ďťż
Monday, 17 July 2017 09:46

BarPub
ဒီတစ်ပတ်ရဲ့ Celebrity's Choice ကဏ္ဍမှာ မော်ဒယ် ခိုင်သဇင်ငုဝါက သူ့အကြိုက် လတ်တလောသွားဖြစ်နေတဲ့ Bar လေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
Eclipse Bar
Eclipse bar က မြန်မာပလာဇာ ၄လွှာမှာ ရှိတာဖြစ်ပြီး အခုတလော လူငယ်တွေကြားမှာ နာမည်ကြီးနေတဲ့ bar လေးတစ်ခုပါ။ ခိုင်သဇင်ငုဝါကတော့ "ဒီ bar မှာတော့ beef salad ကို အရမ်းကြိုက်တယ်။ night out မယ်ဆိုလည်း fuse က တစ်နေရာတည်းမှာ ရှိတာဆိုတော့ အဆင်ပြေတယ်လေ။ နောက်ပိုင်းတော့ Eclipse bar ကို သွားဖြစ်ပါတယ်" လို့ ပြောပါတယ်။ Eclipse bar က လူငယ်တွေအကြိုက် လွတ်လွတ်လပ်လပ် chillလို့ ကောင်းတဲ့ Bar လေးပဲ ဖြစ်ပါတယ်။ Artist တွေရဲ့ ဖျော်ဖြေပွဲနဲ့ အမိုက်စား DJ တွေ Music တွေကိုလည်း စီးမျောခံစားနိုင်ပါတယ်နော့်။ သောကြာညတွေမှာ ခပ်မိုက်မိုက်လေး TGIF ချင်တဲ့သူတွေအတွက် အရမ်းမိုက်တဲ့ Bar လေးပါလို့ My Yangon က ညွှန်းပေးချင်ပါတယ်။
Eclipse Bar
အမှတ် ၁၉၂၊ ၄လွှာ၊ မြန်မာပလာဇာ။
ဖုန်း - ဝ၉ ၄၄၂၄၇၇၇၇၈ ။
ginkkids
Ginkkids Bar & Restaurants
GinkKids Bar က ခိုင်သဇင်ငုဝါ သဘောကျတဲ့ bar လေးပါတဲ့။ "ကိုယ်က အစားအသောက်ကို ခုံမင်တဲ့သူဆိုတော့ အစားအသောက်ကောင်းတဲ့ bar တွေဆို ထိုင်ဖြစ်တယ်။ ရန်ကုန်မှာဆိုရင် Ginki က ဝက်ကုပ်သားကင်သုတ်ကို အကြိုက်ဆုံးပဲ။ ဝက်ကုပ်သားကင်သုပ် အရမ်းစားချင်ပြီဆိုတာနဲ့ Ginki ကိုပဲ သွားဖြစ်တယ်" လို့ ခိုင်သဇင်ငုဝါက ပြောပါတယ်။ Ginkkids bar က ရွှေတောင်ကြားမှာရှိပြီးတော့ ဟိုးအရင်ကတည်းက အစားအသောက်ကောင်းလို့ နာမည်ကြီးပါတယ်။ ဆိုင်အပြင်အဆင်လေးက သပ်သပ်ရပ်ရပ်ရှိပြီး ကျယ်ဝန်းတာမို့ အေးအေးဆေးဆေး ထိုင်ချင်သူတွေ အတွက်တော့ Bar ကောင်းလေးတစ်ခုပါ။ Drinks အနေနဲ့လည်း ဘီယာ၊ ဝီစကီ၊ ကော့တေးတွေအပြင် Coffee ကောင်းကောင်းလေး သောက်ချင်တဲ့သူတွေ အတွက်လည်း  ကော်ဖီရနိုင်ပါသေးတယ်။ Ginkkids Bar က အစားအသောက် ကောင်းကောင်းလေးတွေ ကိုခုံမင်ပြီး အေးအေးဆေးဆေး ထိုင်ချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်လို့ My Yangon က ညွှန်းပေးချင်ပါတယ်။ ဆိုင်ကို နေ့စဉ် နေ့လယ် ၁၁ နာရီကနေ ည၁၁နာရီအထိ ဖွင့်လှစ်ထားပါတယ် ။

Ginkikids Bar & Restaurants
အမှတ် ၁၈၊ ကမ္ဘောဇလမ်း၊ ရွှေတောင်ကြား၊ ဗဟန်းမြို့နယ်။
ဖုန်း- ဝ၉ ၇၃၀၄၁၃၂၀
roof

Roof Alchemy
ခိုင်သဇင်ငုဝါ နောက်ထပ် ရွေးချယ်ထားတဲ့ Bar လေးက Roof Alchemy ပါ။ ဒီ Bar လေးက Yangon International Hotel ထဲမှာရှိတာဖြစ်ပြီး ကော့တေး ကောင်းကောင်းတွေကြောင့် နာမည်ကြီးတာပါ။ "Roof မှာတော့ ထိုင်ဖြစ်တယ်။ ဒီ Bar ရဲ့ ကော့တေးတွေ စပ်ထားတာလေး မိုက်တယ်။ အာလူးကြော်လည်း ကြိုက်တယ်။ ဒီ Bar မှာ တစ်လနဲ့ တစ်လလည်း menu တွေက မတူဘူး" လို့ ခိုင်သဇင်ငုဝါက ဆိုပါတယ်။ Roof မှာ Molecular Cocktail က ဒီ Bar ရဲ့ Signature လို့ ပြောရလောက်အောင် လူကြိုက်များပါတယ်။ ဒီ Bar မှာ များသောအားဖြင့် EDM music တွေ ဖွင့်လေ့ရှိတာမို့လို့ EDM music သဘောကျတဲ့သူတွေအတွက်တော့ အရမ်းမိုက်ပါတယ်။ မသွားခင်မှာတော့ Reservation လေး လုပ်ပြီးသွားတာက Table အတွက်လည်း စိတ်ပူစရာ မလိုတော့ဘူးပေါ့နော်။ တစ်လနဲ့တစ်လလည်း menu မတူတာကြောင့် ဆန်းသစ်တာကို သဘောကျတဲ့သူတွေ အတွက်တော့အဆင်ပြေပါတယ်လို့ My Yangon က ညွှန်းပေးလိုက်ပါတယ်။ Roof Alchemy က ညနေ ၅ နာရီကနေ ည ၂နာရီအထိ ဖွင့်တာမို့လို့ ညဘက်မှာ အေးအေးဆေးဆေး night out ချင်တဲ့သူတွေအတွက် ရွေးချယ်စရာ Bar လေးတစ်ခုပါ။
Roof Alchemy
Yangon International Hotel Compound၊ ဒဂုံမြို့နယ်။
ဖုန်း - ဝ၉ ၂၅၄၂၇၂၄၆၀
Read More About Bars & Restaurants Here


Read times Last modified on Monday, 17 July 2017 10:15
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.