Saturday, 25 May 2019 07:17

hot_pot.jpg

သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် ရုံးပိတ်ရက်၊ Weekend တွေမှာ Hot Pot စားဖို့ စဉ်းစားနေတယ်ဆိုရင် ဆိုင်ကောင်းကောင်းတွေကိုတော့ သိထားဖို့ လိုမယ်နော်။

ဒါကြောင့် ရန်ကုန်မြို့မှာရှိတဲ့ ဈေးနှုန်းသင့်တင့်ပြီး အရသာရှိတဲ့ Hot Pot ဆိုင် ( ၇ ) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Jo Jo Hot Pot

Jo Jo Hot Pot က ဈေးနှုန်းသင့်တင့်ပြီး လူကြိုက်များတဲ့ Hot Pot ဆိုင်တစ်ခုဖြစ်ပါတယ်။ အဓိကရရှိတဲ့ အစားအစာကတော့ Hot pot နဲ့ မာလာရှမ်းကော ဖြစ်ပြီး အဝစား Buffet စနစ်လည်း ရှိပါတယ်။ Hot Pot ဟင်းရည်မှာဆို အချို၊ မာလာ၊ တုံယမ်း၊ မီဆို၊ ခရမ်းချဉ်သီး ဆိုတဲ့ အရသာ (၅) မျိုးရနိုင်ပြီး ကျောက်ကျော၊ ဖရဲသီး၊ တရုတ်အပူကျကြောက်ပွင့်ရည် အပြင် ရေခဲမုန့် အရသာ ၅မျိုး နဲ့ Coca-Cola, sprite, Orange, Lemon Tea စတာတွေကိုလည်း free flow အနေနဲ့ ရနိုင်ပါတယ်။ ဈေးနှုန်းကတော့ တစ်ဦးကို ၁၂၀၀၀ ကျပ်ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၂ နာရီမှ ည ၁၀နာရီ အထိ ဖြစ်ပါတယ်။

Read More >>> ယခုနှစ် မိုးရာသီ ရေကြီး မြေပြိုမှု အန္တရာယ် သတိထားရန် လိုအပ် 

(၂) DIY Hot pot & BBQ


DIY Hot pot ကတော့ ဟော့ပေါ့အပြင် အကင်ပါ ရနိုင်တဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ ဟင်းရည်အရသာကတော့ အချို၊ အစပ် (၂) မျိုး၊ စီချွန်မာလာဆိုပြီး (၄) မျိုး ရနိုင်တဲ့အပြင် ရေခဲမုန့်၊ ရွှေရင်အေး၊ ဖရဲသီး အချိုပွဲများကိုလည်း free သုံးဆောင်နိုင်ပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၁ နာရီမှ ည ၁၁ နာရီအထိဖြစ်ပြီး ဖုန်းနဲ့လည်း ကြိုတင် Booking လုပ်လို့ ရပါတယ်။

(၃) Hot Pot City


ဟင်းရည်အရသာက အချို ၊ အချဉ်၊ အစပ် (၃)မျိုး ရနိုင်တဲ့အပြင် Hotpot Buffet ဖြစ်လို့ ရွေးချယ်လို့ကောင်းတဲ့ ဆိုင်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါ့အပြင် Myanmar Beer လည်း free flow ရနိုင်သေးတယ်နော်။ ဈေးနှုန်းကတော့ တစ်ဦးကို ၁၂၈၀၀ ကျပ်ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၁ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။

(၄) Yangon Hot Pot


Beer free flow ရတဲ့အပြင် မေလအတွင်း 15% discount လည်း ရှိတာမို့ လက်လွှတ်မခံသင့်တဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ ကျပ် ၅ သောင်းဖိုးအထက် စားသူများကို Stamp (၁)ခု ပြန်ပေးမယ့်အပြင် stamp ၅ ခုပြည့်ရင် ၁ ယောက် Free အစီအစဉ်လည်း ရှိပါသေးတယ်နော်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၁ နာရီမှ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။

Hot Pot ဆိုင်များ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ >>> http://bit.ly/2YOprHs 

(၅) Shwe Kaung Hot Pot


ဆိုင်နေရာ ကျယ်ဝန်းပြီး Hot Pot အပြင် bbq ပါရတာဆိုတော့ သွားစားသင့်တဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ Hot Pot ဒါမှမဟုတ် BBQ စားမယ်ဆိုရင် ရေခဲမုန့်၊ ကိတ်မုန့်နဲ့ အအေးအစုံအလင်လည်း free ရပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၁ နာရီမှ ည ၁၀ နာရီ အထိဖြစ်ပါတယ်။

(၆) Shwe Lar Hot Pot


အရသာကောင်းတဲ့ Hot Pot စားချင်နေသူတွေအနေနဲ့ ထည့်စဉ်းစားရမယ့် နေရာထဲမှာ ရွှေလာကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ buffet စနစ်မဟုတ်ပေမယ့် ဈေးနှုန်းသင့်တင့်တဲ့ set menu တွေကတော့ စားသုံးသူတွေကို သဘောကျစေမှာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။

(၇) Mr.Jerry Thai BBQ and Hotpot


ဒီဆိုင်ကတော့ အကင်​​ရော hot pot ​ရောစားလို့ရတဲ့ buffet တစ်ခု ဖြစ်ပြီး ထူးခြားတာတစ်ခုကတော့ cheese ထည့်ပေးထားတာ ဖြစ်ပါတယ်။ အချိုပွဲတွေအနေနဲ့ မုန့်လက်ဆောင်း၊ brownie​၊ tiramisu​​၊ ​ရေခဲမုန့် တွေ ပါပါတယ်။ ပုံမှန်ဈေးနှုန်းက တစ်ဦးကို ၁၃၈၀၀ ကျပ် ဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ Happy Hour Promotion၊ တစ်ဦးကို ၁၁၈၀၀ ကျပ်ပဲ ကျမှာမို့ လက်လွှတ်မခံသင့်တဲ့ နေရာကောင်းတစ်ခုပါပဲ။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၁ နာရီမှ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။

Thu Zin Min

 



Read times Last modified on Monday, 17 June 2019 05:32
Rate :
(6 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.