Friday, 23 June 2017 10:09

san tofu
ဆန်တိုဟူး (ခေါက်လျန့်ဖွန်း) ကျိုနည်း

ဆန်အမာမျိုး တစ်ပြည်ဆိုရင် အရင်က ကွမ်းယာထည့်တဲ့ ၊ ထုံးအထုပ်လေးတထုပ် နည်းနည်းလျော့သုံးရပါမယ်။ ထုံးအထည့် မတတ်ရင်တော့ အဆင်မပြေပါဘူး။ ဆန်အမာ ၁ဘူးကို ရေဆေးပြီး ပွလာအောင် ၅နာရီလောက် စိမ်ထားရပါမယ်။ ဖြစ်နိုင်ရင် ညကတည်းက စိမ်ထားတာ ပိုကောင်းပါတယ်။ မနက်ရောက်ပြီဆို စိမ်ထားတဲ့ ဆန်ကို ရေစစ်၊ ထုံးကို ဆန်အနည်းအများအပေါ် မူတည်ပြီး ရေကျဲကျဲ ဖျော်ပါ။ စစ်ထားတဲ့ ဆန်ကို ရေနည်းနည်းထည့်ပြီး Blander နဲ့ ကြိတ်ပါ။ နောက်ပြီး ဖျော်ထားတဲ့ ထုံးနဲ့ ရောပြီး ကျိုပါ။ ကျိုတဲ့အခါ ယောက်မနဲ့ အဆက်မပြတ် မွှေပေးဖို့ လိုပါတယ်။ ဆူပြီးပျစ်ရင် စတီးခွက် ၊ ပန်းကန်စောက်နက်တဲ့အထဲ ထည့်ပြီး အအေးခံပါ။
san tofu2

သုပ်နည်း
ကြက်သွန်ဖြူကို ထောင်းပြီး တစ်ဝက်ကို ဆီသတ်ပါ။ ကျန်တစ်ဝက်ကို ပဲဆီမွှေးမွှေးလေး ထည့်ပြီး နံနံပင်၊ ချင်းတို့ကို တောက်တောက်စင်းထားတဲ့ အရည်နည်းနည်းနဲ့ ရောပါ။ ငရုတ်သီးအခြောက်တောင့်ကိုလည်း ဆီသတ်ထားပါဦးနော်။ ဆီတိုဟူးကိုကြော်ပြီး ရေကျက်အေးနည်းနည်းနဲ့ မပျစ်မကျဲလေး ဖျော်ထားဖို့လည်း လိုပါတယ်။ ဆန်တိုဟူးသုပ်အတွက် အချဉ်ရည်ကိုတော့ ဆူရည် ခေါ် နမ့်ဆူ၊ မန်ကျည်းသီးစိမ်းအရည်၊ မုန်ညင်းစိမ်းချဉ်အရည်၊ မက်လင်ခြောက်ကို စိမ်ထားတဲ့ အရည်တို့ကို သုံးနိုင်ပြီး ရှာလကာရည်ကိုလည်း သုံးနိုင်ပါတယ်။ ကျိုထားတဲ့ ဆန်တိုဟူးထဲကို ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက်၊ ဆီတိုဟူးကြော်၊ မြေပဲဆံလှော်ထောင်း၊ နှမ်းလှော်ထောင်း၊ အချဉ်ရည်၊ ဆား၊ ဟင်းခတ်မှုန့်တို့ ထည့်ပြီး သုပ်လိုက်ရင်တော့ အရသာရှိတဲ့ ဆန်တိုဟူးသုပ်ကို သုံးဆောင်နိုင်ပါပြီ။
san tofu 1

Credit: Nang Thanda Oo
Read More About Recipe Here


Read times Last modified on Friday, 23 June 2017 10:22
Rate :
(0 votes)

1 comment

  • hypixel skyblock hacks
    Comment Link

    Whats up are using Wordpress for your site platform? I'm new to the blog world but I'm trying to get started and set up my own. Do you need any coding knowledge to make your own blog? Any help would be really appreciated!

    Thursday, 15 August 2019 18:25 posted by hypixel skyblock hacks
    Report

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.