Saturday, 27 April 2019 09:44

Faluda.jpg

 

Special Super Sunday အားလပ်ရက်ပိတ်ရက်တွေ အိမ်မှာမိသားစုစုံစုံညီညီ ဖာလူဒါကို ကိုယ်တိုင်လုပ်ပြီးစားချင်သူတွေအတွက် ပြုလုပ်ပုံနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ သာကူစေ့၊ မုန့်လက်ဆောင်းဖတ်၊ ပူတင်း၊ ရေခဲမုန့်၊ ဂျယ်လီရောင်စုံ၊ နွားနို့ကျိုပြီးအပျစ်၊ သကြား၊ အနီရောင်အစာဆိုးဆေး၊ ရေခဲတို့ လိုအပ်ပါမယ်။

ပထမဦးဆုံး သကြားကိုရေထည့်ပြီး အရောင်အနည်းငယ်ထည့်ကာ ပျစ်လာအောင်ကျိုထားပါ။

ပြီးလျှင် အနီရောင်အစာဆိုးဆေး (Rose Syrups) အရည်လေးကို နှစ်ဇွန်းခန့်ရောပါ။ အနံ့မွှေးစေရန် ဖြစ်ပါတယ်။

ပြီးနောက် သာကူကိုလည်း အထဲမှအဆန်ပျာက်သည်အထိ အရောင်ထည့်ပြီးကျိုပါ။ ပြီးလျှင်ဇကာထဲသွန်ပြီး ရေအေးနှင့်ဆေးပေးပါ။ သာကူများကပ်မနေစေရန် ဖြစ်ပါတယ်။

ပြီးလျှင် နို့ကိုလည်း ပျစ်ပျစ်ကျိုထားပါ။ ပြီးနောက် ကျိုပြီးသားကိုသုံးလည်းရပါတယ်။ ကြာကြာကျိုစရာတော့မလိုတော့ဘူး။ ကျိုပြီးရင် အအေးခံထားပါ။

ပြီးနောက် ရောင်စုံလုပ်ပြီးသားဂျယ်လီလေးများကို အတုံးလေးများလှီးထားပါ။

အမယ်အားလုံးလုပ်ပြီးပြီဆိုရင်တော့ အရင်ဆုံး သကြားရည်ထည့်၊ ရေခဲထည့်၊ မုန့်လက်ဆောင်းဖတ်ထည့်၊ သာကူကျိုထားတာထည့်၊ ပူတင်းထည့်၊ ရေခဲမုန့်ထည့် ၊ နို့ထည့်ပြီး ဂျယ်လီလေးများကို အပေါ်ကတင်ပြီးရင်တော့ အရသာအလွန်ရှိပြီး ရင်အေးချိုမွှေးစေမယ့် ဖာလူဒါလေးကို စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။

Source: Food Industrial Guide


Read 134 times
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.