Tuesday, 10 October 2017 10:11

10 Pork Chop K19000
အခုက TGIF ခေတ် မဟုတ်တော့ဘူးဆိုတာ Babett က သက်သေပြလိုက်ပါတယ်။  ဘာလို့လည်း ဆိုတော့ ကျွန်မ ရောက်ခဲ့တဲ့ တနင်္လာညမှာ  စားပွဲဝိုင်း အကုန် ပြည့်သလောက်နီးနီး ဖြစ်နေလို့ပါ။  သောကြာညတွေမှာသာ အချင်းချင်း လက်တို့၊ ဘယ်သွားကြမလဲ ခေါင်းချင်းတိုက်၊  ဖေ့စ်ဘွတ်ခ်ပေါ် ဘယ်ဆိုင် ဘာပရိုမိုးရှင်းရှိမလဲ တိုင်ပင်နေကြတာ မဟုတ်တော့ပြန်ဘူး။  အိမ်ကို စောမပြန်ချင်လို့၊ ခေါင်းဆေးချင်လို့၊ စိတ်ညစ်နေလို့၊ တိုင်ပင်စရာရှိလို့၊  သူငယ်ချင်းတွေနဲ့ ချစ်သူနဲ့ မိသားစုနဲ့ Quality Time ဖန်တီးချင်လို့ စတဲ့ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့  လူစုဖြစ်ကြတာ ညနေတိုင်းလိုလို ဖြစ်နေကြပြီလေ။ 
1 Brandada roll K3000
Babett ကို ရောက်တော့  သူ့ မီနူးတွေက စိတ်ဝင်စားစရာ အဆန်းတွေအများစုပါ။  ကျွန်မတို့က နာမည်ဆန်းဆန်းဆို သိပ် မသိလှဘူးမှတ်လား။  သောက်မယ် ဆုံမယ် ပျော်မယ် ဆိုတာလောက်ပဲ။  ဒါပေမယ့် ကျွန်မ ဒီညမှာ အစားအသောက်အတွက် ရွေးချယ်သင့်တဲ့ ဆိုင်တစ်ဆိုင်အဖြစ် Babett ကို ခံစားလို့ ရခဲ့တယ်။  ကျွန်မ စားခဲ့ဖြစ်တဲ့ အမယ်တွေကတော့ အစုံပါပဲ။ ဈေးနှုန်းတွေက အမြင့်စားချည်းပဲလည်း မဟုတ်ပါဘူး။  Brandada Roll, Croqueta Jamon,  Deep Fried Cala, Ensaladilla, G Board, G Pizza နဲ့ Imported Black Augus Rib Eye  တွေကို  မြည်းစမ်းခဲ့ဖြစ်တဲ့အထဲ  ကျွန်မ သဘောအကျဆုံးက Tapas menu တွေထဲက Brandada Roll နဲ့ Croquesta Jamon ပါ။ 
2 Croqueta Jamon K3000
ပုံစံကတော့ ပမာဏနည်းသလိုနဲ့ တော်တော် စားရတယ်။ Babett ရဲ့ ထူးခြားချက်က  သူ့အမယ်တွေကို  တစ်ယောက် တစ်ပွဲပုံစံမျိုး သီးသန့်မှာစားကြတာမျိုးထက်  တစ်ယောက်နဲ့ တစ်ယောက် Share လုပ်ပြီး စားရတဲ့ပုံစံမျိုးကို ဖန်တီးထားတာပါ။  တစ်ယောက်တည်းဆို ဘယ်ကုန်ပါ့မလဲ။  ဒီ Tapas တွေက  ကျပ် ၃၀၀၀ ပဲ ဆိုတော့ အရသာရှိရှိ ၀၀လင်လင် စားလို့ ရတယ်လို့ ပြောရမှာပဲ။  အရသာကလည်း စိမ့်ပေမယ့် လုံးဝ မအီပါဘူး။  အသီးအရွက်သုတ်ကို စားနေရသလိုပါပဲ။  ဒါကြောင့် စားနေရင်း ငါ ၀ိတ်များတက်မလားဆိုတဲ့ Guilty မျိုးကတော့ လုံးဝ ပေါ်မလာပါဘူး။
5 G Borad K4000
နောက် G Board ကတော့ အသားပြားတွေနဲ့ ချိစ် အရသာအစုံကို Board ပေါ် တင်ပြီး Serve လုပ်တာပါ။  သူကတော့ ကျပ် ၄၀၀၀ ပေါ့။ ဒီဆိုင်မှာ လာစားမယ်ဆိုရင်တော့  အစားကောင်းကောင်း ကြိုက်တဲ့သူလည်း ဖြစ်ရမယ်၊ အစားများများ စားတတ်သူလည်း ဖြစ်ရမယ်၊ နောက် ကိုယ်လို အစားတစ်လိုင်း အဖော် အနည်းဆုံး သုံး၊ လေးယောက်နဲ့ သွားပါလို့ အကြံပေးချင်တယ်။ 
6 G Pizza K15000
ပီဇာဆိုလည်း  တစ်ပွဲကို ၄ ယောက်လောက်တော့ ၀၀ စားလို့ ရတယ်။  တစ်ပွဲမှ ၁၅၀၀၀ ကျပ် ဆိုတော့  တန်လည်း တန်တယ်၊  ပီဇာအရသာ စစ်စစ်ကိုလည်း စားလို့ ရတယ်။   နောက် Imported Imported Black Augus Rib Eye ကတော့ ဈေးက ကျပ် ၄၅၀၀၀ မို့ အတန်ငယ် များတယ် ဆိုပေမယ့် အသားကလည်း  ဒီမှာ စားနေကျ အသားတွေလို မဟုတ်ဘဲ အတော်နူးညံ့တယ်။
3 Deep fried cala K3000
သောကြာညတွေမှာ အသောက်ချည်း သက်သက်ပဲ  ဆိုင်တွေ သွားနေရတာ ငြီးငွေ့လာပြီ၊ အာလူးကြော်၊ ကန်စွန်းရွက်ကြော်၊ ကြက်တောင်ပံကြော်လောက်နဲ့  ထူးမခြားနား ဖြစ်နေပြီဆိုရင် Babett ကို တစ်ခေါက်လောက် လာကြည့်လိုက်ပါ။  အစားကောင်းကောင်းစားရတဲ့အပြင် အဲဒီမှာ ရနိုင်တဲ့ ၀ိုင်ကလည်း  ဈေးသက်သက်သာသာနဲ့ အရည်အသွေးကောင်းတာ အမှန်ပါပဲလို့။  နောက်နေ့ ၀ိုင်သောက်လို့ ခေါင်းထဲ အုံရတာမျိုး မဖြစ်စေရတာ အသေအချာပါပဲ။   ဆိုင်ရဲ့ အပြင်အဆင်ကိုလည်း စိတ်ဝင်စားစရာကောင်းတဲ့ Antique တွေနဲ့  ဖမ်းစားထားတာမို့   Babett မှာ တစ်ခါလောက် Enjoy လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
9 Roasted Baby Carrots K10000

Babett Bar - 5 Alan Pya Pagoda Street, Yangon.

Read More About Restaurants Here


Read times Last modified on Tuesday, 10 October 2017 10:25
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.