Tuesday, 11 July 2017 08:25

pork
လိုအပ်တဲ့ အမယ်တွေကတော့

ဝက်သား၊ ကြက်သွန်ဖြူ၊ ချင်း၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်အကျဲ၊ အပျစ်၊ ခရုဆီ၊ ဆီ၊ ကြက်သားမှုန့်နဲ့ သကြားတို့ ဖြစ်ပါတယ်။
ဆိုင်မှာ သွားစားစရာ မလိုဘဲ အိမ်မှာလည်း ချက်စားနိုင်တဲ့ ဝက်သားပင်စိမ်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ဝက်သားကို ရေနဲ့ သန့်စင်ဆေးကြောပြီးနောက် တောက်တောက် စဉ်းထားပါ။ ပြီးရင် ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အပျစ်တို့နဲ့ နှံ့ အောင်နယ်ပြီး မိနစ်အနည်းငယ်ခန့် နှပ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းထားပါ။ ချင်းကို ညက်အောင် ထောင်းထားပါ။ ပင်စိမ်းကို အရွက်တွေပဲ ခြွေယူကာ ရေဆေးပြီးနောက် ရေစစ်ထားပါ။ ငရုတ်သီးစိမ်းကို အညှာခြွေ ရေဆေးပြီး ထက်ခြမ်းခွဲ လှီးထားပါ။ ပြီးရင် ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်ပါ။ ဒယ်အိုးထဲက ဆီပူရင် ကြက်သွန်ဖြူနဲ့ ချင်းကို ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူနွမ်းရင် ဝက်သား၊ ပဲငံပြာရည်အကျဲ၊ ခရုဆီ၊ သကြားနဲ့ ငရုတ်သီးစိမ်းတို့ကို ထည့်လိုက်ပြီး မီးပြင်းပြင်းနဲ့ နှံ့သွားအောင် ကြော်ပေးပါ။ ရေနွေးကို အသားနူးရုံအပြင် ရေကျန်အောင် ထည့်ပြီး အဖုံးအုပ် ချက်ပါ။ အသားနူးပြီး ဆီပြန်၊ ရေကျန် အနေရောက်ရင် နောက်ဆုံးမှာ ပင်စိမ်းအုပ်လိုက်ပါ။ အရသာအနေတော်ဖြစ်ပြီဆိုရင် ပန်းကန်ထဲ ထည့်ပြီး ထမင်းပူပူနွေးနွေးလေးနဲ့ သုံးဆောင် နိုင်ပါတယ်။
ဝင်းဝင်းထွေး
Read More About Recipe Here


Read 257 times Last modified on Tuesday, 11 July 2017 08:30
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.