Monday, 10 July 2017 09:36

hello1
Holly's café က သီရိရတနာ wholesale market ထဲမှာ ရှိတဲ့ Holly Hotel ထဲက ဆိုင်လေးပါ ။ ဒီဆိုင်မှာ ထိုင်းအစားအစာတွေကို အဓိက ရနိုင်ပြီး ထိုင်းအစားအစာ အမျိုးအစား ၆၀ကျော်အထိ ရရှိတာ ဖြစ်ပါတယ် ။ ပုစွန်ကို ငရုတ်သီး ၊ အုန်းနို့တွေနဲ့အတူ ချက်ထားတဲ့ Choo Chee ဟင်းပွဲလေးက Thai Chef ရဲ့ signature dish ပါ။ ကကတစ်ငါးကြော်ကို မကျည်းသီးဆော့နဲ့ ချက်ထားတဲ့ ဟင်းလျာလေးရဲ့ အရသာကလည်း စွဲမက်စရာပါပဲ။ ထိုင်းအစားအစာဖြစ်တဲ့ Pha Thai ကောင်းကောင်းကိုလည်း ဒီဆိုင်မှာ ရနိုင်ပါတယ် ။ Dessert အနေနဲ့ အုန်းသီးနုနု ၊ ပိန်းဥ ၊ စိမ်းစားဥတွေကို အုန်းနို့နဲ့ လုပ်ထားတဲ့ အချိုပွဲလေးတွေ တော်တော်ကောင်းပါတယ် ။ ဈေးနှုန်းအနေနဲ့ ၃၀၀၀ ကျပ် ၀န်းကျင်ကနေ ၈၅၀၀ ကျပ် ၀န်းကျင်အထိ ကျသင့်ပြီး ဆိုင်ကို မနက် ၆နာရီခွဲကနေ ည၁၀နာရီခွဲအထိ ဖွင့်လှစ်ထားပါတယ်။
hello
Holly's Café    
Holly Hotel၊ သီရိရတနာ wholesale market၊ သုဓမ္မာလမ်း၊ မြောက်ဥက္ကလာပမြို့နယ်။
ဖုန်း - ၀၉ ၉၆၈၈၆၆၆၁၇ ။
Read More About Restaurants Here


Read 254 times Last modified on Monday, 10 July 2017 09:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.