Tuesday, 12 September 2017 02:40

Volume 2 Issue 01 8
ဆီးချိုတွေ၊ အ၀လွန်မှုတွေရဲ့ တရားခံဟာ ကိုယ် နေ့စဉ် စားသုံးနေမိတဲ့ အစားအစာတွေထဲ ရှိနေတယ်ဆိုတာကို သိပါရဲ့လား။ သကြားကို ဟန်ချက်ညီညီစားသုံးရင် ကျန်းမာရေးကို မထိခိုက်စေနိုင်ပေမယ့် ဆေးသကြားလို အရာမျိုးတွေ အလွန်အကျွံ စားသုံးမိရင်တော့ ဗိုက်ရွှဲတာ ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်ပေါ်လာနိုင်တာပါ။ ကဲ ဆေးသကြားပါဝင်တဲ့ စာဖတ်သူတို့ မသိသေးတဲ့ အစားအသောက်လေးတွေ ကြည့်လိုက်ရအောင်။
Ketchup Ketchup (ငရုတ်ဆီ)
ကြက်ကြော်စားရင် တွဲစားလေ့ရှိတဲ့ Ketchup တွေဟာ ဂျုံအပါအဝင် သကြားတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတာပါ။ ဒါပေမယ့် တစ်ခါတရံ အရသာကောင်းစေဖို့ ဆေးသကြားတွေလည်း သုံးရတာမျိုး ရှိတယ်လေ။
Whole-wheat bread (ပေါင်မုန့်ဖြူ)
ပေါင်မုန့်မှာ ပေါင်မုန့်ဖြူနဲ့ ပေါင်မုန့်ညို ဆိုပြီးရှိပါတယ်။ ပေါင်မုန့်ညိုက အချိုပါဝင်မှုမရှိဘဲ အဟာရပြည့်ဝတဲ့ ပေါင်မုန့်မျိုးပါ။ နေ့စဉ်စားသုံးနေကျ ပေါင်မုန့်ဖြူကတော့ သကြားပါဝင်တယ်လေ။ ဒါ့အပြင် ပေါင်မုန့်မီးကင်တာ၊ ဖုတ်တာတွေမှာ အဆင်ပြေဖို့လည်း အချို့အမှတ်တံဆိပ်က ဆေးသကြားတွေ ထည့်ထားလေ့ ရှိပါတယ်။
Salad dressing (အသုတ်)
အချို့ Salad (အသုတ်) အပြင်အဆင်တွေမှာ ဆေးသကြားလို အရာမျိုးတွေ ထည့်သွင်းထားပါတယ်။ သကြားရယ်လို့တော့မဟုတ်ပေမယ့် ဆေးသကြားပါဝင်တဲ့ အရက်မျိုးတွေပေါ့။ ဒါကြောင့် အပြင်အသုတ်တွေကို မသင်္ကာဘူးဆိုရင် ကိုယ့်ဘာသာ ကိုယ်လုပ်တာ အကောင်းဆုံးပါပဲ။
Greek Yogurt (ဒိန်ချဉ်)
ဒိန်ချဉ်ဟာ ကျန်းမာရေးနဲ့ အရမ်းသင့်တော်တယ်ဆိုတာ ဟုတ်တာပေါ့။ ဒါပေမယ့် ဆေးသကြားထည့်ထားတဲ့ ဒိန်ချဉ်ဆိုရင်တော့ ဘာမှထူးမှာမဟုတ်ပါဘူး။ ဒိန်ချဉ်မှာ သကြားပါဝင်မှု အရမ်းများတော့ ဆေးသကြား ပါဝင်တာကိုတောင် သတိထားမိမှာမဟုတ်ပါဘူး။
Granola and Other Cereals (ကွေကာအုပ်)
ကွေကာအုပ်ဟာ ဖြည့်စွက်စာလို့ ဆိုပေမယ့် သကြားစစ်စစ်နဲ့ ပြုလုပ်ထားမှသာ အဟာရ ရှိမှာပါ။ ဆေးသကြားတွေနဲ့သာ ပြုလုပ်ထားမယ်ဆိုရင် စားသုံးဖို့ ဘယ်လိုသင့်တော်ပါတော့မလဲ။
Sugar-free Chewing Gum (သကြားမပါတဲ့ ပီကေ)
အစားအသောက်မဟုတ်ပေမယ့် သကြားမပါဘူးဆိုတိုင်း ဝါးနေရမယ့် အရာမဟုတ်ဘူးလေ။ သကြားမပါဝင်ဘူးဆိုပေမယ့် ပါးစပ်ထဲအရသာရှိနေအောင် ဆေးသကြား အနည်းငယ်ထည့်ထားပြီး စားမယ်ဆိုရင်လည်း လေထိုးလေအောင့်တွေ ဖြစ်နိုင်တာပဲပေါ့။

ရဲထွဋ်
Read More About Food & Restaurants Here


Read times Last modified on Tuesday, 12 September 2017 02:55
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.