Thursday, 20 July 2017 10:08

Vol1 Issue 21 14
ဒီတစ်ပတ်မှာတော့ ဗဟိုလမ်းနဲ့ ရှင်စောပုလမ်းထောင့်မှာ ရှိတဲ့ Cocoon Cafe' & Bar လေးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးက ကိုးလွှာမှာရှိပြီး ဆိုင်ရဲ့ အပြင်ဘက်မှာလည်း Roof Top ပုံစံလေး လုပ်ထားတာမို့ ညဘက် အပြင်မှာ ထွက်ထိုင်ပြီး ရွှေတိဂုံဘုရားနဲ့ ရန်ကုန်မြို့ရဲ့ ညရှုခင်းကိုလည်း ခံစားနိုင်ပါတယ်။ ဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင်လေးကို classic ဆန်ဆန် ပြင်ထားပြီး ပုသိမ်ထီးတွေနဲ့ မြန်မာဆန်ဆန် ပြင်ထားတာကလည်း တစ်မျိုးလေး ဆန်းသစ်စေပါတယ်။ Private Party တွေ၊ Group တွေအတွက်လည်း သင့်တော်ပါတယ်။ ဒီဆိုင်လေးက ချစ်သူနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် Chill လို့ ကောင်းသလို တစ်ယောက်တည်းသွားတဲ့သူတွေ အတွက်လည်း Wifi Free ရတာမို့ အဆင်ပြေမှာပါနော့်။ ဒီ Bar လေးမှာ Cocktail ကောင်းကောင်းရသလို အစားအစာတွေလည်း စုံစုံလင်လင် ရနိုင်ပါတယ်။ Cocoon Cafe' & Bar မှာ Long Island, Tea, Bloody Mary နဲ့ Mojito လေးတွေ တော်တော်ကောင်းပါတယ်။ တခြား Wine၊ Cocktail နဲ့ Beer တွေလည်း ရနိုင်ပါတယ်။ Chinese Food တော်တော်များများရော Western Food ပါရနိုင်ပါတယ်။ ဒီ Bar ရဲ့ ထူးခြားချက်လေးက ဈေးနှုန်းလည်း ပုံမှန်ထက် သက်သာတာပါ။ ဆိုင်ဖွင့်ချိန်က မနက် ၁၁ နာရီကနေ ည ၁၁ နာရီခွဲအထိ ဖွင့်လှစ်ထားပါတယ်။

အမှတ် ၂၂/၂၄ ၊ ကိုးလွှာ၊ ရှင်စောပုလမ်းနဲ့ ဗဟိုလမ်းထောင့်၊ အလုံမြို့နယ်။
ဖုန်း - ဝ၁ ၅၀ဝ၈၆၃
Read More About Bars & Restaurants Here


Read 241 times Last modified on Thursday, 20 July 2017 10:23
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.