Friday, 21 July 2017 07:55

avenue
အေးအေးဆေးဆေး ဆိုင်ထိုင်ပြီး စကားပြောချင်သူတွေ၊ ဝိုင်ကောင်းကောင်း ကြိုက်တတ်သူတွေအတွက် တက္ကသိုလ်ရိပ်သာ လမ်းသစ်မှာရှိတဲ့ Avenue Wine Bar & Bistro အကြောင်း ပြောပြချင်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်က ရိုးရှင်းပြီး နံရံမှာ ဝိုင်ပုလင်းလေးတွေ စီစီရီရီတင်ပြီး အလှဆင်ထားပုံက တစ်မျိုးလေး ကြည့်လို့ကောင်းပါတယ်။ ဒီဆိုင်က ဝိုင်ကောင်းကောင်း ကြိုက်တတ်တဲ့ သူတွေအတွက် အဓိက ရည်ရွယ်ထားတာဖြစ်ပြီး ဝိုင်အမျိုးအစားပေါင်း ၁၀ဝကျော်ရှိပါတယ်။  ဆိုင်ရဲ့ ထူးခြားချက်က Bottle ဝယ်ပြီး မကုန်လို့ ကျန်နေခဲ့ရင်လည်း ဖုန်းနံပါတ်ပေးခဲ့ရင် ဝိုင်မပျက်ခင်အထိ ဆိုင်မှာ ထိန်းသိမ်းပေးထားပါတယ်တဲ့။ ဈေးနှုန်းအနေနဲ့လည်း ဝိုင်အမျိုးအစား အပေါ်မူတည်ပြီး ကျပ် ၂၀ဝ၀ဝ ကျော်ကနေ ၃ သိန်းကျော်အထိ ရှိပါတယ်။ တခြား Cocktail တွေလည်း ဆိုင်မှာရရှိနိုင်ပါသေးတယ်။ ဟင်းပွဲတွေအနေနဲ့လည်း ဝိုင်နဲ့လိုက်ဖက်တဲ့ ဝက်နံရိုးကင်၊ ကင်းမွန်ကြော်၊ ကြက်အစုံကင် စသဖြင့် ဟင်းပွဲတွေမျိုးစုံ ရနိုင်ပါတယ်။

ဒီဆိုင်လေးက ဝိုင်သီးသန့် ရောင်းတာမို့ ဝိုင်ကောင်းကောင်း ကြိုက်တတ်သူတွေအတွက် ညွှန်းပေးလိုက်ပါတယ်။ Avenue Wine Bar & Bistro ကို မနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ထားပါတယ်။
အမှတ် ၁၃၈ C ၊ တက္ကသိုလ် ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်။

ဖုန်း - ဝ၁၄၀ဝ၈၄၂
Read More About Bar & Restaurants Here


Read times Last modified on Friday, 21 July 2017 08:06
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.