Tuesday, 04 July 2017 08:24

father office
ဒီတစ်ခါမှာတော့ ရန်ကုန်မြို့မှာရှိတဲ့ bar တွေ အများကြီးထဲကမှ ထူးထူးဆန်းဆန်း နာမည်လေးနဲ့ Father's Office ဆိုတဲ့ Bar လေးအကြောင်း ပြောပြချင်ပါတယ်။ ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်၊ ဝန်ကြီးများ ရုံးရှေ့မှာရှိတဲ့ Father's Office ဟာ Bar ဆိုပေမယ့် နေ့လယ် ၁၁နာရီလောက်ကတည်းက စဖွင့်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်လေးက ရိုးရှင်းပြီး မျက်နှာကြက်မှာ မီးအိမ်လေးတွေနဲ့ အလှဆင်ထားပါတယ်။ အစားအစာဆိုရင်လည်း တော်တော်လေးကို စုံစုံ လင်လင်ရပါတယ်။ Lunch Menu အနေနဲ့ နန်းကြီးသုပ်၊ မြင်းခွာရွက်သုပ်တို့အပြင် အခြားဟင်းပွဲတွေလည်း ရနိုင်ပါတယ်။ ဒီဆိုင်ရဲ့ Cocktail တွေကလည်း နာမည်ကြီးပါတယ်။ Alcohol မပါတဲ့ drink တွေအပြင် အခြားရွေးချယ်စရာ Drinks တွေလည်း အများကြီးရှိပါတယ်။
father office1

ဒီဆိုင်မှာ Coffee ကြိုက်တတ်တဲ့ သူတွေအတွက် Expresson Martini ဆိုတဲ့ Coffeeနဲ့ Gin ရဲ့ ပေါင်းစပ်မှုလေးကို ခံစားကြည့်လိုက်ပါနော်။ ညနေ ၅နာရီ ကနေ ည ၈နာရီအတွင်းမှာ happy hour အနေနဲ့ cocktail အားလုံးကို buy one get one promotion ရှိပါတယ်။ ၁၈၀ဝ၀ ကျပ်တန် Heineken တာဝါတစ်တိုင်မှာရင်လည်း အာလူးချောင်းကြော်တစ်ပွဲ Free ပေးပါသေးတယ်။ ဒီ Bar လေးက သောက်စရာတွေအပြင် အရသာရှိလှတဲ့ အစားအစာတွေကြောင့်လည်း နာမည်ကြီးပါတယ်။ Fish and Chip, Burger, Donut တွေအပြင် အခြားအစားအစာတွေလည်း ရနိုင်ပါသေးတယ်။ ဆိုင်ကို နေ့လယ် ၁၁နာရီကနေ ည၁၁နာရီအထိ ဖွင့်လှစ်ထားပါတယ်။
အမှတ် ၂၉၁၊ ဗိုလ်အောင်ကျော်လမ်း၊ ဝန်ကြီးများရုံးရှေ့၊ ကျောက်တံတားမြို့နယ်။ ဖုန်း- ဝ၉ ၄၅၀၂၁၈၀၈၀
သီသီဟန်သောင်း
Read More About Restaurants Here


Read 251 times Last modified on Tuesday, 04 July 2017 08:48
Rate :
(0 votes)

2 comments

  • fathers office
    Comment Link

    Please edited - Expresso martini, there is no 'n' in expresso and made with vodka not gin.

    Thank you

    Wednesday, 05 July 2017 07:19 posted by fathers office
    Report
  • Fathers office
    Comment Link

    Please edited some of it.... Expresso martini there is no 'n' in expresso and also made with vodka not gin.

    Thank you for the review! :)

    Wednesday, 05 July 2017 07:18 posted by Fathers office
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.