Tuesday, 12 June 2018 09:21

          Tom n Toms 4

    တောင်ကိုရီးယား နိုင်ငံရဲ့ နံပါတ် (၁) ကော်ဖီ အမှတ်တံဆိပ် ဖြစ်တဲ့ TOM N TOMS Coffee ကို မြန်မာနိုင်ငံမှာ Myanmar International Business Alliance Co.,Ltd (MIBA) မှ တစ်ဦးတည်း ကိုယ်စားလှယ်ယူပြီး ပထမဆုံးဆိုင်ခွဲကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 3 မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
          ‘The Coffee Master from Korea’ လို့ ဆိုတဲ့အတိုင်း ကိုရီးယားနိုင်ငံရဲ့ နံပါတ် (၁) ကော်ဖီအမှတ်တံဆိပ် TOM N TOMS Coffee ကို ၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့ကာ ဈေးကွက်မှာ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာကို ဈေးကွက်ချဲ့ထွင် နိုင်ခဲ့ပါတယ်။ ကိုရီးယား၊ စင်ကာပူ၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ မကာအို၊ သြစတြေးလျ၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာ ဆိုင်ခွဲပေါင်း (၇၀၀) ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်၊

    Tom n Toms 3
          "အခုဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေ၊ ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာကြတယ်။ TOM N TOMS Coffee ဟာ ကိုရီးယားနိုင်ငံရဲ့ နံပါတ် (၁) ကော်ဖီ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ခေတ်တွေ ပြောင်းလာတာနဲ့အမျှ မြန်မာ လူမျိုးတွေရဲ့ စားသောက်နေထိုင်မှုပုံစံ လူနေမှု အဆင့်အတန်းတွေ အဆင့်မြင့်လာပြီး နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ အစားအသောက်တွေကို ထိတွေ့ မြည်းစမ်းချင်လာကြတာကြောင့် ကျွန်တော်တို့ MIBA Co.,Ltd အနေနဲ့ TOM N TOMS Coffee ကို franchise ယူပြီး မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ’’ လို့ TOM N TOMS Coffee  မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းကိုယ်စားလှယ် MIBA Co.,Ltd, Director ဦးအောင်စည်သူခန့်က ပြောပါတယ်။
           TOM N TOMS Coffee ရဲ့ ထူးခြားတဲ့ ကော်ဖီအရသာအတွက် အရည်အသွေးမြင့် ထိပ်တန်းကော်ဖီစေ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပြီး လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက်၊ ထုတ်ပိုးမှုပုံစံတွေနဲ့ စားသုံးသူတွေကို စိတ်ရောကိုယ်ပါ လန်းဆန်းပျော်ရွှင်မှုကို ပေးစွမ်းနိုင်စေမှာ ဖြစ်ပါတယ်။ TOM N TOMS မှာ ကိုယ်ပိုင် ကော်ဖီစိုက်ခင်းတွေ ရှိပြီး ရွေးချယ်မှု တစ်ခုစီတိုင်းအတွက် ကောင်းမွန်တဲ့ အရသာကို ပေးစွမ်းနိုင်မှာ ဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းက စားသုံးသူတွေဟာ ကမ္ဘာ့အဆင့်မီ ကော်ဖီအရသာကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်၊

    Tom n Toms 2
           နိုင်ငံတကာ TOM N TOMS Coffee ဆိုင်တွေနည်းတူ ကောင်းမွန်တဲ့ အရည်အသွေး၊ နွေးထွေးတဲ့ ၀န်ဆောင်မှု၊ ခေတ်မှီနွေးထွေးတဲ့ ဖွဲ့စည်းမှုပုံစံ အခင်းအကျင်းတွေနဲ့ မြန်မာနိုင်ငံမှာ TOM N TOMS Coffee ရဲ့ ပထမဆုံးဆိုင်ခွဲကို ယခု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သလို ဒုတိယမြောက် ဆိုင်ခွဲကိုလည်း ကန်သာယာစင်တာမှာ မကြာမီအချိန်အတွင်း ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

    Read more about article here


    Read 125 times Last modified on Tuesday, 12 June 2018 10:10
    Rate :
    (1 Vote)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.