Friday, 16 June 2017 07:05

ASton 01 
Astons စားသောက်ဆိုင်က ယူရိုပီယမ် အစားအစာ တစ်မျိုးတည်းကိုပဲ အဓိကရောင်းပေးတဲ့ ဆိုင်ဖြစ်ပါတယ်။ ဆိုင်ပုံစံကိုလည်း ဥရောပမှာရှိတဲ့ စားသောက်ဆိုင်ပုံစံလေး ပြင်ဆင်ထားပါတယ်။ Astons မှာတော့ အရသာအမျိုးမျိုး ခံစားရမယ့် အမဲသားဘီးစတိတ်အပြင် ငရုတ်ကောင်းဝက်နံရိုးကင်၊ ကြက်ကင် လီမွန်၊ barbecue၊ တိုင်ရာကီ၊ ကြက်စတိတ်၊ စပါကတီ၊ ဆယ်လ်မွန်ကင်၊ ဟမ်ဘာဂါ၊ ကြက်သွန်ကွင်းကြော်၊ ဝက်ပေါင်ခြောက်၊ အမဲသားဆလတ်မရိုနိစ်တွေလည်း ရရှိနိုင်ပါသေးတယ်။ အပူအအေး မစ်ရှိတ် စသဖြင့်လည်း ရနိုင်ပါတယ်။ Astons က ဥရောပစတိုင် ဖြစ်တာကြောင့် နိုင်ငံတကာအဆင့်မီ ပြုလုပ်ထားတဲ့ bar မှာလည်း ကော့တေး၊ မော့တေး၊ အကောင်းစားဝိုင်နဲ့ ဘီယာမျိုးစုံကို ရရှိနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ အနည်းဆုံး ကျပ် ၄၅၀ဝ ကနေစပြီး မှာယူမှုအလိုက် ကျသင့်မှာပါ။ ဆိုင်ဖွင့်ချိန်က နံနက် ၁၀ နာရီမှည ၉နာရီ အထိ ဖြစ်ပါတယ်။
Astons စားသောက်ဆိုင်

အမှတ်(၅၀၆၊ဘီ)၊ Junction City
ဖုန်း-ဝ၉ ၄၂၅၈၀၈၀၄၀
စုစုခိုင်မျိုး
Read More About Restaurants Here


Read times Last modified on Friday, 16 June 2017 08:00
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.