Thursday, 27 July 2017 08:13

beer factory
စက်ရုံအကြမ်းထည်ဒီဇိုင်းနဲ့ ထူးခြားဆန်းပြားစွာ ပြင်ဆင်ထားတဲ့ The Beer Factory ဆိုင်သစ်ကို အမှတ် ၁၀-A၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်မှာ ဇူလိုင် ၂၇ ရက် ညနေပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။

The Beer Factory မှာ နာမည်ကြီး ဘီယာ၊ ကော့တေးတွေအပြင် အရှေ့တိုင်း အစားအစာ၊ အနောက်တိုင်း အစားအစာတွေ၊ ပေါ့ပေါ့ပါးပါး စားလို့ရမယ့် နှုတ်မြိန်စာတွေ ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် ညစာကို အရသာရှိရှိ သုံးဆောင်လိုသူတွေအတွက်ပဲဖြစ်ဖြစ်၊ လျှာရင်းမြက်မယ့် သွားရည်စာတွေကို ဘီယာအေးအေးလေးနဲ့အတူ သုံးဆောင်လိုသူတွေအတွက်ပဲဖြစ်ဖြစ် The Beer Factory က အဆင်ပြေစေမှာပါ။
“စက်ရုံဒီဇိုင်း ပြင်ဆင်ထားတဲ့အတွက် လာရောက်တဲ့သူတွေလည်း ပေါ့ပေါ့ပါးပါးနဲ့ လာလို့ရမယ်။ ဈေးနှုန်းသက်သက်သာသာနဲ့ Enjoy လုပ်နိုင်အောင်လည်း စီစဉ်ထားပါတယ်” လို့ The Beer Factory မှ Johnathan Lim က ပြောပါတယ်။
The Beer Factory ဟာ မလေးရှားနိုင်ငံက ဘားတစ်ခု ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်အတွင်း မလေးရှားနိုင်ငံ၊ Sunway Giza မှာ စတင်ဖွင့်လှစ်ခဲ့ပြီး နာမည်ကြီး လူကြိုက်များတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုင်ခွဲပေါင်း ၁၂ ဆိုင်အထိ ရှိလာပြီး The Beer Factory ရန်ကုန်ဆိုင်ခွဲဟာ မလေးရှားနိုင်ငံ ပြင်ပက ပထမဆုံး ဆိုင်ခွဲတစ်ခု ဖြစ်ပါတယ်။
ရန်ကုန်ညကို ပါတီဆန်ဆန် အသွင်အပြင်နဲ့ ခံစားသက်ဝင်လိုသူတွေအတွက်လည်း The Beer Factory ကနေ ဖွင့်လှစ်ထားတဲ့ The Attic ရှိပါသေးတယ်။ The Attic ကတော့ စက်ရုံဒီဇိုင်း ပြင်ဆင်မှုနဲ့အတူ တောက်ပတဲ့ နံရံဒီဇိုင်းတွေ၊ စင်မြင့်ထက်က ရောင်စုံ လေဆာတန်းတွေနဲ့ ထူးခြားစွာ ဆွဲဆောင်နေပါတယ်။ Weekend မှာ ပြည်တွင်းပြည်ပ DJ တွေက နောက်ဆုံးပေါ် သံစဉ်တွေနဲ့ တီးခတ်ဖျော်ဖြေမယ့် အစီအစဉ်လည်း ရှိနေပါတယ်။ အကောင်းဆုံး ဘီယာတွေကို သောက်သုံးရင်း သံစဉ်တွေနဲ့ မြူးကြွချင်သူတွေအတွက် The Attic ကလည်း အဆင်ပြေစေမယ့် နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
Read More About Bars & Restaurants Here


Read 343 times Last modified on Thursday, 27 July 2017 08:20
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.