Tuesday, 12 September 2017 04:26

8 color xlb
စင်ကာပူအခြေစိုက်ဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ်နှင့် ဖီလစ်ပိုင်နိုင်ငံ အစရှိတဲ့ အာရှနိုင်ငံတစ်လွှားမှာ Outlet ပေါင်းများစွာ ဖွင့်လှစ်ထားတဲ့ Paradise Dynasty ဟာ အခုဆိုရင် ရန်ကုန် Junction Square Extension မြေညီထပ်မှာ လာမယ့် စက်တင်ဘာ ၁၄ ရက်က စပြီး ဖွင့်လှစ်တော့မှာပါ။ Paradise Dynasty အနေနဲ့ မူလအရသာ၊ ဂျင်ဆင်း၊ ငန်းအသည်း၊ ရှားပါးမှိုနက်၊ ဂဏန်းဥ၊ ချိ(စ်)၊ ကြက်သွန်ဖြူ၊ စီချွမ်အရသာ စတဲ့ အရသာရှစ်မျိုးရှိတဲ့ ရှောက်လုံးပေါင်း (Xiao Long Bao) ဖြစ်တဲ့ ပထမဆုံး အမျိုးအစားအသစ်ကို တည်ခင်းရောင်းချမယ်လို့ ဆိုပါတယ်။
sea food lamian
ရှောက်လုံးပေါင်း (Xiao Long Bao) ဟင်းလျာဟာ Paradise Group Holdings Pte Ltd ရဲ့ CEO ဖြစ်တဲ့ Mr Eldwin နဲ့ အတူ သူ့ရဲ့စားဖိုမှုးအဖွဲ့သားတွေက အကြိမ်ကြိမ်အခါခါ စမ်းသပ်မြည်းစမ်းကြည့်ပြီးမှ ရရှိလာတဲ့ ထူးခြားတဲ့ ဟင်းလျာအရသာတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Paradise Dynasty မှာ မုန်လာဥ ဂျုံပိုးတီကြော်၊ အလွှာကိတ်မွှေး၊ ၀က်နံရိုးစွပ်ပြုတ်၊ ကောက်ညှင်းအစာသွပ် စွန်ပလွန်သီးပေါင်း၊ ပီကင်းတော်ဝင် ၀က်စဉ်းကောကြော်၊ ဂုံးခြောက်နဲ့ ငါးကြက်ဥမွှေ၊ စီချွမ်မာလာငါးဟင်း၊ စီချွမ် ငရုတ်မွှေးကြက်သားကြော်၊ ပင်လယ်စာခေါက်ဆွဲပြုတ် စတဲ့ ဟင်းလျာတွေအပါအ၀င် တရုတ်ဟင်းလျာ အမျိုးအစားပေါင်း ၉၀ ကျော်ကို ရောင်းချပေးမှာပါ။
pork in black bean sauce

Read More About Restaurants Here


Read 343 times Last modified on Tuesday, 12 September 2017 04:36
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.