ďťż
Wednesday, 26 July 2017 03:33

RESTAURANTS
လကုန်ခါနီး အချိန်လည်း ရောက်ပြီဆိုတော့ ရန်ကုန်မြို့မှာ ရှိတဲ့ ဈေးသက်သာတဲ့ ဆိုင်ကောင်းလေးတွေကို My Yangon က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ရွှေ - အာဟာရ
ရွှေ - အာဟာရ ဆိုတဲ့ ဆိုင်လေးကတော့ သရုပ်ဆောင် ရတနာခင်တို့ ဇနီးမောင်နှံ ဖွင့်ထားတဲ့ ဆိုင်လေးပါ။ ရွှေ - အာဟာရမှာ ထမင်းနဲ့ အသားဟင်း တစ်မျိုး ၊ အရွက်ကြော်တစ်မျိုးကိုမှ ၅၀၀ ကျပ်ပဲ ကျသင့်မှာဖြစ်ပြီး မနက်စာ အစားအစာတွေ ဖြစ်တဲ့ နန်းကြီးသုပ်၊ နန်းပြားသုပ်၊ ရွှေတောင်ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ တွေအပြင် ပလာတာ၊ ကြေးအိုးတို့ကိုပါ ရနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကလည်း ၂၀၀ ကျပ်ကနေ ၁၅၀၀ ကျပ် ပတ်ဝန်းကျင်သာ ကျသင့်မှာဖြစ်လို့ တော်တော်လေးကို ဈေးသက်သာတယ်လို့ ဆိုရမှာပါ။ ဟင်းတွေကို နေကြာဆီနဲ့ ချက်တာမို့ ကျန်းမာရေးအတွက် စိတ်ချရသလို မလိုင်အပြည့်နဲ့ စီလုံTeaလည်း ရနိုင်ပါသေးတယ်။ ရွှေ - အာဟာရဆိုင်ကို ဆိုင်ခွဲ နှစ်ဆိုင်ဖွင့်လှစ်ထားပြီး မနက် ၈ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
ရွှေ - အာဟာရ ဆိုင်အမှတ် (၁)                                                  
အမှတ် ၆/ ၈၊ ဗျိုင်းရေအိုးစင်လမ်း၊ တာမွေမြို့နယ်။               
ဖုန်း - ၀၉ ၂၅၄၀၉၀၀၀၁   
ရွှေ - အာဟာရ ဆိုင်အမှတ် (၂)     
အမှတ် ၂၆၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်။    
ဖုန်း- ၀၉  ၂၅၄၀၉၀၀၀၁                                   
price
ဈေးနှုန်းချိုချို
ဈေးနှုန်းချိုချိုကတော့ နာမည်ကြီး မြန်မာထမင်းဆိုင်ဖြစ်တဲ့ ဓနုဖြူ ဒေါ်စောရီရဲ့ ဈေးသက်သာကောင်းမွန်တဲ့ ဆိုင်ခွဲတစ်ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်နေရာက မြေနီကုန်း Dagon Center ရှေ့က မဟာဘောဂလမ်းမှာ ရှိတာကြောင့် သွားလာရ လွယ်ကူပါတယ်။ ဆိုင်အပြင်အဆင်လေးကလည်း သပ်သပ်ရပ်ရပ်နဲ့ နှစ်ထပ်ရှိတာမို့ ကျယ်ဝန်းတဲ့အပြင် ဆိုင်ထဲမှာ လက်ဆေးဘေစင်လည်း ထားပေးထားပါတယ်။ ဒီဆိုင်လေးကလည်း နာမည်လေးအတိုင်းပဲ ဈေးနှုန်းတော်တော်သက်သာတာကို တွေ့ရပါတယ်။ ဈေးနှုန်းချိုချိုမှာ ရွှေထမင်းသုပ်  ရွှေထမင်းအိုးလူးနဲ့ အသုပ်ဆိုပြီး Menu ကို သုံးမျိုးခွဲထားပါတယ်။ အဲဒီခေါင်းစဉ်သုံးမျိုးအောက်မှာမှ ဟင်းပွဲပေါင်း၂၀ ကျော်ကို ရနိုင်ပါတယ်။ ရွှေထမင်းသုပ်ထဲမှာဆိုရင် ဖွားစောရွှေ ထမင်းသုပ်၊ ပန်းတောင်း-ရွှေထမင်းသုပ် စတဲ့ နာမည်ဆန်းဆန်းလေးတွေ ရှိပြီး ရွှေထမင်းအိုးလူးထဲမှာဆိုရင် ငါးသလောက် ထမင်းအိုးလူး၊ ဆိတ်ထမင်းအိုးလူး စတာတွေ ရနိုင်ပါတယ်။ မြန်မာထမင်းဟင်းကိုလည်း ဓနုဖြူ ဒေါ်စောရီရဲ့ လက်ရာအတိုင်း ဈေးနှုန်းသက်သက်သာသာနဲ့ ရနိုင်ပါသေးတယ်။ ဒါ့အပြင် ကော်ဖီနဲ့ လက်ဖက်ရည်လည်း ရနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့က ၃၀၀ ကျပ်ကနေ ၁၅၀၀ ကျပ် ပတ်ဝန်းကျင်သာ ကျသင့်မှာပါ။ ဈေးနှုန်းချိုချိုကို မနက် ၇ နာရီခွဲကနေ ည ၈ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
ဈေးနှုန်းချိုချို
အမှတ် ၁၃/၁၅၊ မဟာဘောဂလမ်း၊ မြေနီကုန်း။
ဖုန်း - ၀၉ ၂၆၀၀၂၇၇၇၈
shwekyar
ရွှေကြာ
ရန်ကုန်မှာ မြန်မာထမင်းဟင်းကို ၁၅၀၀ကျပ်နဲ့ ဘူဖေးစားသုံးနိုင်တဲ့ တစ်ခုတည်းသော ဆိုင်က ရွှေကြာပါ။ ရွှေကြာက တောင်ကြီးမှာလည်း ဘူဖေးဆိုင်ဖွင့်ထားပြီး ရန်ကုန်မှာ ဆိုင်ခွဲအနေနဲ့ လာဖွင့်ထားတာလို့ သိရပါတယ်။ ဆိုင်လေးက မြေညီထပ်မှာ ဖြစ်ပြီး အပြင်အဆင်လေးကလည်း ခမောက်လေးတွေနဲ့ အလှဆင်ထားပြီး သပ်သပ်ရပ်ရပ်လေး ပြင်ထားပါတယ်။ ဟင်းတွေကလည်း တော်တော် စုံပါတယ်။ ဝက်သားနီချက်၊ ဝက်စတူး၊ ကြက်ချိုချဉ်၊ ကြက်ကုန်းဘောင်၊ ကြက်စဉ်းကော၊ ကြက်ပင်စိမ်း၊ ကြက်သားဘူးသီး၊ ငါးဟင်း၊ ပဲပုပ်ချက်၊ နှမ်းဖတ်ချဉ်ကြော်၊ ကန်စွန်းရွက်ကြော်၊ အရည်သောက်ဟင်းချို စတာတွေ ရှိပြီး တို့စရာတွေလည်း ရနိုင်ပါတယ်။ အချိုပွဲအနေနဲ့လည်း ငှက်ပျောသီး၊ ထန်းလျက်တွေပါ ထားပေးထားပါသေးတယ်။ ရွှေကြာကို မနက် ၁၁ နာရီကနေ ည ၉ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
ရွှေကြာ
အမှတ် ၅၈ A၊ ဇေယျဝတီလမ်း၊ စမ်းချောင်း။
ဖုန်း- ၀၉ ၂၅၀၇၈၇၂၁၂
u kyaw
ဦးကျော် ထမင်းပေါင်း
ဟိုအရင်ကတည်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ ဦးကျော်ထမင်းပေါင်းဆိုင်ကိုလည်း ဒီတစ်ပတ်ရဲ့ဈေးသက်သာတဲ့ ဆိုင်လေးတွေထဲမှာ ထည့်ပြီး ပြောပြချင်ပါတယ်။ ဦးကျော်မှာဆိုရင် ထမင်းပေါင်း အဓိက ရနိုင်ပြီး ၀က်သားနဲ့ သက်ဆိုင်တဲ့ ဟင်းပွဲတော်တော်များများ ရနိုင်ပါတယ်။ ဦးကျော်ထမင်းပေါင်းမှာ နာမည်ကြီးတာက ထမင်းပေါင်းနဲ့ တွဲဖက်စားရတဲ့ မြိတ်အချဉ်ပါပဲ။ ၀က်ကလီစာမျိုးစုံကို အသုပ်၊ အရည် ကြိုက်ရာ ရွေးမှာနိုင်ပြီး အခေါက်ကင်၊ အသားကင်၊ အရိုးနုကင် စတာတွေ ရနိုင်ပါသေးတယ်။ ဈေးနှုန်းအနေနဲ့လည်း ထမင်းပေါင်းတစ်ပွဲကို ၁၅၀၀ ကျပ် ကျသင့်ပြီး ကျန်တဲ့ အသုပ်တွေကလည်း တစ်ပွဲကို ၁၀၀၀ ကျပ် ပတ်ဝန်းကျင်သာ ရှိလို့ နေ့လယ်စာကို ဈေးသက်သက်သာသာနဲ့ အရသာရှိစွာ စားသုံးနိုင်မှာပါ။ ဆိုင်ကို မနက် ၉ နာရီကနေ စဖွင့်ပြီး ညနေဘက်မှာ ထမင်းပေါင်း ကုန်တဲ့အထိ ရောင်းပေးတာမို့ ပုံမှန်ဆိုရင်တော့ ည ၇ နာရီပတ်ဝန်းကျင်လောက်အထိ ရနိုင်ပါတယ်။
ဦးကျော် ထမင်းပေါင်း
ပဒုမ္မာပန်းခြံဆိုင်တန်း၊ မြေနီကုန်း။
ဖုန်း - ၀၉ ၄၂၀၂၅၉၁၀၉

သီသီဟန်သောင်း
Read More About Restaurants Here


Read times Last modified on Tuesday, 01 August 2017 05:21
Rate :
(1 Vote)

3074 comments

  • Leandro Laulu
    Comment Link

    WOW just what I was looking for. Came here by searching for meta_keyword|

    Wednesday, 20 November 2019 04:13 posted by Leandro Laulu
    Report
  • Jaquelyn Pylvainen
    Comment Link

    great put up, very informative. I'm wondering why the other specialists of this sector don't notice this. You should continue your writing. I'm confident, you have a huge readers' base already!|

    Wednesday, 20 November 2019 04:12 posted by Jaquelyn Pylvainen
    Report
  • Elenor Grumney
    Comment Link

    I get pleasure from, result in I found just what I used to be looking for. You've ended my 4 day long hunt! God Bless you man. Have a great day. Bye|

    Wednesday, 20 November 2019 04:10 posted by Elenor Grumney
    Report
  • Lanora Erbstein
    Comment Link

    Hey there just wanted to give you a brief heads up and let you know a few of the images aren't loading properly. I'm not sure why but I think its a linking issue. I've tried it in two different internet browsers and both show the same outcome.|

    Wednesday, 20 November 2019 04:05 posted by Lanora Erbstein
    Report
  • Sherlene Warchol
    Comment Link

    Hi there! This blog post couldn't be written any better! Going through this post reminds me of my previous roommate! He continually kept talking about this. I most certainly will forward this information to him. Pretty sure he'll have a very good read. I appreciate you for sharing!|

    Wednesday, 20 November 2019 03:48 posted by Sherlene Warchol
    Report
  • Guillermo Angela
    Comment Link

    I love your blog.. very nice colors & theme. Did you make this website yourself or did you hire someone to do it for you? Plz respond as I'm looking to design my own blog and would like to find out where u got this from. thanks a lot|

    Wednesday, 20 November 2019 03:46 posted by Guillermo Angela
    Report
  • オンラインバカラ
    Comment Link

    Vigan, Ilocos Norte is one of the most beautiful places I have ever been to. Stepping on its cobbled streets and looking at its majestically preserved, old houses is like stepping back in time. I would love to visit it again next year.

    Wednesday, 20 November 2019 03:43 posted by オンラインバカラ
    Report
  • Parthenia Marcin
    Comment Link

    fantastic points altogether, you just received a emblem new reader. What might you recommend in regards to your submit that you just made a few days ago? Any certain?|

    Wednesday, 20 November 2019 03:38 posted by Parthenia Marcin
    Report
  • Wanetta Shearing
    Comment Link

    Why viewers still make use of to read news papers when in this technological globe everything is presented on net?|

    Wednesday, 20 November 2019 03:36 posted by Wanetta Shearing
    Report
  • Laurence Raygosa
    Comment Link

    I take pleasure in, cause I discovered exactly what I was looking for. You've ended my four day lengthy hunt! God Bless you man. Have a nice day. Bye|

    Wednesday, 20 November 2019 03:35 posted by Laurence Raygosa
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.