Monday, 03 July 2017 03:46

soup recipe for sweet potator
ဒီတစ်ခေါက်တော့ စားနေကျ မဟုတ်တဲ့ ကန်စွန်းဥဟင်းချိုလေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီဟင်းက အခုလို မိုးအေးအေး ရာသီဥတုနဲ့ လိုက်ဖက်သလို ရာသီမရွေးလည်း စားနိုင်တဲ့ ဟင်းရည်တစ်ခွက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုတာ ရွေးချယ်စားသောက်တဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ အခုလို အာဟာရပြည့်စုံပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတစ်ခွက်ကို အလွယ်တကူ ချက်နိုင်အောင် မိတ်ဆက်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
အခုပြင်ဆင်တဲ့ အညွှန်းက ၄ ယောက်ကနေ ၆ ယောက်လောက် စားနိုင်ပါတယ်။
ကြက်သွန်နီဥကြီး တစ်လုံးကို အတုံးလေးတွေ လှီးပါ။ အခွံခွာထားတဲ့ ကန်စွန်းဥ ၃ လုံးကို အတုံးလေးတွေ တုံးပြီး မုန်လာဥနီလေးဥကိုလည်း အတုံးလေးတွေ တုံးထားပါ။ အရိုးပြုတ်ရည် ၁ လီတာလောက်ကို အသင့်ပြင်ထားပါ။ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ ဆားနဲ့ ငရုတ်ကောင်းတို့ကိုလည်း စားနိုင်မယ့် အစပ်အဟပ်အတွက် ပြင်ဆင်ထားပါ။
ချက်ပြုတ်ပုံ
ကြက်သွန်နီ လှီးထားတာတွေနဲ့ ငရုတ်သီးမှုန့်တို့ကို ဟင်းရည်ချက်မယ့် အိုးထဲမှာ အရင်ဆုံး ဆီသတ်လိုက်ပါ။ ပြီးသွားရင် ကန်စွန်းဥနဲ့ မုန်လာဥနီ လှီးထားတာလေးတွေကိုပါ ထည့်လှိမ့်ပါ။ ပြီးရင်တော့ အရိုးပြုတ်ရည် ထည့်ပါ။ အဲဒီနောက် အိုးကို အဖုံးအုပ်ပြီး မီးအေးအေးနဲ့ ကန်စွန်းဥတွေ၊ မုန်လာဥတွေ နူးသွားတဲ့ အထိ ဆူပါစေ။ အဲဒီနောက် အမွှေးအကြိုင်နဲ့ ဆား၊ ငရုတ်ကောင်း စိတ်ကြိုက်ခတ်ပြီးရင်တော့ အသင့်စားနိုင်ပါပြီ။
နေလင်း
Read More About Recipe Here


Read times Last modified on Monday, 03 July 2017 03:54
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.