Monday, 19 June 2017 07:55

Monora
Manora က ဥရောပနဲ့ ထိုင်းအစားအစာရတဲ့ စားသောက်ဆိုင်လေးပါ။ ဆိုင်အပြင်အဆင်က သပ်ရပ်သန့်ရှင်းပြီး ရှေးဟောင်းယိုးဒယား ယဉ်ကျေးမှုအကကို ပုံဖော်ထားတဲ့ အရုပ်များနဲ့ တန်ဆာဆင်ယင်ထားပါတယ်။ Manora မှာဆိုရင် အဓိက ဟင်းလျာအနေနဲ့ ဝက်မိုးခိုသား ဘေကွန်ပတ်ကြော်၊ ဩစတြေးလျ အမဲသားစတိတ်၊ ပင်လယ်စာအစုံ Seafood ဆော့စ်၊ ငါးဆီဖောင်းပြည်ကြီးငါးခြောက်သုပ်၊ ဆလပ်မျိုးစုံ၊ မနိုရာ ပုဇွန်ကဏန်းဆုပ်ကြော် အစရှိတဲ့ ဟင်းလျာတွေက စားသုံးသူတွေ ကြိုက်နှစ်သက်မှာပါ။ ဥရောပ အစားအစာတွေအနေနဲ့ smoked salmon pizza၊ Pizza Cabonara၊ ချိစ်ဝက်သားကင်၊ အီတလီ ခေါက်ဆွဲမျိုးစုံ၊ ချိစ် ခရမ်းချဉ်သီးအနှစ် ပေါင်မုန့်ကင်၊ ဟင်းနုနွယ်ချိစ်ခရင်မ်တို့အပြင် အခြားအစားအစာ အစုံအလင်လည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် bar မှာ ကော့တေး၊ မောတေး၊ ရာသီပေါ်သီးနှံဖျော်ရည်နဲ့ Milk Shake မျိုးစုံတို့ကို သောက်သုံးနိုင်ပြီး ထိုင်းစတိုင်လ် ရေခဲမုန့်များကိုလည်း မှာယူရရှိနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ အနည်းဆုံး ကျပ် ၃၀ဝ၀မှ အများဆုံး ကျပ် ၁၅၀ဝ၀ အထိ ကျသင့်မှာဖြစ်ပြီး နံနက် ၁၀နာရီမှ ည ၉ နာရီထိ  ဖွင့်လှစ်ထားပါတယ်။
Monana1

အမှတ်(ဝ၅၊၅၀၃)၊ Junction City၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်
ဖုန်း-ဝ၉ ၇၉၉၇၉၉၉၂၉၊ဝ၉ ၇၉၉၇၉၉၉၃၉
Read More About Restaurants Here


Read times Last modified on Monday, 19 June 2017 08:31
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.