ďťż
Monday, 03 July 2017 07:06

NWE darli
ဒီတစ်ပတ်ရဲ့ Celebrity Choice ကဏ္ဍမှာတော့ သရုပ်ဆောင်မော်ဒယ် နွယ်ဒါလီထွန်းရဲ့ လတ်တလော အကြိုက်တွေ့နေတဲ့ ဆိုင်လေးတွေ အကြောင်းကို ဖော်ပြပေးထားပါတယ်။

တိုင်းရင်းသား ရိုးရာစားသောက်ဆိုင်
တိုင်းရင်းသား ရိုးရာစားသောက်ဆိုင်လေးက ဆိုင်နာမည်လေးအတိုင်းပဲ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးက အစားအစာမျိုးစုံကို ရနိုင်ပါတယ်။ နွယ်ဒါလီထွန်းက " တိုင်းရင်းသား ရိုးရာဆိုင်လေးကိုက ရိုးရာအစားအသောက်တွေနဲ့ ဆန်ကောထမင်းကို ကြိုက်လို့ သွားစားဖြစ်တာပါ " လို့ ဆိုပါတယ်။ ဒီဆိုင်လေးက သန့်ရှင်းသပ်ရပ်ပြီး ဆိုင်ရဲ့ အပြင်အဆင်ကိုလည်း ခြင်းလုံးလေးတွေနဲ့ အလှဆင်ထားတာမျိုးတွေကြောင့် အပြင်အဆင်လေးကလည်း ထူးခြားပါတယ်။ ဒီဆိုင်မှာ ရိုးရာအစားအစာမျိုးစုံကို စုံလင်စွာ ရရှိနိုင်ပြီး ဟင်းပွဲတွေ ချက်ပြုတ်တဲ့အခါမှာလည်း အချိုမှုန့်နဲ့ အရောင်တင်မှုန့်တွေ မသုံးစွဲတဲ့အပြင် ဆီနည်းနည်းနဲ့ အရသာရှိအောင် ချက်ပြုတ်ပြင်ဆင်ထားတာမို့လို့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ Delivery Service လည်း ရှိတာကြောင့် အပြင်သွားစရာမလိုဘဲ မှာယူစားသောက်နိုင်မှာပါ။ နိုင်ငံခြားသားဧည့်သည်တွေကို ဖိတ်ကျွေးချင်တာပဲဖြစ်ဖြစ်၊ မိသားစုလိုက် ပွဲလေးလုပ်ချင်တာပဲဖြစ်ဖြစ် Private Room လေးတွေလည်း ရှိတာမို့လို့ တော်တော်လေးကို အဆင်ပြေတဲ့ ဆိုင်လေးတစ်ဆိုင်ပါလို့ MY YANGON ကလည်း ညွှန်းချင်ပါတယ်။ ဆိုင်ရဲ့ ဖုန်းနံပါတ်တွေကတစ်ဆင့် reserve လုပ်လို့ရသလို www.taingyinthar.com.mm မှာလည်း reserve လုပ်လို့ ရပါတယ် ။
အမှတ် - 5/A ၊ မေခလမ်းနှင့် ပါရမီလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်။
ဝ၁၉၆၆၀၇၉၂ ၊ ဝ၉၇၃၂၂၁၇၁၇။
ဆိုင်အမှတ် ၂ - အမှတ် 2/A၊ ကန်ဘဲ့လမ်း၊ ၆ရပ်ကွက်၊ ရန်ကင်းမြို့နယ်။
၀၉၇၈၇၁၅၄၇၉၉၊ ၀၉၇၈၇၁၅၄၈၄၉
taingyinthar

Worker Worker
Worker Worker ဆိုတဲ့ ဆိုင်လေးကလည်း နွယ်ဒါလီထွန်း အခုလတ်တလော သွားစားဖြစ်နေတဲ့ဆိုင်လေးပါတဲ့။ " ဒီဆိုင်ရဲ့ မာလာဟင်း အရသာလေးကိုကြိုက်လို့ပါ။ ပြီးတော့ အခြားအစားအစာလေးတွေလည်း သဘောကျတယ်၊ စား ဖြစ်ပါတယ် " လို့ ပြောပါတယ် ။ Worker Worker ဆိုင်လေးက မာလာရှမ်းကော အပါအဝင် အခြားစင်ကာပူ စတိုင်လ် street food တွေကို အဓိက ရောင်းချတဲ့ ဆိုင်လေးပါ။ ဒီဆိုင်မှာ မာလာဟင်းစပ်စပ်လေးအပြင် Bak Kut Teh လို့ ခေါ်တဲ့ ဝက်နံရိုးစွပ်ပြုတ်လည်း ရောင်းအားကောင်းပါတယ်။ ဒါ့အပြင် ဆန်ပြုတ်နဲ့ အီကြာကွေး၊ ထမင်းကြော်နဲ့ pock chock၊ xo think think လို့ နာမည်ပေးထားတဲ့ ခေါက်ဆွဲဆီချက်၊ ငါးလိပ်ကျောက်ကင်၊ ABC soup တို့ဟာလည်း မြည်းစမ်းသင့်တဲ့ ဟင်းပွဲတွေပါလို့ MY YANGON က ညွှန်းချင်ပါတယ် ။
အမှတ် ၄၅ ၊ B-030 ၊ တော်ဝင်စင်တာ B1၊ ပြည်လမ်း၊ ရန်ကုန်မြို့။                                                       
ဝ၉၇၈၅၄၀၅၅၃၇   
ဆိုင်အမှတ် ၂ - အမှတ် 9D၊ လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ ရန်ကုန်မြို့။
၀၉၇၈၅၈၁၄၁၃၆   
worker                                              

Coffee Heaven by Angel Phoo's Bakery
နွယ်ဒါလီထွန်း ရွေးချယ်ထားတဲ့ နောက်ထပ်ဆိုင်လေးကတော့ လူငယ်တွေကြားမှာ rainbow crepe cake နဲ့ နာမည်ကြီးလာတဲ့ Coffee Heaven by Angel Phoo's Bakery ပဲ ဖြစ်ပါတယ်။ " သူငယ်ချင်းတွေနဲ့အတူ ညနေဘက် တွေမှာ အေးဆေးစကားပြောရင်းနဲ့ ထိုင်လို့ကောင်းလို့ Coffee Heaven by Angel Phoo's Bakery ကို အခုတလောသွားဖြစ်ပါတယ်။ သူ့ဆိုင်ရဲ့ ကော်ဖီနဲ့ မုန့်လေးတွေကို ကြိုက်တယ်။ ဆိုင် Decoration ကိုလည်း သဘောကျတယ် " လို့ နွယ်ဒါလီထွန်းက ပြောပါတယ်။ ဒီကော်ဖီဆိုင်လေးက ချစ်စဖွယ် ဆိုင်အပြင်အဆင်လေးကြောင့် လူငယ်တွေကြားမှာ နာမည်ကြီးပါတယ်။ ဒီဆိုင်ရဲ့ Crepe Cake၊ Macroon နဲ့ အခြားကိတ်လေးတွေလည်း အရမ်းမချိုဘဲ ကိတ်သားနူးညံ့တဲ့အပြင် ချစ်စဖွယ် ပုံစံလေးတွေကြောင့် မစားခင်ဓာတ်ပုံရိုက်ပြီး instagram မှာ တင်ရတာ ဝါသနာပါတဲ့သူတွေ အတွက်တော့ ရှယ်ပဲလေနော့်။ Coffee ၊ Soda၊ Frostino၊ Latte တွေအပြင် အခြား European နဲ့ Thai Cuisine တွေလည်း ရနိုင်ပါသေးတယ်။ အခုလို ဒူးရင်းသီးပေါတဲ့ ရာသီမှာလည်း Durian Pillow Cake ကို Take Away ဝယ်ယူရရှိနိုင်သေးတယ်။ မွေးနေ့တွေ၊ အခြားအထိမ်းအမှတ်ပွဲတွေအတွက် Cake တွေကိုလည်း order မှာလို့ ရပါတယ်။ မိုးအေးအေးလေးမှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း ထိုင်ဆွေးချင်လို့ပဲဖြစ်ဖြစ် ထိုင်လို့လည်းကောင်း၊ အစားအသောက်လေးတွေလည်းကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ပါလို့ MY YANGON ကနေ ညွှန်းပေးလိုက်ပါတယ်နော်။
အမှတ် ၃၉၊ ခတ္တာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဝ၉၂၅၃၀၉၈၂၃၈
coffee heaven
Read More About Restaurants Here



Read 268 times Last modified on Monday, 03 July 2017 08:15
Rate :
(1 Vote)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.