Monday, 19 June 2017 04:58

moe lin moe choke
Example အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖြိုးမောင်မောင်က မိုးလင်းမိုးချုပ်ဆိုတဲ့ စားသောက်ဆိုင်လေးကို ကန်ရိပ်သာလမ်းမှာ မေလ ၁၉ ကစပြီး  ဖွင့်လှစ်လိုက်ပါပြီ။ ဆိုင်မှာ အစားအသောက်ပိုင်းနဲ့ ပတ်သက်ပြီး ဖြိုးမောင်မောင်က "၂၄နာရီ ဖွင့်မယ့်ဆိုင်ဆိုတော့ ဆိုင်နာမည်ကို 'မိုးလင်းမိုးချုပ်'ဆိုပြီး နာမည်ပေး ဖြစ်သွားတယ်။ မနက်စာအတွက် မုန့်ဟင်းခါး၊ နို့စိမ်းခေါက်ဆွဲ၊ နန်းကြီးသုပ်၊ နန်းပြားသုပ် အစရှိတဲ့ မနက်စာတွေပေါ့။ နေ့လယ်က မြန်မာထမင်းဟင်းလေးတွေ ကျွန်တော် ယောက္ခမချက်တာ။ ကြက်၊ ဝက်၊ ဆိတ်၊ ငါးဟင်းက တစ်မျိုးစီလောက်ပဲ အရမ်းမများဘူး။ ညဆို ထမင်းကြော် ဝက်ချို၊ ဝက်ပေါင်း၊ သင်ပေါင်းပိုး အစရှိတာလေးတွေ မုန့်ဟင်းခါး၊ နို့စိမ်းခေါက်ဆွဲ စတာတွေက မနက် ၄နာရီလောက်အထိ ရမယ်။ ပြီးရင် တစ်နာရီလောက် ဆိုင်သန့်ရှင်းရေးလုပ်ပြီး ပြန်ဖွင့်မယ်။ ဒီဆိုင်လေးကို Familyပိုင်းလို ဆို တော့ လုပ်ရတာ အရမ်းအဆင်ပြေတယ်။ item အရမ်းမများဘဲ သေချာလေးလုပ်ထားပါတယ်။ ဆိုင်အပြင်အဆင်ကအစ ကိုယ်စိတ်တိုင်းကျ စီစဉ်ထားတာပါ" လို့ ပြောပါတယ်။ အစားအသောက်အပြင် ကော်ဖီကောင်းကောင်းကြိုက်သူတွေအတွက် မိမိကိုယ်တိုင် selfie ပုံလေး ရိုက်ပြီး ကော်ဖီမှာ ပုံရိပ်လေးနဲ့ သောက်သုံးနိုင်တာကလည်း ထူးထူးခြားခြားပဲနော်။ သွားရောက်မယ့်သူတွေ အတွက် လိပ်စာလေးကတော့ ကန်ရိပ်သာထိပ်နားတင်ပါပဲတဲ့။
moe lin moe choke1
Read More About Restaurants Here


Read times Last modified on Monday, 19 June 2017 09:42
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.