Thursday, 27 July 2017 10:14

shwewongli1
ဒီတစ်ပတ်မှာတော့ လမ်း၄၀ အပေါ်ဘလောက်မှာ ရှိတဲ့ Shwe Wong Li Chicken pot ဆိုတဲ့ ဆိုင်လေးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ပထမဆုံး ဆိုင်အပြင်အဆင်လေးက သပ်သပ်ရပ်ရပ်လေးနဲ့ နံရံမှာလည်း မြေအိုးဟင်းရဲ့ သမိုင်းကြောင်းကို ရှင်းပြထားတဲ့ စာလေးတွေ ကပ်ထားပါတယ်။ ဟင်းပွဲမှာပြီး မရောက်ခင်မှာ ဗဟုသုတလည်းရ၊ အပျင်းလည်း ပြေအောင် ဖတ်လို့ ရတာပေါ့နော်။ Shwe Wong Li မှာ ကြက်သားမြေအိုး၊ အမဲသားမြေအိုး စသဖြင့် မြေအိုးဟင်းတွေကို အဓိက ရနိုင်ပါတယ်။ ကြက်သားမြေအိုးဟင်းက တရုတ်ရိုးရာဟင်းတစ်မျိုး ဖြစ်ပြီး ရန်ကုန်မှာ ပုံမှန်စားနေကျ ပုံစံမျိုးမဟုတ်ဘဲ သူ့ဟင်းပွဲတွေကို စားရတာ နည်းနည်းတော့ဆန်းပါတယ်။ မြေအိုးဟင်းလို့ မှာလိုက်ရင် မြေအိုးလေးနဲ့ထည့်ပြီး အရသာရှိလှတဲ့ ဆော့နဲ့ ချက်ထားတဲ့ ကြက်သားလေးနဲ့အတူ ထမင်းတစ်လုံး၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဟင်းရည်ပါ တစ်ပါတည်း ပါပါတယ်။

မြေအိုးထဲက ဟင်းကို အရင်စားပြီးမှ အဲဒီအိုးထဲကို ဟင်းရည်နဲ့အတူ ဟင်းသီးဟင်းရွက်တွေကို Hot Pot လို ပုံစံမျိုးလုပ်ပြီး စားရတာပါ။ ပူစပ်တဲ့ အရသာရှိတာကြောင့် အခုလို မိုးအေးတဲ့ ရာသီလေးမှာ Hot Pot တွေ စားရတာလည်း ရိုးလာပြီဆိုတော့ ဆန်းသစ်တဲ့ ပုံစံနဲ့ Shwe Wong Li Chicken Pot ဟာ ရွေးချယ်စရာ ဆိုင်လေးတစ်ဆိုင်ပါလို့ MY YANGON က ညွှန်းပေးလိုက်ပါတယ်။
shwewongli
အမှတ် ၂၈၇ ၊ မြေညီထပ် ၊

လမ်း ၄၀ အပေါ်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ဝ၉ ၄၂၅၁၃၃၁၂၀

သီသီဟန်သောင်း
Read More About Restaurants Here


Read 290 times Last modified on Thursday, 27 July 2017 10:24
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.