Monday, 31 July 2017 03:25

Restaurant
မာလာဟင်းချစ်သူတွေအတွက် Savory Ma La Xiang Guo & Thai Food

အခုနောက်ပိုင်းမှာ မာလာရှမ်းကောကို ကိုယ်လိုချင်သလောက် အရွက်တွေ ၊ အသားတွေကို ဂရမ်နဲ့ချိန်ပြီး အရသာကိုလည်း ကိုယ်ပြောသလိုလုပ်ပေးတဲ့ မာလာရှမ်းကောဆိုင်လေးတွေ များလာပါတယ်။ အဲဒီလို ဆိုင်လေးတွေ ရှိလာတာက အစားအသောက် ကြေးများတဲ့သူတွေအတွက်တော့ တော်တော်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် မာလာရှမ်းကောကို အရမ်းကြိုက်တဲ့သူတွေအတွက်တော့ budget ထိခိုက်တာပေါ့နော်။ အခု မာလာရှမ်းကောကို Buffet စားလို့ရမယ့် Savory Ma La Xiang Guo & Thai Food ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဘူဖေးမှာ အသီးအရွက်၊ခေါက်ဆွဲ၊ အာလူး၊ ကြာစွယ် စတဲ့ အသီးအရွက် ၂၈ မျိုးလောက် ပေးထားပါတယ်။ အသားအတွက်ဆို ပုစွန်၊ ကြက်သား၊ ဝက်သား၊ ဝက်/ကြက်အူချောင်း၊ ကဏန်းချောင်းနဲ့ ၁၀မျိုးကျော်လောက် ပေးထားပါတယ်။ ထမင်းတစ်လုံး ပါမယ်။ Juice က ၃မျိုး ပေးထားပါတယ်။ အဝသောက်ပါ။ မာလာဟင်းက အရည်/အသုပ် နှစ်မျိုး ရနိုင်ပါတယ်။ ပုံမှန်ဈေးက တစ်ယောက်ကို ၉၉၀၀ကျပ်ကျသင့်မှာဖြစ်ပြီး အခု promotion အနေနဲ့ ဇူလိုင်၁၆ရက်နေ့ကနေ သြဂုတ် ၃၁ ရက်အထိကို အပတ်စဉ် တနင်္လာကနေ သောကြာနေ့တိုင်း နေ့လယ် ၁၁ နာရီကနေ ညနေ ၅ နာရီအတွင်း တစ်ယောက်ကို ၉၀၀၀ ကျပ်နဲ့ ၅ယောက်လာ ၁ယောက် free ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မာလာရှမ်းကောကြိုက်တဲ့ သူငယ်ချင်းတွေအတွက် ဒီတစ်ပတ် သွားစရာနေရာအဖြစ် Savory Ma La Xiang Guo & Thai Food ကို My Yangon ကနေ ညွှန်းပေးလိုက်ပါတယ်နော်။
Savory Ma La Xiang Guo & Thai Food
Asia Business Center၊ ၄၈လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ အခန်းအမှတ် ၆၀၊ မြေညီထပ်၊ ဗိုလ်တထောင်မြို့နယ်။
ဖုန်း - ၀၉ ၄၂၁၀၀၅၅၉၄
cho

CHO Japanese Dining & Bar ရဲ့ Promotion
Sedona Hotel ရဲ့ ပထမထပ်မှာ ရှိတဲ့ Cho Japanese Dining & Bar မှာ အဓိကအားဖြင့် Japanese အစားအစာ Sushi နဲ့ Teppayaki တို့ကို ရရှိနိုင်ပါတယ်။ Teppayaki ဆိုတာက သံပြားကို အသုံးပြုပြီး အသားတွေကို Grilled လုပ်ကာ စားသုံးရတဲ့ ဂျပန်အစားအစာပဲ ဖြစ်ပါတယ်။ Cho မှာ sushi နဲ့ လတ်ဆတ်တဲ့ Import seafood တွေ ၊ sashimi နဲ့ သံပခြုပ်တွေ ၊ အသားတွေကို ရရှိနိုင်ပါတယ်။ Drinks တွေအနေနဲ့လည်း international cocktails နဲ့ beer ၊ Japanese wiskey မျိုးစုံကိုလည်း ရနိုင်ပါတယ်။ Happy Hour အနေနဲ့လည်း beverages အကုန်လုံးကို နေ့စဉ် မနက် ၁၁ နာရီကနေ ည ၁၀ နာရီအထိ buy one get one ရနိုင်မှာပါ။ အဲဒါအပြင် Cho Japanese Dining & Bar မှာ ဇူလိုင် ၂၃ ရက်က စပြီးတော့ Hokkaido ကနေ import လုပ်ထားတဲ့ Uni (သံပခြုပ်) ကို Stock ရှိသလောက်အထိ 50%တောင် promotion လုပ်ထားပါတယ်။ ကဲ….ဒီတစ်ပတ်တော့ အရသာကောင်းမွန်တဲ့ Import Uni ကို မြည်းစမ်းဖို့အတွက် Cho Japanese Dining & Bar ကို My Yangon ကနေ ညွှန်းပေးလိုက်ပါတယ်။
CHO Japanese Dining & Bar
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်။
ဖုန်း - ၀၉ ၂၅၈၃၂၂၂၂၃
al

Seafood Lover တွေအတွက် Atlantide Night
Seafood lover တွေအတွက် The Penthouse ရဲ့ Atlantide Night အကြောင်း ပြောပြပေးပါ့မယ်။ The Penthouse မှာ စနေနေ့ ည ၇ နာရီကနေ ၉ နာရီအတွင်းမှာ Atlantide Night က ရှိနေမှာပဲ ဖြစ်ပါတယ်။ Atlantide Night က ဘယ်လိုအစီအစဉ်လေးလဲဆိုတော့ Seafood Platter အပြင် House wine နဲ့ beer တွေက Free Flow ပါဝင်မှာပါ ။ တစ်ယောက်ကို 33USD ပဲ ကျသင့်မှာဖြစ်ပါတယ်။ စားသောက်ပြီးတဲ့နောက်မှာလည်း ည ၁၀ နာရီမှာ ပြုလုပ်တဲ့ Party ကို ၀င်Join လို့ ရပါသေးတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ စနေနေ့မှာတော့ The Penthouse ရဲ့ Atlantide Night ကို MY Yangon ကနေ Shout out လုပ်လိုက်ပါတယ်။
The Penthouse
အမှတ် ၂၇၁/၂၇၃၊ ဗားဂရာလမ်း၊ ရန်ကုန်။
ဖုန်း - ၀၉ ၇၇၁၂၃၉၉၂၄

Read More About Restaurants Here


Read times Last modified on Friday, 04 August 2017 08:51
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.