Tuesday, 20 June 2017 03:45

chicken kyouk nyin
ကြက်ကောက်ညှင်းအတွက် ကောက်ညှင်းဆန် ၂ခွက် (ထမင်းအိုး ဆန်ချိန်ခွက်) ကို ညကတည်းက ရေစိမ်ထားပါ။ မနက်မှာ ရေစစ်လို့ ပဲငံပြာရည် အနောက်ကို စားပွဲဇွန်းတစ်ဇွန်းစာ၊ ခရုဆီ စားပွဲတင်ဇွန်းတစ်ဇွန်း၊ နှမ်းဆီမွှေး စားပွဲဇွန်းတစ်ဇွန်းစာ၊ ဆန်ဝိုင် စားပွဲဇွန်းတစ်ဇွန်းစာတို့ကို နှံ့အောင် နယ်ပြီး မိနစ် ၂၀ခန့် နှပ်ထားပါ။

၁။ ကြက်ရင်အုံသား ၁၀ gm ခန့်ကို ခပ်သေးသေး တုံးထားပါ။
၂။ တရုပ်မှို အမဲ ၃ခုခန့်ကို ညကတည်းက ရေစိမ်လို့ မနက်မှာ ခပ်ပါးပါးလှီးထားပါ။
၃။ ဝက်အူချောင်း ၁ချောင်းကို ရေနွေးမှာ ခဏစိမ်ပါ။ အနည်းငယ် ပွတက်လာပါက ဝက်အူချောင်း လုပ်ထားတဲ့အိတ်ကို အလွယ်တကူ ခွာထုတ်နိုင်ပါမယ်။ ခွာပြီးရင် ခပ်စောင်းစောင်းလေး လှီးထားပါ။
၎။ ဂျင်း ၁ ပြားကို ရှည်ရှည်ပါးပါး လှီးထားပါ။
အထက်ပါ ၁ မှ ၄ အားလုံးနဲ့ အတူ ပုဇွန်ခြောက်နည်းနည်းကို ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းတစ်ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်းတစ်ဇွန်း၊ နှမ်းဆီမွှေး စားပွဲတင်ဇွန်းတစ်ဇွန်း၊ ငရုပ်ကောင်း စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပြောင်းမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းတို့နဲ့ သေချာစွာ ရောနယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။ ဆားဘဲဥ ၁လုံးကို ပြုတ်ထားပါ။ ပြီး ၄စိတ်ခန့် စိတ်ထားပါ။ ဒယ်အိုးထဲ ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းစာ ထည့်ပါ။ ထုပြီး သေးသေးလှီးထားသော ကြက်သွန်ဖြူ ၂ မွှာကို မွှေးလာတဲ့အထိ ဆီသတ်ပါ။ ပြီးရင် နယ်ထားတဲ့ ကောက်ညှင်းတွေကို ထည့်လို့ ၃မိနစ်ခန့် မွှေပါ။ အဲဒီနောက် ရေနွေး ပန်းကန်လုံးတစ်လုံးနဲ့ လေးပုံတစ်ပုံစာ ထည့်လို့ မွှေပြီး အိုးအဖုံး အုပ် အနည်းဆုံး မီးနဲ့ တည်ထားပါ။
ပေါင်းအိုး အောက်ဆင့်မှာ ရေ ၄ပုံ၁ပုံခန့် ထည့်လို့ ဆူအောင် medium heat နဲ့ တည်ထားပါ။ ကောက်ညှင်းမှာ ရေလုံးဝခန်းသွားတာနဲ့ ပေါင်းမယ့် ပန်းကန်လုံးတွေထဲကို ကြက်သား နယ်ထားတဲ့အရောမှ အရာတွေကို စုံအောင် နည်းနည်းစီ ထည့်ပါ။  ဆားဘဲဥ တစ်စိတ်စီ ထည့်ပါ။ ကောက်ညှင်းကို အပေါ်ကနေ အနည်းငယ်ဖိလို့ ထည့်ပါ။ အဲဒီပန်းကန်လုံးတွေကို ပေါင်းအိုးအပေါ်ဆင့်မှာ ထည့်လို့ မိနစ် ၂၀ခန့် ပေါင်းပါ။ စားခါနီးမှာ ပန်းကန်လုံးကို ထုတ်လို့ ဘေးပတ်လည်ကို ဓားဦးချွန်နဲ့ ပတ်ဝိုင်းပြီး ပန်းကန်ပြားထဲသို့ မှောက်ချလိုက်ပါ။ ကောက် ညှင်းလုံးပေါ်မှာ ကြက်သွန်မြိတ် အနည်းငယ် ဖြူးပြီး နှစ်သက်ရာအချဉ်ရည်နဲ့ တွဲစားနိုင်ပါပြီ။
အသားကို နှစ်သက်သလောက်သာ ထည့်ပါ။ ကောက်ညှင်းဆန် ၂ခွက်က ပန်းကန် ၅လုံးခန့် ရပါတယ်နော်။
By Aye Cooking
Read More About Recipe Here


Read 290 times Last modified on Wednesday, 21 June 2017 03:56
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.