Thursday, 26 October 2017 08:20

boatnoodle
THAI Street Food တွေရနိုင်တဲ့ Boat Noodle ကို ရန်ကုန်မြို့က ဒဂုံစင်တာ(၁)၊ မြေညီထပ်မှာ အောက်တိုဘာလ ၂၅ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။ Boat Noodle ကိုတော့ မြန်မာနိုင်ငံရဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ ဆိုင်ခွဲအများဆုံးဖြစ်တဲ့ YKKO Group of Companies Ltd နဲ့ ဂျပန်နိုင်ငံက Food and Beverage လုပ်ငန်းဖြစ်တဲ့ Toridoll Corporation တို့ ပူးပေါင်းပြီး ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်။
boatnoodle.jpg2
Boat Noodle ရဲ့ Signature ဖြစ်တဲ့ ခေါက်ဆွဲကိုတော့ ဂျုံနဲ့ရော ဆန်နဲ့ပါရရှိနိုင်ပြီး ရွေးချယ်စရာ အသားအနေနဲ့ ကြက်၊ ၀က် ကြိုက်နှစ်သက်ရာကို သုံးဆောင်နိုင်ပါတယ်။ ခေါက်ဆွဲ တစ်ပန်းကန်ကို ၇၂၀ ကျပ်နဲ့ ရောင်းချပေးမှာဖြစ်ပြီး ခေါက်ဆွဲကို ကိုယ်စားနိုင်တဲ့ ပမာဏအတိုင်း တစ်ပွဲပြီးပြီး စားလို့ရတဲ့အတွက်ကြောင့် မကုန်မှာ၊ ပိုသွားမှာကို စိတ်ပူစရာမလိုပါဘူး။ ဒါ့အပြင် THAI Street Food အစားအစာ တော်တော်များများကိုပါ Boat Noodle မှာ ရရှိနိုင်ပါတယ်။ ေ
သာက်စရာအနေနဲ့ကတော့ Thai Iced Tea၊ Iced Green Tea၊ Iced Coffee စတဲ့ အရသာရှိတဲ့ အအေးတွေကိုပါ “Chill Chill” Drink Brand အနေနဲ့ ရရှိနိုင်ပါတယ်။ Boat Noodle ဆိုင်ရဲ့ အပြင်အဆင်လေးကလည်း ထူးခြားလှပါတယ်။ မြို့ထဲက လမ်းပေါ်မှာ ထိုင်စားရတဲ့ ခံစားမှုမျိုး ရရှိအောင် ပြင်ဆင်ထားပြီး ဆိုင်အတွင်းနံရံတွေမှာ တစ်ခြားဆိုင်တွေနဲ့ မတူတဲ့ Graffiti Art နဲ့ ရေးခြယ်ထားပါတယ်။
boatnoodle.jpg1

Read More About Business Here


Read 362 times Last modified on Thursday, 26 October 2017 08:45
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.