Sunday, 18 June 2017 07:33

chilli pot1
ဒီရက်ပိုင်းမှာ မိုးလေးလည်း ခပ်စိပ်စိပ်ရွာနေပြီဆိုတော့  မိုးအေးအေးလေးနဲ့ လိုက်ဖက်တဲ့ ရှုးရှဲရှုးရှဲ မာလာရှမ်းကောရနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆိုင်နာမည်လေးက Chilli Pot ပဲ ဖြစ်ပါတယ်။ Chilli Pot မှာဆိုရင် မာလာရှမ်းကော နဲ့ စီချွမ်စတိုင်လ်ဟင်းတွေကို အဓိကရရှိနိုင်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်လေးက သပ်ရပ်သန့်ရှင်းပြီး မိသားစုတွေ ၊ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး စကားပြောရင်း စားသောက်နိုင်အောင် ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ ဆိုင်မှာ အဓိကရနိုင်တဲ့ မာလာရှမ်းကောလေးအကြောင်း အရင်ပြောပြချင်ပါတယ်။ ပင်လယ်စာ၊ အသား၊ အသားလုံး၊ အသီးအရွက်၊ မှို မျိုးစုံ၊ ခေါက်ဆွဲ ဆိုပြီး အမျိုးအစားစုံလင်အောင်ရှိပြီး ကိုယ်ကြိုက်တာတွေကို ဂရမ်နဲ့ချိန်ပြီး ကိုယ်ကြိုက်နှစ်သက်သလို အရသာမျိုးနဲ့ မှာယူစားသောက်လို့ ရပါတယ်။ အရသာမှာလည်း မာလာဆိုတဲ့အတိုင်း ရှုးရှုးရှဲရှဲ ပူပူစပ်စပ် ထုံထုံလေးပေါ့နော်။
chilli pot
ဒါပေမယ့် အစပ်မစားနိုင်တဲ့သူတွေလည်း စိတ်မပူပါနဲ့။ Chilli Pot မှာ ဟင်းလျာအရသာကို Spicy နဲ့ Extra Spicy ဆိုပြီး ရွေးချယ်မှာယူလို့ ရပါတယ် ။  အခြားဟင်းလျာတွေအနေနဲ့ ပင်လယ်စာမာလာချက်၊ စီချွမ်စတိုင်လ်ငါးကင်၊ စီချွမ်ကြံမဆိုင်ငါးဟင်းရည်နဲ့ ရာသီပေါ် အသီးဖျော်ရည်အမျိုးမျိုးကိုလည်း ရရှိနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ စွမ်းမေရည်လို့ ခေါ်တဲ့ မက်မွန်သီးအအေးကို တစ်ခွက်ချင်း မှာယူလို့ရသလို jar နဲ့လည်း မှာယူလို့ ရနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့လည်း မာလာရှမ်းကောဆိုရင် ကိုယ်စားနိုင်သလောက် ပမာဏ အလိုက် တွက်ယူတာဖြစ်ပြီး အခြားဟင်းပွဲတွေကတော့ ၁၀ဝ၀ဝ ကျပ်ဝန်းကျင်ခန့် ကျသင့်ပါတယ်။

Chilli Pot ဟာ အမှတ် ၂၃၊ နဝဒေးလမ်း၊ ဒဂုံမြို့ နယ် မှာ ရှိပြီးတော့ နေ့စဉ် နံနက် ၁၁ နာရီကနေ ည ၉နာရီခွဲအထိ ဖွင့်လှစ်ထားပါတယ်။
chilli pot2

Read More About Restaurants Here


Read 340 times Last modified on Monday, 19 June 2017 09:39
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.