Saturday, 16 February 2019 08:57

1805_Tea-Eggs_550.jpg

အားလပ်ရက်မှာ အပြင်သွားစရာမလိုပဲ အိမ်မှာပဲလွယ်လွယ်ကူကူနဲ့ စားလို့အရမ်းကောင်းတဲ့ လက်ဖက်ကြက်ဥပြုပ်  ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းကတော့


-ကြက်ဥ
-လက်ဖက်ခြောက်
-နာနတ်ပွင့်
-ကရဝေးရွက်
-ချင်း
-သစ်ကြပိုးခေါက်
-ငရုတ်သီးအနီခြောက်
-ငရုတ်ကောင်း
-သကြား
-ပဲငံပြာရည်အပျစ်
-ပဲငံပြာရည်အကျဲ တို့လိုအပ်ပါတယ်။

chinese-tea-eggs-step-5.jpg

ပြုလုပ်ပုံကတော့


-ပထမဦးဆုံး အိုးထဲသို့ရေထည့်၊ ကြက်ဥထည့်ပြီး ပြုတ်ပေးထားပါ။
-ပြီးလျှင် ကြက်ဥကိုဆယ်ပြီး အအေးခံထားပါ။
-ပြီးနောက်ကြက်ဥအခွံကို အက်အောင် ဇွန်းလေးနဲ့အသာလေးရိုက်ပေးထားပါ။
-ပြီးလျှင် ပြုတ်မည့်အိုးထဲမှာ ရေအပြင် လက်ဖက်ခြောက်၊ နာနတ်ပွင့်၊ ကရဝေးရွက်၊ ချင်း၊ သစ်ကြပိုးခေါက်၊ ငရုတ်သီးအနီခြောက်၊ ငရုတ်ကောင်း၊ သကြား၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ တို့ကို ရောပြီးပြုတ်ပါ။
-ရေပွက်ပွက်ဆူလာလျှင်တော့ မီးအားနည်းနည်းလေးနဲ့ နာရီဝက်ခန့် ထပ်ထားလိုက်ပါ။
-အချိန်စေ့ရင် ဆယ်ပြီး အအေးခံပြီးရင်တော့ စားလို့အရမ်းကောင်းတဲ့ လက်ဖက်ကြက်ဥပြုတ်လေးကို သုံးဆောင်နိုင်ပါပြီ။

အရသာပိုရှိစေချင်ရင်တော့ ရေခဲသေတ္တာထဲသို့ တစ်ညပြုတ်ရည်နဲ့စိမ်ထားပါ။ အရသာက အထဲကိုပိုဝင်လေ အရသာပိုရှိလေဖြစ်ပါတယ်။

 

Food Guide


Read 58 times Last modified on Saturday, 16 February 2019 09:08
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.