Monday, 24 July 2017 07:42

barsPub
ဆန်းသစ်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်တဲ့ The Beer Factory X The Attic

ဒီတစ်ပတ်တော့ ရန်ကုန်မှာ အသစ်ပြင်ဆင်ဖွင့်လှစ်ထားတဲ့ The Beer Factory အကြောင်း ပြောပြပေးချင်ပါတယ်။ The Beer Factory ရဲ့ ဆိုင်အပြင်အဆင်လေးက ပုံမှန်သွားနေကျ Bar တွေလို မဟုတ်ဘဲ စက်ရုံပုံစံ Accessories တွေနဲ့ Decorate လုပ်ထားတော့ တစ်မျိုးလေး ဆန်းသစ်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ The Beer Factory ရဲ့ ၀က်သားဘာဂါ ၊Pizza Roll ၊ Ikan Bilis Wonder စတဲ့ အစားအစာတွေအပြင် အနောက်တိုင်းအစားအစာမျိုးစုံတို့ကို မြည်းစမ်းကြည့်နိုင်ပါတယ်။ Drinks တွေလည်း စုံလင်တဲ့အပြင် လာမယ့် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီကနေ ၁၂ နာရီအထိ The Beer Factory ရဲ့ Grand Opeing မှာလည်း all food item တွေကို ၅၀% discount ရမယ့်အပြင် Carlsberg beer ကိုလည်း Free Flow ရဦးမှာဖြစ်လို့ ဒီတစ်ပတ်အတွက် သွားစရာအမိုက်စား Bar တစ်ခုပါ။
The Beer Factory X The Attic
အမှတ် ၁၀ A ၊ ရွှေတောင်ကြားလမ်း ၊ ဗဟန်းမြို့နယ်။
ဖုန်း - ၀၉ ၉၇၇၆၀၆၈၈၈
beer

ရင်သပ်ရှုမောဖွယ် Viewနဲ့ Piano Bar
Piano Bar က Hotel Parami ရဲ့ကိုးလွှာမှာ ရှိတဲ့ Rooftop Bar တစ်ခု ဖြစ်ပါတယ်။ ညနေဘက်မှာ နေ၀င်ချိန်အလှလေးကို Piano bar ရဲ့ Pool ဘေးမှာ ကော့တေးလေး သောက်ရင်း ခံစားရတဲ့ Feelလေးက အရမ်းမိုက်ပါတယ်။ Piano Bar ရဲ့ Signature Cocktails ၊ ရှမ်ပိန်နဲ့ အခြား Drinks တွေကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အစားအသောက်အနေနဲ့လည်း စင်ကာပူနဲ့ ထိုင်းအစားအစာ ကောင်းကောင်းလေးတွေကို Piano Bar မှာ ရနိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ် Music Band တွေရဲ့ Live ကိုလည်း ခံစားစီးမျောနိုင်ပါသေးတယ်နော်။ အခုလည်း Piano Bar မှာ Premium Apple Cider ၂ လုံး သောက်သုံးတိုင်း ၁ လုံး အပိုသောက်သုံးခွင့် Promotion လေးကို ဇူလိုင်လကုန်တဲ့အထိ ပေးနေပါတယ်တဲ့။ ဒါကြောင့် ဒီတစ်ပတ်အတွက်တော့ ရန်ကုန်မြို့ရဲ့ ညရှုခင်းကို ကြည့်ရင်း Nightlife ကို ခံစားနိုင်ဖို့အတွက် Piano Bar လေးကို My Yangon က ညွှန်းပေးလိုက်ပါတယ်။
Piano Bar
Hotel Parami 9th Floor
09 977955633
piano

The Class
ဒီတစ်ခါမှာတော့ လမ်းမတော်က The Class အကြောင်းကို ပြောပြပေးချင်ပါတယ်။ The Class မှာ Asian Cuisine တွေသာမက European အစားအစာတွေကိုပါ ရနိုင်ပါတယ်။ The Class ရဲ့ ခေါင်မိုးထပ်လေးမှာ လေလေး တဖြူးဖြူးနဲ့ သူငယ်ချင်းတွေနဲ့ အေးဆေးChill လို့ ကောင်းတဲ့ နေရာလေးပါ။ အခု The Class မှာ ညနေ ၅ နာရီမှ ၈ နာရီ အထိ နေ့တိုင်း All food item ကို 20% discount အပြင် Beers နဲ့ Cocktails တွေ အားလုံးကို buy 1 get 1 promotion ပေးနေပါတယ်။ အဲဒါတွေအပြင် Bill ၅၀၀၀၀ ကျပ်နဲ့ အထက်ဆို Special Item တစ်ခုကို လက်ဆောင်ပေးဦးမှာပါတဲ့ ။ အရမ်းတန်တဲ့ Promotion တွေကြောင့် ဒီတစ်ပတ် သွားစရာတစ်နေရာအဖြစ် The Class ကို ညွှန်းပေးလိုက်ပါတယ် ။
The Class
အမှတ် ၁၆၁၊ ၀ါးတန်းလမ်း ၊ လမ်းမတော်မြို့နယ် ။
ဖုန်း - ၀၉ ၄၄၅၉၅၀၂၅၂
class
Read More About Bars & Restaurants Here


Read 256 times Last modified on Tuesday, 25 July 2017 04:15
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.