Tuesday, 18 July 2017 04:48

Dragon Fruit Juicepsd
အိမ်မှာလည်း လွယ်လင့်တကူ ဖျော်သောက်နိုင်တဲ့ နဂါးမောက်သီးဖျော်ရည် ပြုလုပ်နည်းကို ဒီတစ်ပတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်တဲ့ အမယ်တွေကတော့

- နဂါးမောက်သီး
- Mint Syrup
- Green Tea
- သံပရာရည်
- သကြားရည်တို့ ဖြစ်ပါတယ်။
ပထမဦးစွာ ဖျော်ဖို့အတွက်ကို Green Tea တစ်ထုပ်ကို အနေတော် ခွက်တစ်ဝက်ခန့် ရေနွေး ပူပူထည့်ကာ စိမ်ထားပြီး အအေးခံထားရပါမယ်။ ပြီးရင် အခွံခွာထားတဲ့ နဂါးမောက်သီးကို အစိတ်လေးတွေ စိတ်ပြီး ဖျော်စက်ထဲ ထည့်ပါ။ အအေးခံထားတဲ့ Green Tea ရည်၊ အရသာ အတွက် Mint syrup ၊ သကြားရည်၊ သံပရာရည်တို့ကို ထည့်ပြီးရင် ရေခဲမထည့်ဘဲ စက္ကန့် အနည်းငယ်ခန့် မွှေထားရပါမယ်။ အချိုကြိုက်ရင် သကြားရည်အနည်းငယ်ခန့် ပိုထည့်နိုင်ပြီး ဝိတ်ချဖို့ စဉ်းစားနေသူတွေအနေနဲ့ သကြားရည် လျှော့ထည့်နိုင်ပါတယ်။ ဒါမှမဟုတ် သံပရာရည်ကို ပိုထည့်ပြီး သောက်နိုင်ပါတယ်။ ပြီးတာနဲ့ ဖန်ခွက်တစ်ခုထဲကို ဖျော်စက်ထဲက ဖျော်ရည်တွေကို လောင်းထည့်ပါ။ ပြီးရင် ရေခဲထည့်လိုက်ပါ။ နောက်ဆုံးမှာတော့ Green Teaနံ့ မွှေးပြီး အဖန်အရသာရှိတဲ့ နဂါးမောက်သီး ဖျော်ရည်ကို အသင့်သုံးဆောင်နိုင်ပါပြီ။
ဝင်းဝင်းထွေး
Read More About Recipe Here


Read 304 times Last modified on Tuesday, 18 July 2017 05:01
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.