ဓာတ်ပုံလှလှလဲ ရိုက်လို့ရမယ့် ကော်ဖီဆိုင်လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Cafe' Salween

ဒီဆိုင်လေးကတော့ Urban Center မှာ ဖွင့်ထားတာဖြစ်ပြီး wifi လည်း အရမ်းကောင်းလို့ ကော်ဖီသောက်ရင်း စာပဲလုပ်လုပ်၊ အလုပ်ပဲလုပ်လုပ် အဆင်ပြေမယ့် ဆိုင်တစ်ခု ဖြစ်ပါတယ်။ ဆိုင်ထဲမှာလည်း အပင်လေးတွေနဲ့ အလှဆင်ထားတော့ စိတ်ကြည်လင်ပြီး စိတ်ဖိစီးမှုတွေကိုပါ ဖြေလျော့စေမှာပါ။ ဈေးနှုန်းတွေကလည်း အသင့်အတင့်ပဲဆိုတော့ ကော်ဖီကြိုက်တဲ့သူတွေအတွက် သွားဖို့ သင့်တော်တဲ့ ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ် ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၈ နာရီ ကနေ ည ၈ နာရီဖြစ်ပါတယ်။

၄၇ လမ်းနှင့် ၄၈လမ်းကြား၊ မဟာဗန္ဓုလလမ်း၊ Urban Asia Center
ဖုန်း - ၀၉-၄၂၅၈၃၀၆၅၇

(၂) Freedom Cafe

ဒီဆိုင်လေးကတော့ စမ်းချောင်းမြို့ထဲမှာ ဖွင့်ထားတာဖြစ်ပြီး ထူးခြားချက်ကတော့ အဲ့ဒီဆိုင်ထဲမှာ ချစ်စရာကောင်းတဲ့ ဝုတ်ဝုတ်လေးတွေနဲ့ မီးညောင်လေးတွေရှိတာပါ။ ဒီတော့ ခွေးချစ်သူ၊ ကြောင်ချစ်သူတွေ အတွက် စိတ်ကြိုက်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ကော်ဖီသောက်လို့ရမယ့် နေရာက ၁ ထပ်ဖြစ်ပြီး ခွေးလေးတွေ၊ ကြောင်လေးတွေက ၂ ထပ် သပ်သပ် လုပ်ထားတာဆိုတော့ အေးအေးဆေးဆေး ကော်ဖီလေးသောက် background လှလှလေးမှာ ဓာတ်ပုံအေးဆေး ရိုက်ပြီးမှ ပါပီလေးတွေကို ကြည့်ချင်တယ် ဆိုသူတွေ အတွက်လည်း အိုကေတယ်နော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၉ နာရီ ဖြစ်ပြီး တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်။

အမှတ် (၈၁)၊ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့
ဖုန်း - ၀၉-၉၆၇၇၆၇၂၆၃

>>> ကော်ဖီဖျော်စက် ရောင်းဝယ်ရေးလုပ်ငန်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ

(၃) Lizzo and Mammo

ဒီဆိုင်ကတော့ မြန်မာနိုင်ငံက အထူးခြားဆုံး ကော်ဖီဆိုင်လို့တောင် ပြောလို့ရပါတယ်။ ဆိုင်ထဲဝင်သွားတာနဲ့ Wow ခနဲဖြစ်သွားစေမယ့် Exotic Pet လေးတွေနဲ့ ပြည့်နေတဲ့ ဆိုင်တစ်ခုပါ။ ရှားပါးတဲ့ ထူးထူးဆန်းဆန်းကောင်လေးတွေဆိုပေမယ့် ရန်ပြုမှာကို မပူရဘူးနော်။ ကိုယ်တိုင် ကိုင်ကြည့်ပြီး ဓာတ်ပုံ စိတ်ကြိုက် ရိုက်လို့ရပါတယ်။ အဲ့ pet လေးတွေ ရှိတဲ့နေရာကို Indoor Zoo Area လို့သတ်မှတ်ထားပြီး တစ်ယောက်ကို ဝင်ကြေး ၅၀၀၀ ကျပ်နှုန်းနဲ့ တစ်နာရီ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အပြင်မှာဘဲ ကော်ဖီနဲ့ မုန့်လေးသောက်ပြီး Outdoor area က ကောင်လေးတွေနဲ့အေးဆေးဆော့လို့ရပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၈ နာရီအထိ ဖြစ်ပြီး အင်္ဂါနေ့တိုင်း ဆိုင်ပိတ်ပါတယ်။

ကန်တော်ကြီး၊ ကရဝိတ် ဥယျာဉ်ကမ္ဘာ၊ ကရဝိတ်ဖောင် ဝင်ပေါက်အနီး
ဖုန်း - ၀၉-၄၅၆၃၄၆၄၄၆

(၄) Innwa Books & Cafe

ဒီဆိုင်ကတော့ စာဖတ်ချစ်သူတွေအတွက် အရမ်းအဆင်ပြေစေမယ့် ဆိုင်တစ်ဆိုင်ပါ။ ကော်ဖီသောက်ရင်း စာအေးဆေးဖတ်လို့ရမယ့် ဆိုင်ကောင်းတစ်ဆိုင်ဆိုတော့ စာဖတ်ခြင်းကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် နေရာကောင်းတစ်ခုလို့တောင် ဆိုလို့ရပါတယ်။ စာအုပ်ဖတ်နေရာမှ ကြိုက်လို့ စာအုပ်ဝယ်ယူချင်တယ်ဆိုရင်လည်း ရသေးတယ်နော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၁၀ နာရီ အထိဖြစ်ပါတယ်။

မြန်မာပလာဇာ ဒုတိယထပ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်
ဖုန်း - ၀၉-၂၆၃၆၈၄၅၅၈

>>> ရိုးရိုးတုပ်ကွေးလား H1N1 လား ဆိုတာကို ဘယ်လိုခွဲခြားသိနိုင်မလဲ

(၅) Gloria Jean's Coffees

ကော်ဖီကောင်းကောင်းတစ်ခွက်ကို ရှာဖွေနေတယ်ဆိုရင်တော့ Gloria Jean's Coffee ဆိုင်ကို မေ့ထားလို့မရပါဘူးနော်။ ပြီးတော့ အဲ့ဒီဆိုင်မှာ အရသာကောင်းကောင်း Tea အေးအေးလေးတွေလည်း ရနိုင်ပါသေးတယ်။ ဒါ့အပြင် selfie ပဲရိုက်မလား? ဓာတ်ပုံလှလှလေးပဲရိုက်မလား? ပုံလှလှတစ်ပုံထွက်ဖို့ ထောက်ပံ့ပေးနေတဲ့ background လှလှလေးတွေလည်း ရှိနေတာဆိုတော့ လူငယ်တွေ အကြိုက်တွေ့စေမယ့် ဆိုင်ကောင်းတစ်ဆိုင်ဖြစ်ပါတယ်။

မြန်မာပလာဇာ G16C၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်
ဖုန်း - ၀၉-၇၉၇၆၁၇၁၈၁


Read 213 times Last modified on Friday, 05 July 2019 10:13
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.