Friday, 10 November 2017 10:28

    BreadTalks
    အာရှမှာ ထိပ်တန်းမုန့်ဖုတ် လုပ်ငန်းတစ်ခုဖြစ်တဲ့ BreadTalk မြန်မာရဲ့ ဒုတိယမြောက် ဆိုင်ခွဲကို နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊ Junction Square Shopping Mall ဘေးက အမှတ်-၁၊ Crystal Tower မြေညီထပ်မှာ စတင် ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။Crystal Tower က BreakTalk ဆိုင်ခွဲမှာဆိုရင် သန့်ရှင်းလတ်ဆတ်စွာ ပြုလုပ်ထားတဲ့ ပေါင်မုန့်နဲ့ ကိတ်မုန့် အမျိုးပေါင်း ၁၀၀ ကျော် ရရှိနိုင်မှာဖြစ်ပြီး မကြာသေးမီက စားသုံးသူတွေ ၀ယ်ယူအားပေးခဲ့ကြတဲ့အတိုင်း ၈၀၀ ကျပ်မှစတင်ပြီး ဈေးနှုန်း သက်သာစွာနဲ့ ၀ယ်ယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်သူစုံတွဲတွေသာမက တစ်ဦးချင်း သက်တောင့်သက်သာ စားသုံးနိုင်စေဖို့ ခုံအရေအတွက် ၃၂ ယောက်စာ စီစဉ်ပေးထားပါတယ်။ Junction City မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခွဲပုံစံအတိုင်း ဆိုင်ခွဲအသစ်မှာလည်း BreadTalk ရဲ့ အမှတ်အသားဖြစ်တဲ့ မုန့်ဖုတ်တဲ့နေရာကို ကြည့်ရှုနိုင်ဖို့ ပြသထားတဲ့အတွက် စားသုံးသူတွေအနေနဲ့ ကုန်ကြမ်းအဆင့်မှစပြီး ပေါင်မုန့်ဖြစ်တဲ့အထိ ပြုလုပ်ပုံအဆင့်ဆင့်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်ပြီး တစ်နေ့လုံး လတ်ဆတ် သန့်ရှင်းနေမယ့် ပေါင်မုန့်တွေကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
    BreadTalks 2
    BreadTalk ရဲ့ Crystal Tower ဆိုင်ခွဲသစ်မှာ အရသာရှိတဲ့ Hot Sandwich အသစ် ၃ မျိုးကို မနက်စာ သုံးဆောင်ချိန် (နံနက် ၈ နာရီမှ ၁၁ နာရီ အတွင်း) စတင် မိတ်ဆက် ရောင်းချပေးမှာ ဖြစ်ပါတယ်။ BreadTalk က မိတ်ဆက်လိုက်တဲ့ Sandwich အသစ် ၃ မျိုးမှာ ၀က်သားပြားနဲ့ ကြက်ဥ Hot Sandwich၊ ၀က်ပေါင်ခြောက်နဲ့ကြက်ဥ Hot Sandwich နဲ့ စည်သွတ်အသားပြား Hot Sandwich တို့ဖြစ်ပြီး တစ်ခုချင်းဝယ်ယူပါက ၂၅၀၀ ကျပ်၊ ကော်ဖီ သို့မဟုတ် လက်ဖက်ရည် ပါဝင်တဲ့ အစုံလိုက် ၀ယ်ယူပါက ၃၈၀၀ ကျပ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

    Crystal Tower မှာ BreadTalk ဆိုင်ခွဲသစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်မှ ၁၃ ရက်နေ့အတွင်း နေ့စဉ် ပထမဦးဆုံး BreakTalk မှ ကျပ် ၁၀,၀၀၀ ဖိုး ၀ယ်ယူအားပေးသူ ၅၀ ဦးကို  BreadTalk အမှတ်တံဆိပ်ပါ ချည်သားအိတ်၊ LED ပန်ကာ၊ တီရှပ်နဲ့ မတ်ခွက် တို့ပါဝင်တဲ့ လက်ဆောင်ပစ္စည်းတွေကို ကံစမ်းပေးသွားမှာ ဖြစ်ပါတယ်။

    ဖူးပွင့်သူ

    Read More About Restaurants Here


    Read 336 times Last modified on Friday, 10 November 2017 10:39
    Rate :
    (1 Vote)

    Leave a comment

    Make sure you enter the (*) required information where indicated. HTML code is not allowed.