Wednesday, 05 July 2017 11:05

Restaurants
Novotel Yangon Max ပထမထပ်မှာ ရှိတဲ့ Royal Pavilion တရုတ်စားသောက်ဆိုင်မှာ နေ့စဉ် ပုံမှန် ရရှိနေတဲ့ အစားအသောက်တွေအပြင် မီနူးအသစ်တွေကိုပါ ထပ်မံမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဇူလိုင်လရဲ့ အထူးဟင်းလျာတွေကတော့ Rainbow Xiao Long Baoနဲ့ Standing Duck တို့ပါ။ Rainbow Xiao Long Bao ကတော့ သက်တံလို အရောင်အသွေး စုံလင်တဲ့ ဒင်ဆမ်းဖြစ်ပြီး အနီရောင်၊ အမည်းရောင်၊ အဖြူရောင်၊ အ၀ါရောင် စတဲ့ အရောင် ၈မျိုး ပါဝင်ပါတယ်။ အရသာကလည်း အနီရောင်ဆိုရင် စီချွမ်း အစပ်အရသာ (Sichun Spicy Taste)၊ အမည်းရောင်ဆိုရင် Troffer နာမည်ကြီး မှိုအရသာ ( Troffer Taste)၊ အဖြူရောင်က ပုံမှန်အရသာ (Original Taste)၊ အ၀ါရောင်က ကြက်သွန်ဖြူမွှေးအရသာ (Garlic Taste) အစရှိသဖြင့် စုံလင်ပါတယ်။ ဒီ Rainbow Xiao Long Bao ကို နေ့စဉ် နေ့လယ်စာ၊ တနင်္ဂနွေနေ့တိုင်း နံနက်စာနဲ့ နေ့လယ်စာအဖြစ် မှာယူစားသုံးနိုင်မှာပါ။ ဇူလိုင်လကနေ စက်တင်ဘာလအထိ အထူးဈေးနှုန်းအဖြစ် တစ်ပွဲကို 8.80 USD နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
rainbow
Standing Duck ကတော့ Royal Pavilion ရဲ့ အထူးစီမံထားတဲ့ ဘဲကင် အရသာသစ်ပဲ ဖြစ်ပါတယ်။ Standing Duck မှာယူရင် ဘဲကင်တစ်ကောင်လုံး မှာယူရမှာ ဖြစ်ပြီး Royal Pavilion ရဲ့ Chef ကိုယ်တိုင် စားပွဲဝိုင်းမှာ လာရောက်လှီးဖြတ်စီမံပေးမှာပါတဲ့။ နူးညံ့လတ်ဆတ်တဲ့ ဘဲသားတွေကို ဆလတ်ရွက်ထဲမှာ အာလူး၊ မုန်လာဥနီ၊ သခွားသီး၊ တိုဟူး၊ Taigon စတဲ့ အသီးအနှံတွေနဲ့အတူ ရောထည့်လိပ်ပြီး စားသုံးနိုင်မှာ ဖြစ်ပါတယ်။ Standing Duck ကို ဘဲသားအရသာ ဆော့စ် (Duck Sauce)၊ ဆီးသီးအရသာ ဆော့စ် (Plum Sauce)၊ ထိုင်းအရသာ အစပ်ဆော့စ် (Thai Spicy Sauce)၊ အိတ်စ်အို ဆော့စ် (XO Sauce) ဆိုတဲ့ ဆော့စ်အရသာ လေးမျိုးအနက် ကြိုက်နှစ်သက်ရာ ဆော့စ်နဲ့ ရွေးချယ်စားသုံးနိုင်ပါတယ်။ ဘဲသားတွေကို လှီးဖြတ်ပြီးနောက် ကျန်တဲ့ ဘဲရိုးတွေကို ချဉ်စပ်ဟင်းရည်လေးအဖြစ် ဖန်တီးပြီး ကြက်သွန်ဖြူမွှေးထမင်းကြော်နဲ့ တွဲဖက်သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ Standing Duck ကတော့ တစ်ပွဲကို 45 USD ဖြစ်ပြီး နေ့စဉ် နေ့လယ်စာနဲ့ ညစာအတွက် မှာယူနိုင်မှာ ဖြစ်ပါတယ်။
dim sum
Royal Pavilion မှာ ဒီမီနူးအသစ်တွေကို ဇူလိုင် ၁၀ ရက်ကနေ စပြီး ရရှိနိုင်မှာ ဖြစ်ပါတယ်။ အခြား စားသောက်ဖွယ်ရာတွေကိုလည်း နေ့လယ်စာကို မနက် ၁၁နာရီခွဲကနေ နေ့လယ် ၂နာရီခွဲအထိ၊ ညစာကို ည ၆နာရီခွဲကနေ ၁၀နာရီခွဲအထိ နေ့စဉ် ရရှိနိုင်ပါတယ်။ ဒင်ဆမ်းအမျိုးအစားပေါင်း ၄၇မျိုး ပါဝင်တဲ့ မနက်စာကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မနက် ၈နာရီကနေ ၁၁နာရီအထိ လာရောက်သုံးဆောင်နိုင်ပါတယ်တဲ့။ ကဲ…. မိသားစုနဲ့ပဲ ဖြစ်ဖြစ်၊ ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အစားအသောက် ကောင်းကောင်းလေးတွေ စားဖို့ ဆိုင်ရွေးမယ်ဆိုရင်တော့ ထူးခြားလတ်ဆတ်တဲ့ အရသာသစ်တွေ ရရှိနိုင်တဲ့ Royal Pavilion တရုတ်စားသောက်ဆိုင်ကို MY YANGON က ညွှန်းပေးလိုက်ပါတယ်နော့်။
dim sum 1

Royal Pavilion @ Novotel Yangon Max
အမှတ် ၄၅၉၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ ၂၃၀၅၈၅၈
Read More About Restaurants Here


Read times Last modified on Wednesday, 12 July 2017 10:21
Rate :
(0 votes)

1 comment

  • csgo hacks free
    Comment Link

    It is really a nice and useful piece of info. I am glad that you shared this helpful info with us. Please keep us informed like this. Thanks for sharing.

    Sunday, 20 October 2019 22:56 posted by csgo hacks free
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.