Friday, 31 May 2019 08:48

 

suishi.jpg

ဒီတစ်ပတ်မှာတော့ ဆူရှီချစ်သူတွေအတွက် အရသာရှိပြီး ဈေးသက်သာတဲ့ ဆူရှီဆိုင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

Oishii

Oishii Sushi ဆိုင်က ဆိုင်ခွဲတွေ အတော်များများဖွင့်ထားပြီး ဈေးအသင့်အတင့်နဲ့ သပ်သပ်ရပ်ရပ်ရှိလို့ နာမည်ကြီးပါတယ်။ Oishi မှာဆိုရင်တော့ မမှာမဖြစ်က Oishi Salad ပါ။ ဈေးသက်သာပြီး လတ်ဆတ်တဲ့ ဆလပ်ရွက်၊ ဂဏန်းချောင်း၊ ပုစွန်တို့ကို Oishi dressing လေးဆမ်းပေးထားတာ အရမ်းကောင်းပါတယ်။ နောက်တစ်ခုက ဂဏန်းဆလပ်နဲ့ တူနာဆလပ်ကိုလည်း မှာဖို့ မမေ့နဲ့နော်။ အရမ်းအရသာရှိပြီး ဈေးနှုန်းလည်း သင့်တင့်တာကြောင့်ပါ။ Oishi မှာ ဆာဘငါး၊ ဆမ်းမငါး၊ တန်ပူရာအစုံကြော်၊ ဆူရှီအစုံ၊ soup မျိုးစုံအပြင် ထမင်းနဲ့ တွဲဖက် စားဖို့ ဂျပန်ဟင်းတွေလည်း ရနိုင်ပါသေးတယ်။
လသာလမ်း အပေါ်ဘလောက်။
ဖုန်းး - ဝ၉ ၄၅၀ဝ၀၉၅၈၆

Shoda Sushi

Shoda Sushi ကတော့ ဆူရှီချစ်သူတွေကြားမှာ နာမည်ကြီးပါပဲနော်။ ဈေးသက်သာတာကြောင့် ကျောင်းသူကျောင်းသားတွေ၊ လူငယ်တွေကြားမှာ ရေပန်းစားနေတာပါ။ Shoda က ကဏန်းဆူရှီ၊ တူနာဆူရှီ၊ ပုစွန်တန်ပူရာ၊ American Roll၊ Callifonia Roll တွေဆိုရင် ဈေးသက်သာပြီး Portion များပါတယ် ။ ဆာဘငါး၊ ဆမ်းမငါး၊ ခရုကင်၊ ရေဘဝဲကင်ချီ၊ ပုစွန် မရိုးနိစ်နဲ့ ဈေးသက်သာ၊ စားကောင်းတဲ့ တခြားဟင်းပွဲတွေလည်း Shoda မှာ ရနိုင်ပါသေးတယ်။
လသာလမ်းအလယ်ဘလောက်၊ M2M အခွေဆိုင်ရှေ့။
ဖုန်း - ဝ၉ ၂၅၄၆၀ဝ၆၅၉

ရန်ကုန်မြို့ရှိ ဂျပန်အစားအစာဆိုင်များ >>> http://bit.ly/2HKvuqW

Kin Sakura

Kin Sakura ကတော့ စမ်းချောင်းလမ်းမှာ ရှိတာဖြစ်ပြီး ဆိုင်အပြင်အဆင်လေးက ဂျပန်စတိုင်လေးတွေနဲ့ အလှဆင်ထားတာပါ။ ဆူညံတာလည်း မကြိုက်ဘဲ အေးအေးဆေးဆေးနဲ့ ဈေးနှုန်းသင့်တင့်တဲ့ ဆူရှီဆိုင်ကို ရွေးချင်ရင်တော့ Kin Sakura က ရွေးသင့်တဲ့ ဆိုင်လေးပါ။ ပုံမှန်စားနေကျ ဆူရှီတွေဖြစ်တဲ့ ဂဏန်းဆလပ်၊ တူနာဆလပ်၊ ကြက်ဥလိပ်၊ တန်ပူရာတွေအပြင် Salmon နဲ့ Sashima တို့ကိုလည်း Set နဲ့ မှာစားလို့ ရပါတယ်။ ဈေးနှုန်း အနေနဲ့ ၁၀ဝ၀ ၊ ၁၅၀ဝ၊ ၂၀ဝ၀ ကျပ် ဝန်းကျင်သာ ရှိလို့ ဈေးသက်သာပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၉ နာရီခွဲအထိ ဖြစ်ပါတယ်။
စမ်ချောင်းလမ်း၊ City Mart ဘေး ၊စမ်းချောင်းမြို့နယ်။
ဖုန်း - ဝ၉ ၄၅၀၆၂၆၇၂၂

ပဲခူးကလပ်ကို အမွေအနှစ်အဆောက်အအုံတစ်ခုအဖြစ်သတ်မှတ်

Sakura Sushi & Seafood

Sakura Sushi & Seafood က တောင်ဥက္ကလာ၊ သံသုမာလမ်းမပေါ်မှာ ရှိတာဖြစ်ပြီး သပ်သပ်ရပ်ရပ်၊ ကျယ်ကျယ်ဝန်းဝန်းနဲ့ ထိုင်ချင်စရာ ဆိုင်လေးတစ်ဆိုင်ပါ။ ပြင်ဆင်ထားပုံက သပ်သပ်ရပ်ရပ်နဲ့ နံရံမှာလည်း ပန်းချီကားတွေနဲ့ အလှဆင်ထားပါတယ်။ Sakura မှာ ဆူရှီအပြင် seafood တွေပါ စုံစုံလင်လင် ရနိုင်ပါသေးတယ်။ ဆူရှီတွေကို ၈၀ဝ ကျပ်ကနေစပြီး ရရှိနိုင်တာကြောင့် အရမ်းတန်တယ်လို့ ပြောရမှာပါ။ ဆူရှီအစုံ၊ ဂုံးယောက်မကင်၊ ကြက်ဥလိပ်၊ ကဏန်းချောင်း ဆလပ် စတာတွေအပြင် Seafood ဘက်မှာလည်း တော်တော်လေးကို စုံပါတယ်။ ဈေးနှုန်းအနေနဲ့က ၈၀ဝ ကျပ်ကနေ ၅၀ဝ၀ ကျပ်ဝန်းကျင်ပဲ ရှိပါတယ်။
အမှတ် ၁၀၃ ၊ ဇီဇဝါကွန်ဒို ၊ သံသုမာလမ်း ၊ တောင်ဥက္ကလာပမြို့နယ်။
ဖုန်း - ဝ၉ ၇၈၀ဝ၅၅၅၅၂


Read 73 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.