ďťż
Friday, 18 August 2017 04:39

khin yupa
ဒီတစ်ပတ်ရဲ့ CELEBRITY'S CHOICE ကဏ္ဍမှာတော့ မော်ဒယ် ခင်ရူပက သူလတ်တလော သွားဖြစ်နေတဲ့ Bar လေးတွေအကြောင်းကို ပြောပြထားလိုက်ပါတယ်။

Harry's Bar
" Harry's Bar ကတော့ သူငယ်ချင်းတွေစုံရင် သွားဖြစ်တယ်။ Nightout အတွက် Fuse ဆက်သွားချင်တဲ့ အခါမျိုးမှာ Harry's Bar ကို ရွေးချယ်ဖြစ်တယ်" လို့ မော်ဒယ်လ် ခင်ရူပက ပြောပါတယ်။ Harry's Bar က စင်ကာပူနိုင်ငံရဲ့ နာမည်ကြီး Bar တစ်ခုဖြစ်ပြီး ရန်ကုန်မှာတော့ မြန်မာပလာဇာမှာ ပထမဆုံး ဖွင့်လှစ်ထားတာပါ။ Harry's Bar ရဲ့ အဓိက နာမည်ကြီး တာကတော့ HPL (Harry's Premium Larger) Beer ပဲ ဖြစ်ပါတယ်။ HPL Beer ကို Full Pint နဲ့ Half Pint ဆိုပြီး ကိုယ်သောက်နိုင်သလောက် မှာလို့ရပါတယ်။ ဘီယာနဲ့ တွဲဖက်စားနိုင်ဖို့ အမြည်းကိုလည်း Harry's မှာ အစုံရနိုင်ပြီး Chiptease အာလူးကြော်၊ Chicken Tendoor Skewers နဲ့ Sausage Platter တို့ကတော့ မှာသင့်တဲ့ Hot Item တွေပါပဲ။ Harry's Bar မှာ အဓိကရနိုင်တာက HPL Beer ဆိုပေမယ့် အခြားဘီယာတွေလည်း ရနိုင်ပါသေးတယ်။ ဘောလုံးပွဲလည်း ပြတတ်ပြီး Music Band တွေရဲ့ ဖျော်ဖြေမှုကိုလည်း Harry's Bar မှာ ခံစားနားဆင်နိုင်ပါတယ်။
harry
Harry's Bar
Myanmar Plaza
ဖုန်း - ဝ၉ ၇၇၇ ၇၀၈၃၉၅

Roof Alchemy
ခင်ရူပ နောက်ထပ်ရွေးချယ်ထားတဲ့ Bar တစ်ခုကတော့ Roof of Alchemy ပါ။ Roof က ကော့တေးတွေက တခြား Bar တွေနဲ့ မတူဘူးလို့ ခင်ရူပက ပြောပါတယ်။ Roof Alchemy ရဲ့ အမိုက်စား ကော့တေးတွေက ခင်ရူပ ပြောသလိုပဲ Customer တွေကြားမှာလည်း နာမည်ကျော် လူကြိုက်များပါတယ်။ Molecular Cocktail တွေ၊ ဓာတုဗေဒဆန်ဆန် ရောင်စုံ Cocktail တွေက Roof ရဲ့ Signature Cocktail တွေပါပဲ။ အရသာရှိတဲ့ Snacks တွေနဲ့ စပိန်ရိုးရာ အစားအစာ Tapas၊ ထူးခြားတဲ့ ကော့တေးတွေနဲ့အတူ မြူးကြွတဲ့ တေးသွားတွေက Roof Alchemy မှာ ထိုင်ရတဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။
roof
Roof Alchemy
Yangon Internation Hotel Compound ၊ ဒဂုံမြို့နယ်။
ဖုန်း - ဝ၉ ၂၅၄၂၇၂၄၆၀

Read More About Bars & Restaurants Here


Read 315 times Last modified on Friday, 18 August 2017 05:04
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.