Tuesday, 08 August 2017 04:46

banana
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဖျော်ရည် ပြုလုပ်နည်းကိုလည်း ပြောပြမယ်နော်။

အစာလည်း ဆေး၊ ဆေးလည်း အစာလို့ ဆိုရိုးရှိသလို သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်တွေဟာ ခန္ဓာကိုယ် အလေးချိန် ထိန်းလိုသူတွေအတွက် အထူး သင့်လျော်ပါတယ်။ အစာမကြေတာ၊ ရင်ပူတာ၊ အော့အန်တာအပြင် အစာကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေအတွက် ငှက်ပျောသီးနဲ့ ချင်းဖျော်ရည်က အကောင်းဆုံး သဘာဝဆေးတစ်ခွက် ဖြစ်ပါတယ်။ လိုအပ်တဲ့ အမယ်တွေကတော့ ငှက်ပျောသီးတစ်လုံး ကို ပါးပါး လှီးထားပါ။ ဗင်နီလာဒိန်ချဉ်ကို ၆ အောင်စခန့်ထည့်၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်၊ ချင်းအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီးနောက် ပါဝင်ပစ္စည်းတွေ အားလုံးကို ဖျော်စက်ထဲထည့်ကာ တစ်မိနစ်ခန့် ကြိတ်လိုက်ပါ။ ပြီးရင် ဖန်ခွက်ထဲ ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ချင်းငှက်ပျောဖျော်ရည် မွှေးမွှေးလေးတစ်ခွက် ရပြီပေါ့။            

ဝင်းဝင်းထွေး
Read More About Recipe Here


Read 286 times Last modified on Tuesday, 08 August 2017 04:53
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.