Friday, 18 August 2017 04:17

fried apple
ကလေးတွေ အကြိုက်တွေ့စေမယ့် ပန်းသီးကြော် ပြုလုပ်နည်းလေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့
အမယ်တွေကတော့  
ပန်းသီး၊ ဂျုံမှုန့်၊
သကြား၊ Baking Powder၊ ဆား၊ နွားနို့၊ ကြက်ဥ၊ ဆီတို့ ဖြစ်ပါတယ်။

ပြုလုပ်နည်း
ပထမဦးဆုံး ပန်းသီးကို အခွံနွှာ အတုံးကလေးတွေ တုံးပြီး ဂျုံမှုန့်၊ သကြား၊ Baking Powder၊ ဆားတို့ကို နှံ့အောင် မွှေထားပါ။ ပြီးရင် ကြက်ဥကို ခေါက်ပြီး ထည့်ပါ။ နွားနို့၊ ဆီတို့ကိုလည်း ထည့်ပြီး နှံ့အောင် မွှေထားပါ။ ဒယ်အိုးထဲ ဆီထည့်ကာ အပူပေးပြီး ဆီပူလာရင် မွှေထားတာတွေကို ထမင်းစားဇွန်းနဲ့ တစ်ဇွန်းစာစီ ခပ်ပြီး ဆီအိုးထဲ ထည့်ကြော်လိုက်ပါ။

တစ်ဖက်ကို မိနစ်အနည်းငယ်ခန့် ကြာတဲ့အထိ ကြော်ပြီး အညိုရောင်သန်းလာရင်တော့ ဆန်ခါထဲထည့်ကာ ဆီစစ်ထားပါ။ ဆီစစ်သွားပြီဆိုရင်တော့ ပန်းသီးကြော် ပူပူလေးကို သကြားဖြူးပြီး စားနိုင်ပါတယ်။ အရသာရှိပြီး ထူးထူးဆန်းဆန်းလေးလည်းဖြစ်တော့ ကလေးတွေလည်း အကြိုက်တွေ့မှာပါနော်။

ဝင်းဝင်းထွေး
Read More About Recipe Here


Read times Last modified on Friday, 18 August 2017 04:25
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.