ďťż
Monday, 10 July 2017 09:44

the beat bar2
Night Life ကို Musicလေးနဲ့ အေးအေးဆေးဆေး chill လုပ်ချင်တဲ့သူတွေအတွက် The Beat Bar အကြောင်းကိုလည်း ပြောပြချင်ပါသေးတယ်။ The Beat Barက ဗိုလ်အောင်ကျော်Towerမှာ ရှိပြီး music နှစ်သက်သူတွေအတွက်တော့ barကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် အလုပ်ကနေ ပင်ပန်းလာသမျှကို ဖြေဖျောက်ဖို့အတွက်တော့ သင့်တော်တဲ့ barလေးတစ်ခုပါ။ ဆိုင်ရဲ့ အပြင်အဆင်လေးကလည်း music ချစ်သူတွေအကြိုက် နံရံမှာ musical instrument လေးတွေနဲ့ အလှဆင်ထားပါတယ်။The Beat Bar မှာ သောကြာနဲ့ စနေညတွေမှာဆိုရင် live band ဖျော်ဖြေမှုတွေလည်း ရှိပါတယ်။ Drinks အမျိုးအစားစုံကို စဥ့်အိုးအသေးလေးတွေနဲ့ ထည့်ပြီး ပြင်ဆင်ထားတဲ့ပုံက နှစ်လိုဖွယ် ကောင်းလှပါတယ်။ အစားအစာတွေအနေနဲ့လည်း မြန်မာအစားအစာက စပြီး ထိုင်းအစားအစာ ၊ အနောက်တိုင်းအစားအစာ စသဖြင့် တော်တော် စုံစုံလင်လင် ရနိုင်တာပါ။ ဒီbarကို နေ့လယ် ၁၂နာရီကနေ ည၁၂နာရီအထိ ဖွင့်လှစ်ထားပါတယ်။
the beat bar

The Beat Bar
G3 ၊ ဗိုလ်အောင်ကျော်တာဝါ ၊ ဗိုလ်တထောင်မြို့နယ်။
ဖုန်း - ၀၉ ၇၈၃၆၆၆၃၅၉။
သီသီဟန်သောင်း
Read More About Restaurants Here


Read 395 times Last modified on Monday, 10 July 2017 09:50
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.