Saturday, 15 June 2019 07:32

 

thai-food.jpg

(၁) One Zaab

One Zaab က အစားအစာ တော်တော်များများက ထိုင်းနိုင်ငံက လမ်းဘေးဆိုင်လေးမှာ ထိုင်စားရသလို ခံစားမှုမျိုးကို ရရှိစေမှာပါ။ ဆားဘဲဥ သင်္ဘောသီးထောင်း၊ ပြောင်းဖူးထောင်း၊ ဂဏန်းထောင်း စတဲ့ အထောင်းမျိုးစုံအပြင်

ကြက်ခြေထောက်ချဉ်စပ်၊ ဝက်ဂုတ်သားကင်၊ ငါးဆားအုံကင်၊ ပလာတူးငါးကင်တို့က One Zaab ရောက်ရင် မှာစားသင့်ပြီး စားသုံးသူတွေ ကြားမှာလည်း ပေါ်ပြူလာဖြစ်တဲ့ ဟင်းပွဲတွေပဲ ဖြစ်ပါတယ်။ အချိုပွဲအနေနဲ့ ချောကလက်ရေခဲခြစ်၊ အိုဗာတင်းရေခဲခြစ်၊ သီးစုံရေခဲခြစ်တွေအပြင် ထိုင်းလက်ဖက်ရည်အေး၊ ဆားငံသီးဖျော်ရည် စတဲ့ အအေးတွေလည်း ရရှိနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ၁၅၀ဝ ကျပ်ကနေ ၈၅၀ဝ ကျပ် အထိ အသီးသီးရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ နေ့လယ် ၁၂နာရီ ကနေ ည ၉နာရီအထိ ဖြစ်ပါတယ်။

အမှတ် ၇၃ ၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်။
ဖုန်း - ဝ၉ ၇၇၄၇၉၉၉၈၆

(၂) My Siam

ဒီဆိုင်မှာ ကုန့်ထန်က တော်တော် နာမည်ကြီးပါတယ်။ ကုန့်ထန်ဆိုတာက ပင်လယ်စာတွေဖြစ်တဲ့ ပုစွန်၊ ကင်းမွန်၊ ယောက်သွား၊ ခရု စတာတွေကို အုန်းနို့၊ ပုစွန်ဆီ တို့နဲ့ ချက်ထားတဲ့ ဟင်းပွဲ ဖြစ်ပါတယ်။ ကုန့်ထန်ကို ပန်းကန်နဲ့ စားရတာမဟုတ်ဘဲ သံပုံးလေးနဲ့ ယူလာပြီး စားပွဲပေါ်မှာ အဆီမစုပ်တဲ့စက္ကူ ဖြန့်ခင်းပြီး လက်အိတ်နဲ့ အားပါးတရ စားရတာက ကုန့်ထန်ရဲ့ ထူးခြားချက်လေးပါ။ ထိုင်းအစားအစာတွေဖြစ်တဲ့ သင်္ဘောသီးထောင်း၊ ပြောင်းဖူးထောင်း၊ သီးစုံထောင်း တို့လိုမျိုး အထောင်းမျိုးစုံ၊ ပလာတူး ငါးကင်နဲ့ မုန့်တီ၊ မှိုချဉ်စပ်ဟင်းရည် စတာတွေက My Siam မှာ ရောင်းအားကောင်းတဲ့ ဟင်းပွဲတွေပဲ ဖြစ်ပါတယ်။ Dessert အနေနဲ့ ရေခဲနန်းတော်လို့ အမည်ပေးထားတဲ့ ရေခဲခြစ်ပေါ်မှာ ဂျယ်လီ၊ ဝေဖာ စတာတွေနဲ့ အလှဆင်ထားပြီး ချောကလက်ရည်နဲ့ စတော်ဘယ်ရီရည် ဆမ်းထားတဲ့ အချိုပွဲက My Siam ရဲ့ Signature Dessert လို့ ပြောနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ၂၀ဝ၀ကျပ်က စလို့ ၃၅၀ဝ၊ ၄၅၀ဝ အစားစားရှိပြီး ကုန့်ထန်ကတော့ ကျပ်၁၅၀ဝ၀ ကနေစပြီး ဈေးနှုန်း ကျသင့်ပါတယ်။

အမှတ် ၁၃၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်။
ဖုန်း - ဝ၉ ၇၇၇၃၃၂၆၆၄

စားသောက်ဆိုင်များ >>> http://bit.ly/2Z1t4u4

(၃) Sawadee Thai Food

ဒီဆိုင်လေးကတော့ ဒဂုံစင်တာမှာရှိပြီး ထိုင်း ညဈေးတန်းမှာရောင်းတဲ့ ချဉ်ချဉ်စပ်စပ် ထိုင်းအစားအစာတွေ တော်တော်များများ ရပါတယ်။ ဒီဆိုင်မှာ ပုစွန်ဆူကီ၊ ဆာဝါဒီ ဆန်ကောထမင်း၊ ဝက်တစ်နေလှန်းကြော် တို့က နာမည်ကြီးပြီး လူကြိုက်များပါတယ်။ ယိုးဒယား အထောင်းမျိုးစုံဖြစ်တဲ့ သင်္ဘောသီးထောင်း၊ ကင်းမွန်ထောင်း၊ ကဏန်းထောင်း၊ ယမ်ယမ်ထောင်း စသဖြင့် ၁၆မျိုးလောက် ရနိုင်ပါတယ်။ တစ်ယောက်တည်းဖြစ်နေလို့ ဟင်းပွဲအများကြီး မမှာချင်ရင်လည်း တစ်ယောက်စာထမင်းနဲ့ အတွဲအစပ်ပွဲလေးတွေ ရနိုင်ပါတယ်။ မနက် ၉နာရီကနေ ည၉နာရီအထိ ဆိုင်ကို ဖွင့်လှစ်ထားပြီး ဈေးနှုန်းအနေနဲ့ ဆန်ကောထမင်းနဲ့ ပုစွန်ဆူကီက ကျပ်၂၀ဝ၀ဝ ပတ်ဝန်းကျင်လောက်ရှိပြီး ကျန်တဲ့ဟင်းပွဲတွေက ၂၀ဝ၀ ကနေ ၇၀ဝ၀ ဝန်းကျင် ကျသင့်ပါတယ်။

ဒဂုံစင်တာ၂၊ ၅လွှာ၊ မြေနီကုန်း။
ဖုန်း - ဝ၉ ၇၈၅၀၈၆၅၀၇

(၄) မြနန္ဒာ Thai Food & BBQ

ဒီဆိုင်လေးက ထိုင်းအစားအစာ အစုံအပြင် BBQ ပါ ရပါတယ်။ ယိုးဒယား အစားအစာတွေကို အထောင်း၊ အကင်၊ အကြော်၊ အရည် စသဖြင့် အမျိုးစုံ ရရှိနိုင်ပြီး အချိုပွဲတွေ အနေနဲ့လည်း ကောက်ညှင်းသရက်၊ ငှက်ပျောသီးရေခဲမုန့်၊ အုန်းစိမ်းရေခဲမုန့်တွေ အပြင် ထိုင်းစတိုင်အချိုပွဲ တော်တော်များများလည်း ရနိုင်ပါသေးတယ်။ ဒီဆိုင်မှာ Seafood ခဲပတ်၊ ဝက်ခေါက် ပဲသီးထောင်း၊ စိုင်ကော်ကင် စတာတွေ အပြင် ထိုင်းညဈေးတန်းမှာ ရသမျှ ဟင်းပွဲ စုံစုံလင်လင်ကို မြနန္ဒာမှာ ရနိုင်ပါတယ်။ ဆိုင်ရဲ့ အနီးအနားဆိုရင်လည်း ဖုန်းဆက်ပြီး မှာလိုက်ရုံနဲ့ အိမ်အရောက် ပို့ပေးသေးတယ်နော်။ ဈေးနှုန်းတွေအနေနဲ့ ၂၀ဝ၀ ကျပ်ကနေ ၅၀ဝ၀ ကျပ် ဝန်းကျင်အထိရှိပြီး ဆိုင်ကို မနက် ၁၀ နာရီ ကနေ ည ၁၀ နာရီအထိ ဖွင့်လှစ် ထားပါတယ်။

အမှတ် ၃၆၇၊ ရတနာလမ်း၊ တောင်ဥက္ကလာမြို့နယ်။
ဖုန်း - ဝ၉ ၇၈၁၈၈၉၀၃၅

Read More >>> ၁၀ တန်း အောင်မြင်ပြီးသူတိုင်း သိထားသင့်တဲ့ ဘာသာရပ်များနှင့် တက္ကသိုလ်များအကြောင်း

(၅) Thai Box

ဒီဆိုင်လေးက အပေါ်မှာ ပြောခဲ့သမျှ ဆိုင်တွေ အားလုံးထဲမှာ ဈေးနှုန်း အသက်သာဆုံးဖြစ်လို့ ဘတ်ဂျက်သမားတွေ အတွက် အဆင်ပြေစေမှာပါ။ Thai Box မှာ နာမည်လေး အတိုင်းပဲ ထိုင်းအစားအစာတွေ တော်တော်များများကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့လည်း ပုံမှန်ဟင်းပွဲတွေကို ၁၀ဝ၀၊ ၁၅၀ဝလောက်ပဲ ကျသင့်လို့ တော်တော်လေး သက်သာတယ်လို့ ပြောနိုင်ပါတယ်။ Thai Box က တုံယမ်းဟင်းချို၊ ဝက်ဂုတ်သားကင်၊ ယိုးဒယား အထောင်းမျိုးစုံ၊ ကွေ့သယို၊ ကြက်ဆီထမင်း နဲ့ Pad Kee Mao လို့ ခေါ်တဲ့ အရက်သမားခေါက်ဆွဲကြော်တို့က ရောင်းအား ကောင်းတဲ့ မီနူးတွေ ဖြစ်ပါတယ်။ ဒီဆိုင်လေးက ထိုင်အစားအစာလေးလည်း စားချင်၊ ဘတ်ဂျက်လည်း ချွေတာချင်တယ်ဆိုသူတွေအတွက် အကြိုက်တွေ့စေမှာပါ။ ဆိုင်ကို မနက်၁၁နာရီ ကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

အမှတ် ၇၆၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်။
ဖုန်း - ဝ၉၄၄၈၄၄၈၄၄၁


Read times Last modified on Monday, 17 June 2019 05:30
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.