Monday, 24 July 2017 03:54

obbq
O-BBQ House ရဲ့ မုတ်သုံ Promotion

BBQ ချစ်သူတွေအတွက် မင်းဓမ္မလမ်းမှာ ရှိတဲ့ O-BBQ HOUSE စားသောက်ဆိုင်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ O-BBQ House က အ၀စား ဘူဖေးအကင်ဆိုင်ဖြစ်ပြီး တခြားဆိုင်တွေနဲ့ မတူတာက Sliver Refill နဲ့ Gold Refill  အ၀စား ဘူဖေးစနစ်ဆိုပြီး  နှစ်မျိုးရှိပါတယ်။
Sliver Refill အဝစားစနစ်ဆိုတာက တစ်ဦးကို ၁၀၈၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး  အသားပွဲလျာပေါင်း ၁ဝ မျိုးအပြင် အမျိုးအမည်စုံလင်များပြားသော အသားစုံများနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ၊ ထမင်း၊ ကြာဇံ၊ ခေါက်ဆွဲ၊ အကြော်အလှော်အချို့နဲ့ အချိုရည်မျိုးစုံ စတဲ့ အမျိုးအစားပေါင်း ၃၅ ပွဲကျော် ပါဝင်မှာဖြစ်ပါတယ်။
Gold Refill အဝစားစနစ်ကတော့ ၁၅၅၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး  အသားဟင်းပွဲပေါင်း ၁၅ ပွဲအပြင် အသားမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်၊ မှိုမျိုးစုံ၊ ထမင်း၊ ထမင်းကြော်မျိုးစုံ၊ ခေါက်ဆွဲ၊ အကြော်အလှော်မျိုးစုံ၊ အချိုရည်မျိုးစုံနဲ့ ရေခဲမုန့်မျိုးစုံ အစရှိတဲ့ အစားအစာ အမျိုးအစား ၇၀ ကျော်ကို ရနိုင်ပါတယ်။
အခု O- BBQ House မှာ မုတ်သုံရာသီ အထူးPromotion အနေနဲ့  Gold Refill စနစ်နဲ့ သုံးဆောင်တဲ့ Customer တွေကို ၄ ဦး လာရင် ၃ ဦးစာသာ ပေးချေရမှာပါ ။ Promotion ကာလကတော့ ဇူလိုင် ၁ ရက်ကနေ စက်တင်ဘာ ၃၀ရက်အထိ ဖြစ်တာမို့လို့ ဒီတစ်ပတ်မှာတော့ BBQ ချစ်သူတွေအတွက် သွားစရာနေရာတစ်ခုအဖြစ် O-BBQ House ကို My yangon က ညွှန်းပေးလိုက်ပါတယ်နော် ။ 
O-BBQ House
အမှတ် ၂ / ခ / ၉၊ ခေါင်မိုးထပ်၊ မင်းဓမ္မလမ်း (မင်းဓမ္မလမ်းနဲ့ တော်ဝင်လမ်း လမ်းဆုံမီးပွိုင့်အနီး)၊ အမှတ် ၃ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။
ဖုန်း - ဝ၉ ၇၉၉ ၇၉၉ ၅၅၆
ayam

Ayam Penyet AP ရဲ့ Special Promotion

အင်ဒိုနီးရှားရိုးရာစတိုင် ဟင်းလျာစစ်စစ်တွေကို နှစ်သက်သူတွေအတွက် ပြည်သူ့ရင်ပြင်မှာ ပထမဦးဆုံး ဖွင့်လှစ်ထားတဲ့ Ayam Penyet AP ဆိုတဲ့ ဆိုင်လေးအကြောင်းကို ဒီတစ်ပတ်ရဲ့လည်ပတ်စရာ နေရာတစ်ခုအနေနဲ့ ပြောပြပေးချင်ပါတယ်။ ဒီဆိုင်မှာ အင်ဒိုနီးရှားရိုးရာ ဟင်းခပ်အမွှေးကြိုင်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာအစုံအလင်ကို ကန်စွန်းရွက် ပဲပြားတို့နဲ့ တွဲဖက်စားသုံးနိုင်မယ့်အပြင် စင်ကာပူမှာလူကြိုက်အများဆုံးဖြစ်တဲ့ Ayam Penyet ကြက်ကြော်ကိုလည်း ရနိုင်ပါတယ်။ AP မှာ ရှိတဲ့ သောက်စရာ Tea တွေထဲမှာဆိုရင် လူကြိုက်အများဆုံးဖြစ်တဲ့ Rose Layer Tea လေးကိုလည်း သောက်ကြည့်ဖို့ မမေ့ကြနဲ့ဦးနော်။ နောက်ပြီး Halal Food ဖြစ်တဲ့အတွက်ကြောင့် လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပါတယ်။ အခု Ayam Penyet AP မှာ အင်ဒိုနီးရှားစတိုင်လ် ရိုးရာဟင်းပွဲ ၈ မျိုးကို တနင်္လာနေ့တိုင်း 50% Discount နဲ့ စားသုံးနိုင်ပါပြီ ။ ပါဝင်တဲ့ ဟင်းလျာတွေက အင်ဒိုနီးရှားဟင်းလျာတွေ ဖြစ်တဲ့ အမဲသားလုံးဟင်းလျာ၊ ပုဇွန်ချဉ်စပ်ဟင်းလျာ၊ ကြက်စွပ်ပြုတ်ဟင်းလျာ၊ ဘလာဒိုဆော့စ် ငါးခူဟင်းလျာ၊ ပီးနပ်ဆော့စပ် အရွက်သုပ်တွေအပါအ၀င် ဟင်းလျာ ၈ မျိုးကို သုံးဆောင်နိုင်မှာပါ။ နောက်ပြီး AP ရဲ့ Fried Seabass ဟင်းလျာတစ်မျိုးကိုလည်း ၂၅% နဲ့ စားသုံးနိုင်မှာပါ။ ကဲ….ဒီတစ်ပတ်မှာတော့ ဈေးနှုန်းတွေ လျှော့ပေးနေတဲ့ Ayam Penyet AP ဆိုတဲ့ ဆိုင်လေးကို My Yangon ကနေ ညွှန်းပေးလိုက်ပါတယ်နော်။
Ayam Penyet AP
ရွှေတိဂုံဘုရား အနောက်ဘက်မုခ်၊ အမှတ် G 31၊ Myanmar Culture Valley၊ People's Park
ဖုန်း - ၀၉ ၂၆၄၄၄၉၈၆၄
vintage

Seafood ချစ်သူတွေအတွက် Vintage Luxury Yacht Hotel ရဲ့ Seafood Promotion
ဗိုလ်တထောင်ကမ်းနားက Vintage Luxury Yacht Hotel မှာ ဈေးနှုန်းသက်သက်သာသာနဲ့ Seafood စားသုံးနိုင်မယ့် Promotion လေးအကြောင်း ပြောပြချင်ပါတယ်။ Promotion က ဇူလိုင်လ တစ်လလုံး ရမှာဖြစ်ပြီး Seafood ဟင်းပွဲ ငါးမျိုးထဲက ကြိုက်ရာတစ်မျိုးနဲ့ ဘီယာနှစ်ခွက်ကိုမှ မြန်မာငွေ ၁၀၀၀၀ ကျပ်သာ ကျသင့်မှာပါ ။ ဟင်းပွဲတစ်ပွဲဆိုပေမယ့် ပါဝင်တဲ့ Portion က များလို့ နှစ်ယောက်လောက်တော့ စားလို့ လောက်ပါတယ် ။ ပါဝင်တဲ့ ဟင်းပွဲတွေက Soft Shell Crab with Shan Nan Nan ၊ Fish and Cheese Roll၊ Steam Squid with Chilli Lime Sauce၊ Basil Squid နဲ့ Steamed Seabass with Soy Sauceတို့ပဲ ဖြစ်ပါတယ် ။ ပေါ့ပေါ့ပါးပါးနဲ့
ပင်လယ်စာကြိုက်တတ်သူတွေအတွက် Vintage Luxury Yacht Hotel ရဲ့ အရမ်းတန်တဲ့ Promotion လေးဖြစ်လို့ ဒီတစ်ပတ်အတွက် သွားစရာနေရာတစ်ခုအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
VINTAGE LUXURY YACHT HOTEL
အမှတ် ၆ ၊ ဗိုလ်တထောင်ဆိပ်ကမ်း ၊ ဗိုလ်တထောင်မြို့နယ်။
ဖုန်း - ၀၉ ၂၅၀၈၄၆၉၇၄
Read More About Restaurants Here


Read times Last modified on Monday, 24 July 2017 04:40
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.