Monday, 19 June 2017 05:13

kyouk nyin
ကောက်ညင်းငချိတ်ဆို မြန်မာတိုင်းလိုလို သိမှာပါ။ ကောက်ညင်းငချိတ်ပေါင်း အိအိလေးကို နှမ်းထောင်းလေးနဲ့ အုန်းသီးနုနုလေး များများဖြူးကာ ငါးရံ့ခြောက် ဆီစိမ်ရွရွလေးနဲ့ စားလိုက်ရရင်ကို မြန်မာတို့ ကြိုက်တဲ့ မနက်စာတစ်မယ် မဟုတ်လား။

အရသာကောင်းတဲ့ ကောက်ညင်းငချိတ်မှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ကောက်ညင်းငချိတ်ပန်းကန် တစ်ဝက်စာမှာ ကယ်လိုရီ ၁၆၀၊ အဆီ ၁.၅ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၄ ဂရမ်၊ အမျှင်ဓာတ် ၂ ဂရမ်၊ ပရိုတင်း ၅ ဂရမ်၊ သံဓာတ် ၄% ပါဝင်ပါသတဲ့။
ကောက်ညင်းငချိတ်မှာ Antioxidants တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်ပေးသလို ကိုယ်တွင်း ရောင်ရမ်းမှုကိုလည်း လျော့ကျစေပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းစေတယ်။ သွေးတွင်းကိုလက်စထရောနဲ့ အဆီတွေကို လျှော့ချပေးလို့ နှလုံးသွေးကြောရောဂါတွေ မဖြစ်စေပါဘူး။ လေဖြတ်တာကိုလည်း ဖြစ်နှုန်းလျော့ကျစေပါသတဲ့။
ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ပေးတယ်။ အစာခြေစနစ်ကို အားကောင်းစေတယ်။ အသည်းနဲ့ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိသလို အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ကိုယ်အလေးချိန် ထိန်းလိုသူတွေအတွက်ကတော့ အကောင်းဆုံးdietပေါ့။                                                                                                 
Azure
Read More About Restaurants Here


Read 268 times Last modified on Monday, 19 June 2017 06:51
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.