Monday, 09 October 2017 03:49

le cellier
Le Cellier မှာ နာမည်ကျော် စားဖိုမှုး Fabien Simon ရဲ့ လျှို့ဝှက်နက်နဲပြီး တစ်သက်မမေ့နိုင်စရာ အချက်အပြုတ် လက်ရာတွေကို ခံစားလို့ရတော့မှာပဲ ဖြစ်ပါတယ်။ Fabien Simon ဟာ ပြင်သစ်နိုင်ငံ၊ Bordeaux မြို့ဇာတိဖြစ်ပြီး ပြင်သစ်ရဲ့ နာမည်ကျော် စားဖိုမှူးတွေ ဖွင့်ထားတဲ့ အထင်ကရ စားသောက်ဆိုင် တစ်ခုမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် စပိန်နိုင်ငံ Barcelona ၊ အီတလီနိုင်ငံ Venice နဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ပေါများတဲ့ Athens မြို့ကြီးတွေ အကြားမှာ လည်ပတ်နေတဲ့ ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှ ဧည့်သည်တွေကို သူရဲ့ အကောင်းဆုံးသော စားသောက်ဖွယ်ရာတွေနဲ့ တည်ခင်းဧည့်ခံလို့ ဧည့်သည်တွေရဲ့ အထူးသဘောကျ နှစ်သက်မှုကို ရရှိခဲ့တဲ့ စားဖိုမှူးတစ်ဦးဖြစ်ပါတယ်။ Fabien Simon ဟာ The Acclaimed Gibbston Valley မှာ Executive Chef ရာထူးနဲ့ လည်းကောင်း၊ Millbrook Resort မှ The Millhouse မှာ Head Chef ရာထူးနဲ့ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာတော့ New Zealand နိုင်ငံမှာရှိတဲ့ သူ့ရဲ့ မိသားစုတွေအတွက် ကိုယ်ပိုင်သီးသန့် စားဖိုမှူးအလုပ်ကို လုပ်ကိုင်ရင်း နာမည်ကျော်ကြား လာသူတစ်ယောက်ဖြစ်ပါတယ်။

Chef Fabien Simonဟာ မြန်မာပြည်ခရီးစဉ်အတွင်းမှ သူရဲ့အကောင်းမွန်ဆုံး လက်ရာတွေနဲ့ လျှာပေါ်မှာ တစ်သက်တာလုံး စွဲကျန်သွားစေမဲ့ အရသာရှိတဲ့ အစားအသောက်တွေကို မြန်မာပြည်သူတွေ ခံစားနိုင်ဖို့အတွက် ယခုလ (အောက်တိုဘာ) ၁၁ရက်နေ့ကစပြီး အောက်တိုဘာ လကုန်တဲ့အထိ Le Cellier Restaurant မှာ ရှိနေမှာပါ။ ဒါကြောင့် သင့်ရဲ့ခံတွင်းကနေ အရသာခံတဲ့ အစိတ်အပိုင်းတွေကို ပြိုင်ဖက်ကင်းပြီး အရသာရှိလှတဲ့ အစားအသောက်တွေ ခံစားဖို့ အခွင့်ရေးရှိတာမို့ လက်မလွှတ်သင့်ပါဘူးနော်။

Le Cellier - အမှတ်၄၅၉၊ ပြည်လမ်း၊ နိုဗိုတယ်ဟိုတယ်၊ ၁၄လွှာ။ ဖုန်း - 01 230 5858

Read More About Restaurants Here


Read 233 times Last modified on Monday, 09 October 2017 03:56
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.