Friday, 04 August 2017 09:58

crab
ဒီတစ်ပတ်မှာတော့ ပင်လယ်စာ ကဏန်း ကြိုက်သူတွေအတွက် အိမ်မှာ လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ကဏန်း အုန်းနို့ မဆလာဟင်း ချက်နည်းကို ပြောပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ အမယ်တွေကတော့
ကဏန်း၊ ကြက်သွန်မြိတ်၊ သကြား၊ ဆီ၊ ဆား၊ ငရုတ်သီးတောင့် အနီ၊ ငံပြာရည်၊ ဟင်းခပ်မှုန့်၊ မန်ကျည်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ နနွင်းမှုန့်၊ ငရုတ်သီးအပွ၊ မဆလာနဲ့ အုန်းနို့ တို့ပဲဖြစ်ပါတယ်။
အရင်ဆုံး ကဏန်းကို ရေဆေးသန့်စင်ပြီး ခြေလက် သတ်သတ်ဖယ်ကာ အကောင်ကြီးရင် နှစ်ပိုင်းပိုင်းထားပါ။ ပြီးရင် ငံပြာရည်၊ ဟင်းခပ်မှုန့်တို့နဲ့ ရောနယ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဒဲကော၊ စပါးလင်၊ ငရုတ်သီးတို့ကို ညက်နေအောင် ထောင်းထားပါ။ ပြီးရင် ဒယ်အိုးထဲကို ဆီထည့်ပြီး အုန်းနို့ကို ရေခမ်းပြီး မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ ညက်နေအောင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပတဲကော၊ စပါးလင်၊ ငရုတ်သီးတို့ကိုပါ ရောပြီး ဆီသတ် ပေးပါ။ ပြီးတော့မှ ကဏန်းတွေ ပေါင်းထည့်ပြီး မွှေပေးရမှာပါ။ ငံပြာရည်၊ သကြား၊ ဟင်းခပ်မှုန့်တို့ ထည့်ပြီး ကဏန်း မြုပ်တဲ့အထိ ရေထည့်၊ အဖုံးဖုံးထားပါ။ မဆလာ၊ ကြက် သွန်မြိတ်၊ ငရုတ်သီးတောင့်အနီတို့ ရောထည့်ပြီးရင်တော့  မီးဖိုပေါ်က ချကာ ကဏန်းအုန်းနို့ မဆလာဟင်းကို အရသာ ရှိရှိ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

ဝင်းဝင်းထွေး
Read More About Recipe Here


Read 272 times Last modified on Friday, 04 August 2017 10:07
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.